မိုဆာလာထက် ပိုပြီး လစာကောင်းကြတဲ့ ပရီးမီးယားလိဂ် ကစားသမား 13 ဦး

ဒီနှစ် ဘောလုံး ရာသီမှာတော့ လီဗာပူး အသင်းမှာ ထွက်ပေါ်နေခဲ့တဲ့ အကြီးမားဆုံးသော မေးခွန်း တစ်ခုက ဂိုးတွေ ပွဲတိုင်းနီးပါး သွင်းယူနေခဲ့တဲ့ ၊ အားထားရတဲ့ တောင်ပံ တိုက််စစ် ကစားသမား မိုဆာလာ စာချုပ် သက်တမ်း တိုးပါ့မလား ? ဆိုတာပါပဲ ။

မိုဆာလာ ဆိုတာ ဒီနှစ်မှာတော့ ကစားသမား ဘဝရဲ့ အကောင််းဆုံးသော ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင်နေခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် သူဟာ အခုထက် ပိုကောင်းတဲ့ လစာငွေကို အလိုရှိနေတယ်လို့ သတင်းတွေ ထွက်နေခဲ့ပါတယ် ။

မကြာသေးခင်က Romano ပြောခဲ့တဲ့ သတင်းတွေအရတော့ လီဗာပူး အသင်းဟာ ဆာလာကို အသင်းရဲ့ ဝင်ငွေ အကောင်းဆုံး ကစားသမား ဖြစ်အောင် လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိခဲ့ရပါသေးတယ် ။ ဒါပေမဲ့ သူတို့တွေရဲ့ ကမ်းလှမ်းမှုက မက်မောစရာ မဖြစ်ခဲ့ရပါဘူး ။

” သူတို့တွေဟာ ဆာလာကို အသင်းရဲ့ လစာငွေ အကောင််းဆုံး ကစားသမား ဖြစ်စေလိုနေခဲ့ကြပါတယ် ။ ဒါပေမဲ့ ရူးသွပ်ဖွယ်ကောင်းတဲ့ လစာငွေ ပမာဏမျိုးတော့ မဟုတ်ခဲ့ရပါဘူး ။ ဒါကို ဆာလာ ဖက်ကလည်း လက်သင့် မခံခဲ့ပါဘူး ”

” ဘာဖြစ်လို့လဲဆိုတော့ ပရီးမီးယားလိဂ်မှာတင် မဟုတ်ပါဘူး ၊ အခြားနိုင်ငံ ၊ အခြား အသင်းတွေကို ကြည့်လိုက်မယ် ၊ မန်စီးတီးတွင် မဟုတ်ဘူး၊ အခြား နိုင်ငံက အသင််းတွေကိုပါကြည့်လိုက်မယ်ဆိုရင် သာမန်ကစားသမားတွေကတောင် ရူးသွပ်ဖွယ် ကောင်းလှတဲ့ လစာငွေ ရနေကြတာကို မြင်ရပါလိမ့်မယ် ”

” ဆာလာဟာ အမြဲကစားရတယ် ၊ အမြဲတမ်း ခြေစွမ်းပြနိုင်တယ် ၊ ဒဏ်ရာတွေ မရပဲနဲ့ အရေးကြီး ပွဲစဥ်တွေ အားလုံံး ကစားပေးနိုင်ခဲ့ပါတယ် ။ အခု သူဟာ အရေးကြီးတဲ့ စာချုပ် တစ်ခု ချုပ်ဆိုချင်နေပါပြီ ။ ဒါက သူ့ရဲ့ ထိပ်တန်း ကစားသမား ဘဝရဲ့ နောက်ဆုံး စာချုပ် ဖြစ်သွားပါလိမ့်မယ် ။ အခု သူက အသက် 20 ရှိနေပြီလေ ” လို့ ရိုမာနို က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

မိုဟာမက် ဆာလာ ဟာ 2017 ခုနှစ်တုန်းက ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ ပြန်လာခဲ့တဲ့နောက် လီဗာပူး အတွက် နှစ်စဥ်နှစ်တိုင်း ဂိုးတွေသွင်းယူ ၊ ဖန်တီးမှုတွေ လုပ်ဆောင်ရင်း ဆုဖလားတွေ ရရှိရေးမှာ အဓိက အရေးပါသူ ဖြစ်ခဲ့တာကြောင့် လစာ တိုးတောင်းတဲ့ ကိစ္စမျိုးကို နားလည်ပေးလို့ ရနိုင်ပါတယ် ။

အခြားတဖက်မှာတော့ လီဗာပူး အသင်းဖက်ကလည်း အသက် 30 အရွယ် ရှိနေပြီ ဖြစ်တဲ့ ကစားသမား တစ်ဦးကို မြင့်မားလွန်းတဲ့ လစာပေးဖို့ လက်တွန့်နေတယ် ဆိုတာမျိုးကလည်း နားလည်ပေးလို့ ရနိုင်ပါတယ် ။ အကယ်လို့ သူ့ကို လစာတိုးလိုက်မယ်ဆိုရင် အခြားသူတွေကိုလည်း ကြည့်ရမှာပါပဲ ။

Sportrac ရဲ့ ဖော်ပြချက် အရတော့ မိုဟာမက် ဆာလာ ဟာ တစ်ပါတ် ပေါင် 2 သိန်း ရရှိတယ်လို့ သိရပါတယ် ။ ဒါဟာ လီဗာပူး အသင်းဖော်တွေ ဖြစ်ကြတဲ့ ဗာဂျီလ် ဗန်ဒိုက် ၊ သီယာဂို အယ်လ်ကန်တာရာ တို့နဲ့ လစာငွေ ပမာဏ တူညီခြင်းပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ လီဗာပူး အသင်းရဲ့ အားအထားရဆုံး ကစားသမား ဖြစ်သူထက် လစာငွေ ပိုကောင်းတဲ့ ကစားသမား 13 ဦး အထိ ရှိနေကြပါသေးတယ် ။ သူတို့တွေက ဘယ်သူတွေလဲ ၊ ဘယ်လောက်ရသလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

(13) အီဒင်ဆန် ကာဗာနီ ( ပေါင် 250,000 )
(12) ဂျွန်စတုန်း ( ပေါင် 250,000 )
(11) တီမို ဝါနာ ( ပေါင် 272,000 )


(10) ပေါလ် ပေါ့ဂ်ဘာ ( ပေါင် 290,000 )
(9) အန်ဂိုလို ကန်တီ ( ပေါင် 290,000 )
(8) ဂျက် ဂရီလစ်ရှ် ( ပေါင် 300,000 )
(7) ရဟီးမ် စတာလင်း ( ပေါင် 300,000 )
(6) ရိုမီလူ လူကာကူ ( ပေါင် 325,000 )
(5) ရာဖေးလ် ဗာရန်း ( ပေါင် 340,000 )


(4) ဂျေဒန် ဆန်ချို ( ပေါင် 350,000 )
(3) ဒေးဗစ် ဒီဂီယာ ( ပေါင် 375,000 )
(2) ကယ်ဗင် ဒီဘရိုင်း ( ပေါင် 400,000 )
(1) ခရစ္စတီယာနို ရော်နယ်ဒို ( ပေါင် 510,000 ) တို့ပဲ ဖြစ်ကြပါတယ် ။

#Sports_Myanmar