မိုဆာလားသာ လီဗာပူးကနေ ထွက်ခွာမယ်ဆိုရင် သူ့အတွက် ရွေးချယ်စရာ option 2 ခုပဲ ရှိတယ်လို့ ဆိုလိုက်တဲ့ အို၀င်

လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အို၀င်က မိုဟာမက်ဆာလား အနေနဲ့ လီဗာပူး ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင် သူ့အနေနဲ့ မန်စီးတီးကို သွားမလား ဒါမှမဟုတ် လီဗာပူးထက် နိမ့်တဲ့ အသင်းမှာ သွားကစားမလား ဆိုတဲ့ option တွေသာ ရှိတယ်လို့ သုံးသပ်လ်ိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ လာမည့် ၂၀၂၃ ခုနှစ်မှာ လီဗာပူး နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဆာလားက သူ့အနေနဲ့ လီဗာပူးမှာ ဆက်ရှိချင်တယ်လို့ ပြောလိုက်ပေမယ့် သူ့ရဲ့ အနာဂတ်ဟာ လီဗာပူးရဲ့ လက်ထဲမှာ ရှိတယ်လို့ ဆိုထားခဲ့ပေမယ့် မကြာသေးမီကတော့ ယာဂန်ကလော့က စာချုပ်သက်တမ်း တိုးမတိုး ဆိုတာ မိုရဲ့ ဆုံးဖြတ်ချက် အပေါ်ပဲ မူတည်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ ဒ့ါကြောင့် လက်ရှိ အနေအထား အရ နှစ်ဘက်စလုံး ညှိနှိုင်းမရသေးဘဲ စာချုပ်သစ်နဲ့ ပက်သက်ပြီး တိုးတက်မှု မရှိတဲ့ အခြေအနေ ဖြစ်နေပါတယ်။

အို၀င်က “အကယ်၍ မိုဆာလား အနေနဲ့ လီဗာပူးနဲ့ စာချုပ်သစ် မချုပ်ဆိုခဲ့ဘူးဆိုရင် ကျွန်တော် တအားကို အံ့အားသင့်မိမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ သူ့အတွက် ဘာတွေ ရွေးချယ်စရာ ရှိနေလို့လဲ? သူ့အနေနဲ့ လီဗာပူးရဲ့ ပြိုင်ဘက် မန်စီးတီးကို ပြောင်းရွေ့တာ ဒါမှမဟုတ် လီဗာပူးထက် နိမ့်တဲ့ အသင်းကို ပြောင်းတာပဲ လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအချိန်မှာ ဒီနှစ်သင်းလောက် ကောင်းတဲ့ အသင်း ကမ္ဘာပေါ်မှာ မရှိလို့ ဖြစ်ပါတယ်။

သူ့ကို အချိန်ပေးလိုက်ပါ။ ဘာလို့လဲဆိုတော့ ဒီလို ကိစ္စတွေဟာ နေ့ချင်းညချင်း မဖြစ်ပေါ်တက်လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြောနေတာဟာ ကမ္ဘာ့ အကြီးကြယ်ဆုံး ကလပ်တွေထဲက တစ်ခု နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး အကြောင်း ဖြစ်ပါတယ်။ ဒီကစားသမားဟာ သူ့ဘ၀ရဲ့ အကြီးကြယ်ဆုံး စာချုပ်ကို ချုပ်ဆိုဖို့ လုပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အရာအားလုံးဟာ သာမန်အခြေအနေပဲလို့ ထင်ပါတယ်။ ဒီညှိနှိုင်းမှုတွေဟာ ထင်ထားတာထက် အနည်းငယ် ကြာနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆာလားဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရိုးမား ကနေ လီဗာပူးကို ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး ပွဲပေါင်း ၂၃၉ မှာ ၁၅၃ ဂိုး သွင်းယူထားခဲ့ပြီး ဖြစ်ကာ အန်ဖီးကလပ်နဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံလိဂ် လိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား ယူအီးအက်ဖ်အေစူပါဖလား တို့ကို ဆွတ်ခူးထားပြီး ဖြစ်ပါတယ်။

ဆက်လက်ပြီး အို၀င်က “ခင်ဗျား အနေနဲ့ ကစားသမားကို သူလိုချင်တာ ပေးလို့ မရပါဘူး။ ဒီလို လုပ်လိုက်မယ်ဆိုရင် ဘောလုံးလောကကြီး တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားမှာပါ။ လီဗာပူး အနေနဲ့ ဒီလို လုပ်လိုက်မယ်ဆိုရင် ဒေဝါလီ ခံသွားရမှာပါ။ ကစားသမားကို သူလိုချင်တဲ့ အတိုင်း ပေးလိုက်လို့ မရပါဘူး။ အကယ်၍ ဒီလို လုပ်လိုက်မယ်ဆိုရင် အသင်းမှာ ရှိတဲ့ ကျန်ကစားသမားတွေ ကလည်း ကလော့ရဲ့ ရုံးခန်းတံခါးကို ခေါက်ပြီး ကျွန်တော်လည်း ဒီလို ရသင့်တယ် ဆိုပြီး တောင်းဆိုနေကြမှာပါ။ ဒီလိုသာ ဆိုရင် ပြီးခဲ့တဲ့နှစ်တွေ အတွင်း တည်ဆောက်လာခဲ့တဲ့ ကောင်းမွန်တဲ့ structure တစ်ခုလုံးဟာ ပျက်စီးသွားလိမ့်မယ်။

လီဗာပူးဟာ အရာရာကို ချိန်ဆပြီး လုပ်တက်တဲ့အသင်းပါ။ ဆာလားနဲ့ သူ့ရဲ့ အေးဂျင့် တို့အနေနဲ့ ဒါကို ကောင်းကောင်း နားလည်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဓိကက နှစ်ဘက် ကြားချတက်ဖို့ပါ။ ဒါကို အမြန်ဆုံး အဖြေရှာတွေ့လိမ့်မယ်လို့ ထင်ပါတယ်။ မိုဆာလား အနေနဲ့ အနာဂတ်မှာ အောင်မြင်နိုင်မယ့် အခွင့်အရေးကို စဉ်းစား သွားရမှာ ဖြစ်ပါတယ်။ အကယ်၍ သူ ဒီအပိုင်းကို စဉ်းစားသွားမယ် ဆိုရင် လီဗာပူးဟာ အကိုက်ညီဆုံးပါ။ အခုက ငွေရေးကြေးရေးပိုင်းမှာ သူတို့ လိုချင်တာနဲ့ ကိုက်ညီ မလား ဆိုတာ ပါပဲ။”

SM