မန်ယူနိုက်တက် vs အက်သလက်တီကို?? ချန်ပီယံလိဂ် ပွဲစဉ်တွေ အတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်များ

ဒီကြားရက်မှာတော့ နောက်တဆင့် အတွက် အဆုံးအဖြတ် ပွဲစဉ်တွေကို ကစားသွားရမှာ ဖြစ်ပြီး မန်ယူနိုက်တက်နဲ့ အက်သလက်တီကို တို့ အိုးထရပ်ဖို့ဒ်မှာ တွေ့ဆုံမယ့် ပွဲစဉ်ကတော့ အားလုံးအတွက် စိတ်၀င်စားစရာကောင်းနေပါတယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င်က ၁၆ သင်း ရှုံးထွက်အဆင့်ရဲ့ ဒုကျော့ ပွဲစဉ်တွေကို ယခုလိုပဲ ခန့်မှန်းပေးလိုက်ပါတယ်။

အိုင်ယက် vs ဘင်ဖီကာ (ပကျော့ ၂-၂)
ဒီနှစ်သင်း ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်ဟာ အတော်လေးကို ဖျော်ဖြေမှု ပေးနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ကလည်း နှစ်သင်းစလုံး တိုက်စစ်ဖွင့်အုံးမယ့် ပွဲစဉ်လို့ ကျွန်တော် ထင်ပါတယ်။ အမ်စတာဒမ်မှာ ရလဒ်ကောင်းရဖို့ဟာ ဘယ်တော့မှ လွယ်ကူမှာ မဟုတ်ပါဘူး။ အိမ်ကွင်းပရိတ်သတ်အားကလည်း ရှိပါသေးတယ်။ ကျွန်တော် ကတော့ နယ်သာလန် ကလပ်ဟာ နောက်တဆင့်ကို တက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ အိုင်ယက်ဟာ ပြည်တွင်းမှာ တအားကို လွှမ်းမိုးနေပါတယ်။ ဒ့ါကြောင့် အကယ်၍ သူတို့သာ ဒီပုံစံကောင်းကို ရှာဖွေနိုင်ခဲ့မယ် ဆိုရင် အိုင်ယက်ဟာ ဘင်ဖီကာ အတွက် တအားကို အင်အားကောင်းလွန်းနေမယ်လို့ ကျွန်တော်ထင်ပါတယ်။

ခန့်မှန်းချက် – အိုင်ယက် ၃-၁ ဘင်ဖီကာ

၂~မန်ယူနိုက်တက် vs အက်သလက်တီကို (ပကျော့ ၁-၁)
မက်ဒရစ်မှာ မန်ယူနိုက်တက်ဟာ အရမ်းကောင်းတဲ့ ရလဒ်ကို ရရှိခဲ့ပါတယ်။ သူတို့ဟာ ပြည်တွင်းမှာ ခြေစွမ်းပိုင်း မတည်ငြိမ်တဲ့ အသင်းဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီးသားပါ။ ဒါပေမယ့် ဥရောပမှာတော့ သူတို့ဟာ ဖျက်မြင်းလို ဖြစ်နေပါတယ်။ အခု အက်သလက်တီကိုဟာ ကျွန်တော်တို့ အရင်တုန်းက သိခဲ့တဲ့ ဥရောပရဲ့ အကောင်းဆုံး ခံစစ်ကို ပိုင်ဆိုင်ထားတဲ့ အသင်းမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီနေရာမှာ ယူနိုက်တက်တို့ ရလဒ်ကောင်း ရယူနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ခန့်မှန်းချက် – မန်ယူနိုက်တက် ၁-၀ အက်သလက်တီကို

၃~ဂျူဗင်တပ် vs ဗီလာရီးရဲယ် (ပကျော့ ၁-၁)
ပထမအကျော့ စပိန်မြေမှာ သရေကျခဲ့ပါတယ်။ ဒီပွဲစဉ်မှာလည်း နောက်ထပ် ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲစဉ်ကို ကျွန်တော် မြင်နေပါတယ်။ ဗီလာရီးရဲယ်ဟာ ဥရောပမှာ အသင်းကောင်း တစ်သင်း အဖြစ် ရပ်တည်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း တူရင်မြေမှာတော့ ဘယ်တော့မှ ကစားရတာ မလွယ်ကူပါဘူး။ ကျွန်တော်ကတော့ အိမ်ရှင်တို့ ကပ်ပြီး အသာရကာ နောက်တဆင့် တက်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် – ဂျူဗင်တပ် ၂-၁ ဗီလာရီးရဲယ်

၄~လိုင်လီ vs ချဲလ်ဆီး (ပကျော့ ၀-၂)
ချဲလ်ဆီးဟာ ဒီပွဲစဉ်မတိုင်မီ နောက်တဆင့် တက်ဖို့ အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်နေပါတယ်။ ဒီလိုပွဲစဉ်မျိုးဟာ သောမတ်တူချယ် လိုချင်တဲ့ ပွဲစဉ်မျိုးတွေ ဖြစ်ပါတယ်။ ခံစစ်ကို အထိုင်ချကာ ပြိုင်ဘက်ကို ဘာအခွင့်အရေးမှ မပေးဘဲ လိုင်လီတို့ တိုက်စစ်ကို ဖွင့်ကစားလာခဲ့တဲ့ အခါ တန်ပြန်တိုက်စစ်နဲ့ ထိုးနှက်သွားဖို့ ပြင်ဆင်ထားမှာပါ။ ကျွန်တော်ကတော့ ချဲလ်ဆီးကို ဂိုးနည်းနည်းနဲ့ ကပ်နိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။

ခန့်မှန်းချက် – လိုင်လီ ၀-၁ ချဲလ်ဆီး

SM