‘မန်စီးတီးမှာသာဆို ဂိုး အစိတ်လောက်သွင်းထားလောက်ပါပြီ’ – ရိုနယ်ဒို အသင်းရွေးမှားခဲ့တယ်လို့ ပြောဆိုလာတဲ့ ပီတာဘန်းစ်

ခရစ္စတီယာနို ရိုနယ်ဒို အနေနဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ကို ပြန်လာမယ့် အစား မြို့ခံ ပြိုင်ဘက် မန်ချက်စတာ စီးတီးကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ် ခဲ့ပါက အခုချိန် လောက်မှာ သွင်းဂိုး ၂၅ ဂိုးလောက် ရရှိ နေပြီးလောက်ပါပြီလို့ အင်္ဂလန် ကစားသမားဟောင်း ပီတာ ဘန်းစ် က ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက ပက် ဂွာဒီယိုလာ ရဲ့ မန်ချက်စတာ စီးတီးကို ပြောင်းရွှေ့မယ်လို့ သတင်း ထွက်ပေါ် လာခဲ့ပေမယ့် နောက်ဆုံး မှာတော့ ၂၀၀၉ တုန်းက ထွက်ခွာ ခဲ့တဲ့ အသင်းဟောင်း မန်ယူနိုက်တက် ကို ပြန်လည် ရောက်ရှိ လာခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ယူနိုက်တက် တကျော့ပြန် ခရီးမှာ အစကောင်းခဲ့ပြီး ပထမဆုံး ၄ ပွဲမှာ ၆ ဂိုးအထိ သွင်းယူ နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် နောက်ပိုင်းပွဲတွေ မှာ ဂိုးရဖို့ ရုန်းကန် လာခဲ့ရပြီး စံချိန်တင် ဂိုးပေါက် ပျောက်ရတဲ့ အထိ ဖြစ်လာခဲ့ ပါတယ် ။

ရိုနယ်ဒို ဂိုးမသွင်း နိုင်မှုမှာ အသင်းဖော်တွေ ရဲ့ ဖန်တီးပေးမှု စွမ်းရည်တွေ အားနည်းတာ ကလည်း ဝေဖန်သူတွေ ထောက်ပြတဲ့ အကြောင်းတခု ဖြစ်လာခဲ့သလို ပေါ်တူဂီသားကြီး ရဲ့ အသက်အရွယ် ကလည်း အခုလို ဂိုးသွင်းနှုန်း ကျဆင်းလာခြင်း ရဲ့ အရင်းမြစ် တခုလို့ ဆိုသူတွေ ရှိလာခဲ့ ပါတယ် ။

ပီတာဘန်းစ် ကတော့ ရိုနယ်ဒို သာ မန်စီးတီး ကို ပြောင်းခဲ့မယ် ဆိုပါက အခုအချိန်လောက်မှာတင် ၂၅ ဂိုးလောက် သွင်းထားပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကို ရဖို့ အလားအလာ ကောင်းနိုင်တယ်လို့ သုံးသပ်ခဲ့ ပါတယ် ။

ဒါ့အပြင် ဘန်းစ် က ရိုနယ်ဒို ရဲ့ အဆုံးသတ် စွမ်းရည်ကို ချီးကျုး ခဲ့ပြီး အသက်ကြီး ပေမယ့် ဂိုးတွေ သွင်းနိုင်သေးတဲ့ အပေါ်လည်း နှစ်သက် သဘောကျမိကြောင်း ပြောဆိုခဲ့ ပါတယ် ။

“အခုလို အသက်လောက်နဲ့ သူ သွင်းပြထားတဲ့ ဂိုးအရေ အတွက်က တကယ်ကို ကောင်းပါတယ် ။ ဒါပေမယ့် သူ့ အနေနဲ့ စီးတိး ကိုသာ ရွေးခဲ့မယ် ဆိုရင် အခုချိန်မှာ ဂိုး အစိတ်လောက် သွင်းထားပြီး လောက်ပါပြီ ။

ဘာလို့လည်း ဆိုတော့ မန်စီးတီး မှာ ယူနိုက်တက် မှာထက် ရိုနယ်ဒို ကို ပိုဖန်တီးပေး နိုင်မယ့် ကစားသမားတွေ ရှိနေလို့ ပါပဲ”

“ရိုနယ်ဒို ရဲ့ အဆုံးသတ် စွမ်းရည်က ကောင်းနေတုန်း ပါပဲ ။ သူ့ဆီကို ကောင်းကောင်း မွန်မွန် ပို့ပေး နိုင်မယ့် သူတွေသာ လိုအပ်တာပါ ။ မန်စီးတီး မှာဆိုရင် ရိုနယ်ဒို နဲ့ အဆင်ပြေမယ့် ပုံစံမျိုးကို အလွယ်တကူ ပြောင်းပြီး ကစားနိုင် ပါလိမ့်မယ် ။

မန်ယူနိုက်တက် မှာတော့ ကစားသမား အချို့ ဟာ ရိုနယ်ဒို သူတို့ အတွက် ဘာကို ယူပေးနိုင်တယ် ဆိုတာကို ကောင်းကောင်း သဘောမပေါက် ကြသေးပါဘူး”

“သူ့ရဲ့ အသက်အရွယ် အရ အရင်လောက် မပြေးနိုင်တော့တာလည်း ပါပါတယ် ။ သူ့စိတ်ကတော့ အရင်လိုပဲ ဂိုးတွေ သွင်းချင် ၊ ပွဲတွေ နိုင်ချင် နေတုန်းပါ ။ ဒါတွေက သူ့ကို ပြန်ပြီး စိတ်သောကရောက် စေပါတယ် ။ ယူနိုက်တက် ရဲ့ အနေအထားက မကောင်းပေမယ့် ရိုနယ်ဒို တယောက်တည်းရဲ့ အနေအထား ကတော့ မဆိုးလှဘူးလို့ ကျွန်တော် မြင်မိပါတယ်” လို့ ပီတာ ဘန်းစ် က ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲပေါင်း ၃၀ ကစားပေးထားပြီး ၁၅ ဂိုး သွင်းယူထားခဲ့ ပါတယ် ။

ခန့်မှန်းသူတွေ ကတော့ လက်ရှိ အနေအထားအတိုင်းသာ ဆက်သွားမယ် ဆိုပါက ရိုနယ်ဒို အနေနဲ့ ရာသီအကုန်မှာ ဂိုး ၂၀ ကနေ ၂၅ ဂိုး အတွင်းသာ ရနိုင်လောက်တယ်လို့ ခန့်မှန်းထား ကြပါတယ် ။

 

SPORTS MYANMAR