မာတင်နယ်လီ ရဲ့ခြေစွမ်း ပိုမို တောက်ပသွားစေမယ့် အသင်း နဲ့ နည်းပြ နာမည် ပြောကြားလိုက်တဲ့ ဒေးဗစ်ဂျိမ်းစ်

အင်္ဂလန် အသင်းရဲ့ ဝါရင့် ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ် က အာဆင်နယ် အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား မာတင်နယ်လီ ဟာ ဂျာဂင်ကလော့ပ် ရဲ့လီဗာပူး အသင်းမှာသာ ကစားရရင် ကစားသမား ဘဝ နောက်တစ်ဆင့် တက်သွားနိုင်ကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

လီဗာပူး အသင်း နည်းပြ ကလောပ့် ဟာ ဒီရာသီ အာဆင်နယ် အသင်းကို ၂-၀ နဲ့ အနိုင် ရခဲ့တဲ့ ပွဲအပြီးမှာ မာတင်နယ်လီ ဟာ ထူးချွန်ကောင်းမွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လူတိုင်း သူ့နာမည်ကို အမှတ်ရ နေရသင့်တဲ့ ကစားသမား လို့ ချီးကျူး ပြောဆို ခဲ့ဖူးပါတယ် ။

လီဗာပူး အသင်းမှာ ကစားခဲ့ဖူးတဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ် က မာတင်နယ်လီ ဟာ လီဗာပူး အသင်း တိုက်စစ်မှာ လုံးဝ အံဝင် နိုင်မယ့် ကစားသမား ဖြစ်တာကြောင့် လာမယ့် နွေရာသီမှာ အရ ခေါ်ယူ သင့်တယ်လို့ တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

ဂျိမ်းစ် က GGRecon မှာ ” မာတင်နယ်လီ က ကျွန်တော့်ကို စိတ်လှုပ်ရှား စေတဲ့ ကစားသမားပါ ၊ မာတင်နယ်လီ နဲ့ ရာဖင်ဟာ နှစ်ဦးထဲက တစ်ဦးကို ရွေးပါဆိုရင် ကျွန်တော်ကတော့ မာတင်နယ်လီ ကိုပဲ ရွေးသွားမှာပါ ။ ”

” သူက ငယ်ရွယ်ပါတယ် ၊ နောက်ပီး ခင်ဗျား လိုအပ်တဲ့ အရာအားလုံး သူ့မှာ ရှိပါတယ် ၊ ဒီယက်ဇ် နဲ့တောင် အနည်းငယ် သွားဆင် နေပါတယ် ၊ ဒီယက်ဇ် ရဲ့ သဘောကျဖို့ ကောင်းတဲ့ အချက်တစ်ခုက သူ ​ဘယ်နေရာမှာ မဆို ကစားနိုင်စွမ်း ရှိတာပါ ။ ”

” မာတင်နယ်လီ က ဘယ်ခြမ်းမှာ ကောင်းကောင်း စိုးမိုး ကစားနိုင်ပါတယ် ၊ သူသာ ဝန်းကျင်ကောင်း တစ်ခုမှာ ကစားရရင် ထိပ်တန်း ကစားသမား တစ်ဦးရဲ့ ခြေစွမ်းမျိုး ရလာနိုင်ပါတယ် ၊ မာတင်နယ်လီ က ငယ်ရွယ်ပြီး လုပ်နိုင်စွမ်းတွေ အများကြီး ရှိနေပါသေးတယ် ။ ”

” မာတင်နယ်လီ ကို လီဗာပူး ဝတ်စုံ နဲ့ မြင်ကြည့်တော့ သူ အာဆင်နယ်မှာ လုပ်ပြနေတာတွေထက် ပိုကောင်းအောင် လုပ်ပြနိုင်မယ်လို့ ထင်ပါတယ် ။ လီဗာပူး အသင်း ရဲ့ ကစားသမား အင်အား ဖြည့်တင်းမှုတွေကို ကြည့်ကြည့်ပါ ၊ ငယ်ရွယ်တဲ့ ကစားသမားတွေ ချည်းပါပဲ ။ ”

“လီဗာပူး က ‘ ငါတို့ လိုချင်တဲ့ အသင်း တစ်သင်းကိုတော့ တည်ဆောက် နိုင်ခဲ့ပြီးပြီ ၊ ဒါပေမယ့် အနာဂတ် အတွက် အစီအစဉ်တွေ ချထားဖို့ လိုမယ် ။ ‘ လို့ သဘောထားပြီး လုပ်ဆောင်နေပုံ ရပါတယ် ။ အဲ့ဒါကြောင့်လည်း ဖာမင်နို ၊ မာနေး ၊ ဆာလာ တို့ မရှိတော့ရင် အစားထိုးနိုင်ဖို့ ကစားသမားတွေ ခေါ်နေတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

မာတင်နယ်လီ ဟာ အာဆင်နယ် အသင်းအတွက် ဒီရာသီ လိဂ်ပြိုင်ပွဲ ၁၉ ပွဲကစား သွင်းဂိုး ၅ ဂိုး ၊ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ် ထားနိုင်ပါတယ် ။ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဘရာဇီး လက်ရွေးစင် အသင်းကြီးမှာလည်း ပထမဆုံး အကြိမ် ရွေးချယ် ခံခဲ့ရပါတယ် ။

SM