‘ မအံ့သြဘူး ‘ ၊ ‘ စပါးကို နိုင်တဲ့ အတွက်လည်း စိတ်မလှုပ်ရှားခဲ့ဘူး ‘ လို့ ပြောလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဂယ်ရီ နဗီးလ် က သူ့ရဲ့ အသင်းဟောင်း ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတဲ့ အပေါ် မအံ့သြမိကြောင်း ပြောကြားရင်း အသင်းရဲ့ အားနည််းချက်ကို ထုတ်ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ပထမအကျော့ ပွဲစဥ်တုန်းက အက်သလက်တီကို မက်ဒရစ် အသင်းကို 1 – 1 ဆိုတဲ့ ရလဒ် နဲ့ သရေကျအောင်် ကစားနိုင်ခဲ့ပေမဲ့ အိုးလ်ထရပ်ဖို့ဒ် မှာ 1 – 0 နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ပြိုင်ပွဲမှ ထွက်ခွာခဲ့လိုက်ရပါတယ် ။

 

ဒါ့ကြောင့် ရာသီအစတုန်းက လူအင်အား ဖြည့်တင်းပြီးနောက် ဆုဖလားတွေ စိန်ခေါ်နိုင်လိမ့်မယ်လို့ ထင်ကြေး ပေးခံခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာလည်း နောက်ထပ် ဖလား လက်မဲ့ ဘောလုံး ရာသီိ တစ်ခုကို ပိုင်ဆိုင်ခဲ့လိုက်ရပြန်ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဒီရာသီ အကြီးမားဆုံးသော အောင်မြင်မှုက ထိပ်သီး 4 သင်း စာရင်း ဝင်ရောက်နိုင်ရေးပဲ ဖြစ်သွားခဲ့ရပါပြီ ။ ဒီပွဲ မတိုင်ခင်တုန်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ တော့တင်ဟမ် ကို အနိုင် ကစားခဲ့တဲ့ အတွက် စိတ်ဓါတ် တက်ကြွပြီး အေတီကို ကို အနိုင် ကစားနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါသေးတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ်က စပါးကို နိုင်ခဲ့ပေမဲ့ ထွေထွေထူးထူး စိတ်လှုပ်ရှားမှုမျိုး မဖြစ်ပေါ်ခဲ့ကြောင်း ၊ အက်သလက်တီကို မက်ဒရစ် အသင်းကို ရှုံးခဲ့တဲ့ အတွက်လည်း မအံ့သြမိကြောင်း ၊ တိကျတဲ့ ကစားဟန် ရှိတဲ့ အသင်းတိုင်းက ယူနိုက်တက်ကို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ယုံကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ရှုံးပွဲအတွက်တော့ နည်းနည်းလေးမှ မအံ့သြမိခဲ့ပါဘူး ။ စုဖွဲ့ ကစားတဲ့ ၊ တိုက်ပွဲဝင် ကစားလိုတဲ့ မည်သည့် အသင််းတိုင်းမဆို မန်ချက်စတာ ယူနိုက်တက် အသင်းကို အနိုင််ကစားနိုင်စွမ်း ရှိပါတယ် ။ ဒါ့ကြောင့်လည်း တော့တင်ဟမ် ဟော့ စပါး အသင်းကို အနိုင် ကစားခဲ့တာ ကြည့်ပြီး ကျွန်တော် နည်းနည်းမှ စိတ်မလှုပ်ရှားဖြစ်ခဲ့တာပါ ”

” တကယ်တော့ တော့တင်ဟမ် ဟော့ စပါး အသင်းတုန်းက စွမ်းဆောင်ရည်ဟာ တကယ့် အသင်းကောင်း တစ်သင််းနဲ့ တွေ့ဆုံတဲ့ အခါမှာ ထူးခြားမှု ပေးနိုင်မှာ မဟုတ်ဘူး ဆိုတာကို ကျွန်တော်တို့ ကြိုသိနေခဲ့လို့ပါပဲ ။ မေလအထိတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခရီးအရှည််ကြီး လျှောက်ရပါဦးမယ် ” လို့ ဂယ်ရီ နဗီးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar