မိုဆာလာထက် မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်ယူစေချင်တဲ့ ကစားသမား 2 ဦး အမည်ကို ပြောပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က အခွင့်အရေးသာ ရှိမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ဆာလာထက် ကိုင်လီယံ မက်ဘာပေ (သို့) အားလင်း ဟားလန််း တို့ကိုသာ ဦးစားပေး အဖြစ်နဲ့ ခေါ်ယူစေလိုကြောင်း ထုတ််ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

ကိုင်လီလံ အမ်ဘာပေဟာ PSG အသင်းဆီ မရောက်ခင်ကတည်းက ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရသူ ဖြစ်ပြီး နှစ်စဥ် ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့သလို ဒီနှစ်မှာလည်း PSGအသင်းအတွက် အထူးပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့်လည်း စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အပါအဝင်် ဥရောပ ထိပ်သီး ကလပ်တိုင်းက သူ့ကို လိုချင်နေကြတာပဲ ဖြစ်ပါတယ် ။ အခြားတဖက်မှာတော့ ဟာလန်း ကလည်း ဂိုးသွင်းစက် ဖြစ်ကြောင်း သက်သေ ပြထားနိုင်ခဲ့တဲ့ အတွက် ဥရောပ ထိပ်သီး ကလပ်တိုင်းက သူ့ကို လိုချင််နေခဲ့ကြပါတယ် ။

အခြားတဖက်မှာတော့ မိုဟာမက် ဆာလာဟာလည်း လီဗာ့ပူး အသင်းမှာ နှစ်စဥ် အထူးပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပြီး ကာလအတော်ကြာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် ဖလား ၊ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးပေးရေးမှာ အရေးပါသူ ဖြစ်နိုင်ခဲ့ပါတယ် ။

ဒါ့​ကြောင့် လက်ရှိခြေစွမ်းအရ အသင်းတိုင်းက ဒီလိုမျိုး ကစားသမားတွေကို အသင်းမှာ ပိုင်ဆိုင်လိုကြတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီလို ကစားသမားမျိုးကို ရရှိနိုင်ဖို့ အတွက် ထင်သလောက် မလွယ်ကူတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် ကတော့ သူသာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် စိတ်ကြိုက် ခေါ်ယူခွင့် ရရှိမယ်ဆိုရင် ဆာလာထက် အမ်ဘာပေ ၊ ဟာလန်း တို့ကိုသာ ဦးစားပေးအဖြစ် ခေါ်ယူသွားမှာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဒီရာသီ အစောပိုင်း အချိန် အချို့မှာတော့ ဆာလာဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဆိုတဲ့ level တစ်ခုမှာ ရှိနေခဲ့ပါတယ် ။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦးလည်း ဆက်လက် ဖြစ်နိုင်ခွင့် ရှိနေပါသေးတယ် ”

” ဒါပေမဲ့ မနက်ဖြန် ကျွန်တော်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားသမား တစ်ဦး ခေါ်ယူနိုင်ခွင့်ရှိနေတယ်လို့ ခင်ဗျားက လာပြောမယ်ဆိုရင် ကျွန်တော်ဟာ ဆာလာထက် ပိုပြီး အမ်ဘာပေ (သို့မဟုတ်) ဟာလန််း တို့ကိုပဲ ဦးစားပေး အဖြစ် ရွေးချယ်ဖြစ်မှာပါ ”

” သူက လီဗာပူး ကစားသမားမို့ ဒီလို ပြောတာမျိုး မဟုတ််ပါဘူး ။ ဆာလာ က တကယ့် amazing ကစားသမားမျိုးပဲလို့ ကျွန်တော် တွေးပါတယ် ။ ဒါပေမဲ့ အမ်ဘာပေ က ဒီကမ္ဘာက မဟုတ်တဲ့ ကစားသမားတစ်ဦးလိုမျိုး အရည််အသွေးတွေကို ပိုင်ဆိုင်ထားပါတယ် ”

” ဆာလာ က world class ကစားသမားဆိုတာ သံသယ ဖြစ်စရာ အကြောင်းကို မရှိပါဘူး ။ ဒါပေမဲ့ အက်ဘာပေ က ခြားနားတဲ့ အရာအချို့ကို ပိုင်ဆိုင်ထားပါတယ် ။ သူဟာ ကောင်းမွန်တဲ့ အရာတွေ ပိုင်ဆိုင်ထားသူပါ ။ သူဟာ ခမ်းနားတဲ့ ကစားသမား တစ်ဦး ဖြစ်လာပါလိမ့်မယ် ” လို့ နဗီးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

  • #Sports_Myanmar