မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကျရှုံးခဲ့တာနဲ့ ပတ်သက်လို့ ရိုးသားစွာ ဝန်ခံလိုက်တဲ့ မိုယက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ဒေးဗစ် မိုးယက်စ် က အိုးလ် ထရပ်ဖို့ဒ် မှာ ကျရှုံးခဲ့တဲ့ 10 လတာ အခိုက်အတန့် အကြောင်း ဖွင့်ပြောလိုက်ပြီး အလုပ်နဲ့ ရင်းနှီးဖို့ အချိန်ပိုရခဲ့ရင် အသင်းကို ပိုကောင််းအောင် လုပ်နိုင်ခဲ့မှာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဂန္တဝင် နည်းပြ ဖြစ််သူ ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာခဲ့တဲ့ 2013 ခုနှစ်မှာ ဒေးဗစ် မိုယက်စ် ဟာ သရဲနီ တို့ရဲ့ နည်းပြသစ် ဖြစ်လာခဲ့ပါတယ် ။ အဆိုပါ အချိန်တုန်းက သူဟာ အဲဗာတန် ကို အောင်မြင်တဲ့ အသင်းဖြစ်အောင် ကူညီပေးနိုင်ခဲ့တဲ့ အတွက်် ဖာဂူဆန် က တစ်နိုင်ငံတည်းသား ဖြစ်သူကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ် ။

သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ််ခဲ့တဲ့ ပထမဆုံး ပွဲစဥ်မှာပဲ ဆွမ်ဆီး အသင်းကို 4-1 ဆိုတဲ့ ရလဒ်နဲ့ နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ အသင်းရဲ့ ရလဒ်တွေဟာ တည််ငြိမ်မှု အားနည်းသွားခဲ့ရပြီး ယူနိုက်တက်တို့ ထိပ်သီး 4 သင်း ဝင်ဖို့တောင် ရုန်းကန်ခဲ့ကြရပါတယ် ။

ဒါ့ကြောင့်လည်း ဒေးဗစ် မိုယက်စ် ဟာလည်း ယူနိုက်တက်် အသင်းကို ကိုင်တွယ်ပြီး 10 လ အကြာ 2014 ဧပြီလမှာ နည်းပြအဖြစ်မှ ထုတ်ပယ်ခံလိုက်ရတာပဲ ဖြစ်ပါတယ် ။ အခုတော့ ဒေးဗစ် မိုယက်စ် က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ မအောင်မြင်ခဲ့တာနဲ့ ပတ်သက်လို့ ရိုးသားတဲ့ ဝန်ခံမှု တစ်ခု ပြုလုပ်သွားခဲ့လိုက်ပါတယ် ။

” အဲ့ဒီ အချိန်မှာ ကျွန်တော်ဟာ အတွေ့အကြုံ အတော်လေး ရှိနေခဲ့ပါပြီ ။ ကျွန်တော်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ကောင်းမွန်တဲ့ အဆင့်အတန်း တစ်ခုမှာ 11 နှစ်လောက် ကျဥ်လည်ခဲ့ရတယ်လေ ။ ပြီးတော့ အဲဗာတန် အသင်းကိုလည်း တည်ဆောက်ထားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ မန်ချက်စတာမှာတော့ ကျွန်တော်ဟာ ဆက်လက် တိုးတက်ဖို့ အချိန်် လိုအပ်ခဲ့ပါတယ် ”

” ခင်ဗျားတို့ကတော့ ပရီးမီးယားလိဂ်ကို ရောက်လာတဲ့ ကစားသမားတွေ အံဝင်ဖို့ အချိန်ပေးရတယ်လို့ ပြောတတ််ကြပါတယ် ။ ကျွန်တော်ကတော့ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ အချိန်တော့ မပေးခဲ့ရပါဘူး ။ ဒါပေမဲ့ မန်ချက််စတာ ယူနိုက်တက် အသင်းမှာတော့ ကျွန်တော် အချိန်လိုခဲ့ပါတယ် ။ ကျွန်တော် ရှေ့ဆက်ဖို့ နည်းလမ်းရှာဖွေချိန််လိုအပ်ခဲ့ပါတယ် ”

” အဲ့တာ အမှန်တရားပါပဲ ။ ကျွန်တော်ဟာ ဆာ အဲလက်စ် ထားခဲ့တဲ့ အသင်းကို အလိုက်သင့် ကိုင်တွယ်ခဲ့ရပါတယ်် ။ ကျွန်တော် ဆာ အဲလက်စ်တော့ မဖြစ်နိုင်ပါဘူး ။ ဒါပေမဲဲ့ သူတို့ အသင်းမှာ ရှိနေတဲ့ ကစားဟန်ကိုတော့ ဆက်လက်် ပုံဖော်လိုခဲ့ပါတယ် ။ လူငယ် ကစားသမားတွေကို တိုးတက်အောင် လုပ်တာ ၊ လူငယ် ကစားသမားတွေကို အသင်းမှာ ကစားခွင့်ပေးတာ ၊ သူတို့နဲ့ လိုက်ဖက်မယ့် ကစားဟန်မျိုး ခင်းကျင်းပေးတာမျိုးပေါ့ဗျာ ”

” အဲ့တာက ကျွန်တော့်ရဲ့ Idea ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ကျွန်တော် အံ့ဖွယ် အလုပ်ကြီး အကိုင်ကြီး တစ်ခု လုပ်ခွင့်ရခဲ့တယ်လို့ တွေးပါတယ် ။ ဒါပေမဲ့ ကံမကောင်းစွာပဲ 10 လပဲ အလုပ်လုပ်ခဲ့ရပါတယ် ။ အကယ်လို့ ကျွန်တော်သာ အချိန်တွေ ပိုရခဲ့ရင် ပိုကောင်းအောင် လုပ်ပြနိုင်ခဲ့မှာပါ ” လို့ မိုယက်စ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar