မန်စီးတီး ၊ လီဗာပူး တို့ကို ဘယ်လို အမီလိုက်ရမလဲဆိုတာ ပြောပြလိုက်တဲ့ ရန်းဂနစ်

ယူနိုက်တက် နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် ကတော့ လာမဲ့နှစ်အနည်းငယ် အတွင်းမှာ မြို့ခံပြိုင်ဖက် မန်စီးတီး အသင်းကို လိုက်မီနိုင်ဖို့ အတွက် သူတို့ အသင်းဟာ ဆက်တိုက်ပဲ တိုးတက်ဖို့ ၊ စွမ်းဆောင်ရည်တွေ တည်ငြိမ်ဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

မနက်ဖန်ညမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဒီတစ်ပါတ်ရဲ့ အကောင်းဆုံး ပွဲစဥ် တစ်ပွဲ အဖြစ် အီတီဟတ် ကွင်းထဲမှာ မြို့ခံ ပြိုင်ဖက် မန်ချက်စတာ စီးတီး အသင်းနဲ့ မန်ချက်စတာ ဒါဘီ ပွဲစဥ်ကို ရင်ဆိုင်ယှဥ်ပြိုင် ရဖို့ ရှိနေပါတယ် ။

လက်ရှိ အချိန်မှာတော့ မန်စီးတီး အသင်းက အမှတ်ပေး ဖလားဆုကို ကာကွယ်နိုင်ဖို့ ၊ လီဗာပူး အသင်းရဲ့ အနီးကပ်် ဖိအားပေးမှုကို အကောင်းဆုံး တုန့်ပြန်ဖို့ လိုအပ်နေတာကြောင့် ဒီပွဲကို မဖြစ်မနေ အနိုင် ကစားပြနိုင်ဖို့ လိုအပ်နေပါတယ် ။

အခြားတဖက်မှာတော့ အဆင့် 4 နေရာမှ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း အာဆင်နယ် ၊ ဝက်စ်ဟမ်း ၊ တော့တင်ဟမ် ဟော့ စပါး အသင်းတွေရဲ့ အနီးကပ် ဖိိအားပေးမှုကို ခံနေရတာကြောင့် မန်စီးတီး နည်းတူ ဒီပွဲကို အနိုင်ရဖို့ ကြိုးစားရပါ့မယ် ။

လက်ရှိအချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ မန်စီးတီး အသင်းနဲ့ 19 မှတ် အထိ ကွာဟနေပါတယ်် ။ ဒါ့ကြောင့် ဒီလိုခြားနားချက်တွေကို ကျဥ်းမြောင်းစေဖို့ ဘယ်လို အမီလိုက်မလဲလို့ အမေးခံလိုက်ရချိန်မှာတော့ ရန်းဂနစ် က အခုလို ပြန်လည် ဖြေရှင်းခဲ့တာပဲ ဖြစ်ပါတယ် ။

” နှစ်သင်းအကြား ခြားနားချက်အကြောင်း မေးကြမယ်ဆိုရင်တော့ ကျွန်တော် တွေးထားတာ မရှိဘူးလို့ပဲ ပြောရပါ့မယ် ။ ကျွန်တော် တကယ်လည်း မသိပါဘူး ။ ဒါတွေကို အတိအကျ ဖြေနိုင်ဖို့ မန်စီးတီး အသင်းရဲ့ ဖွဲ့စည်းတည််ဆောက်ပုံ သိနိုင်မှ ဖြစ်တယ်လေ ။ ဒါကို ကျွန်တော် မသိပါဘူး ”

” လက်ရှိ ကျွန်တော် အဓိကထား အာရုံစိုက်နေတာက ဒီအသင်းကို ပိုပြီး တိုးတက်အောင် ဘယ်လို လုပ်မလဲ ၊ ပိုကောင်းတဲ့ စွမ်းဆောင်ရည် ရနိုင်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာပါပဲ ။ မန်စီးတီး ၊ လီဗာပူး အသင်းနဲ့ ယှဥ်လိုက်ရင် ကျွန်တော်တို့မှာ လိုနေတာက ဆက်တိုက် ကောင်းမွန်ဖို့ ၊ ခြေစွမ်း တည်ငြိမ်ဖို့ပါပဲ ”

” သူတို့တွေဟာ ပြီးခဲ့တဲ့ အချိန် လေး ၊ ငါးနှစ် လောက်ကတည်းက မန်နေဂျာ ၊ ဝန်ထမ်း ၊ နည်းပြ အဖွဲ့ဝင် နေရာတွေမှာ တည်ငြိမ်မှု ရှိခဲ့ကြတယ်လေ ။ သူတို့မှာ ကိုယ်ပိုင် အမှတ်တံဆိပ် ၊ ဘာလိုချင်သလဲ ဆိုတာနဲ့ ပတ်သက်လို့ အိုင်ဒီယာ ကိုယ်စီ ရှိနေပြီးပါပြီ ”

” အဲ့ဒီအပေါ် ဆက်လျှောက်နေရုံပါပဲ ။ ကျွန်တော် ယာဂင်ကို လူကိုယ်တိုင် သိကျွမ်းသလို ပက် ကိုလည်း ဂျာမနီမှာထဲက သိရှိခဲ့တာ သုံးလေးနှစ်လောက် ရှိခဲ့ပါပြီ ။ သူ့မှာ ဘယ်လို ကစားချင်လဲဆိုတာနဲ့ ပတ်သက်လို့ ကိုယ်ပိုင် အိုင််ဒီယာ ရှိနှင့်ပြီးသားပါ ။ ဒီအသင်းအတွက် ဘယ်လို ကစားသမားမျိုးကို ခေါ်သင့်သလဲဆိုတာပါ သူတို့ သိကြပါတယ် ”

” ဒါတွေဟာ အောင်မြင်ခြင်း နောက်ကွယ်က လျှို့ဝှက်ချက််တွေပါ ။ သူတို့က ဘာလုပ်မလဲ ၊ ဘယ်လို လုပ်ရမလဲ ၊ ဘာတွေ လိုအပ်သလဲ အသေအချာ သိထားပြီးသားတွေပါ ။ ဒီလမ်းကြောင်း အပေါ် ဆက်လျှောက်နေရုံပဲလေ ။ ပြီးတော့ ကစားသမားတင် မဟုတ်ပါဘူး ၊ သူတို့ အသင်းရဲ့ အခြားသော အဖွဲ့ဝင်တွေလည်း ဒီနေရာမှာနေတာ ကြာခဲ့ပါပြီ ” လို့ ရန်းဂနစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar