မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဘယ်အရာ ပျောက်ဆုံးနေသလဲဆိုတာ တညီတညွတ်ထဲ ပြောဆိုလိုက်ကြတဲ့ ဖာဒီနန် ၊ စခိုးလ် နဲ့ ဟားဂရေ့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ရီယို ဖာဒီနန် ၊ ပေါလ် စခိုးလ် နဲ့ အိုဝင် ဟားဂရေ့ဗ် တို့က ယူနိုက်တက် နည်းပြသစ် ဖြစ််လာမဲ့သူ အနေနဲ့ အသင်းဆီ ကြောက်ရွံ့စေမှုတွေကို ယူဆောင််လာဖို့ လိုအပ်လိမ့်မယ်လို့ တပြိုင်နက် ပြောဆိုခဲ့လိုက်ကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ 16 သင်း ရှုံးထွက်အဆင့် ဒုတိယ အကျော့ ပွဲစဥ် အဖြစ် အေတီကို အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။ ယူနိုက်တက်တို့ဟာ ပအကျော့ တုန်းကလည်း 1 – 1 ဆိုတဲ့ သရေ ရလဒ််သာ ရယူနိုင်ခဲ့ကြပါတယ် ။

ဒါ့ကြောင့် သူတို့ဟာ နှစ်ကျော့ပေါင်း 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့လိုက်ရပြီး နောက်ထပ် ဖလား လက်မဲ့ ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့လိုက်ရပြန်ပါတယ် ။ ထို့အတူ ထိပ်သီး လေးသင်း စာရင်းဝင်နိုင်ဖို့လည်း ခက်ခဲမှုတွေ ပေးဆောင်သွားခဲ့ပါပြီ ။

ရာသီ အစတုန်းကတော့ ဆန်ချို ၊ ရော်နယ်ဒို ၊ ဗာရန်းတို့ကို ခေါ်ယူပြီး ဆုဖလားတွေ စိန်ခေါ်နိုင်မယ်လို့ ထင်ကြေး ပေးခံခဲ့ရတဲ့ အသင်းဟာ ဖလား လက်မဲ့ ရာသီကို ပိုင်ဆိုင်ခဲ့လိုက်ရပြန်တဲ့နောက် ကစားသမားဟောင်း သုံးဦးက ယူနိုက်တက် အသင်းကို ကြောက်ရွံ့သူတွေ မရှိတော့ကြောင််း ပြောဆိုခဲ့လိုက်ကြပါတယ် ။

” အကြောက်တရားတွေ အဝေးကို ရောက်သွားခဲ့ပါပြီ ။ အခု မျိုးဆက်က ခြားနားနေပါပြီ ။ ကျွန်တော် မန်စီးတီး အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက် ကစားသမား ဘဝရဲ့ ပထမဆုံးပွဲကို မှတ်မိနေပါသေးတယ် ။ ကျွန်တော်တို့ ပထမပိုင်း 1 – 0 နဲ့ ရှုံးခဲ့ပြီး အဝတ်လဲခန်းထဲ လှမ်းခဲ့ကြပါတယ် ”

” အဲ့ဒီတုန်းက ရီယို (ဖာဒီနန်) ကျွန်တော့်ဆီ ပြေးလာခဲ့ပြီး ‘ အိုဝင် အမြန်လုပ် ၊ အဝတ်လဲခန်းထဲ အမြန်သွားတော့ ၊ နည်းပြကြီး ပေါက်ကွဲနေပြီ ‘ လို့ လာပြောခဲ့ပါသေးတယ် ။ ဒီ အကြောက်တရားကို နည်းပြက ဖန်တီးခဲ့တာဖြစ်ပြီး ဒီလို ဖြစ်လာလိမ့်မယ်လို့ ရီယိုက ကြိုသိနေခဲ့ပါတယ် ”

” ကျွန်တော်ကတော့ ဒါမျိုး အတွေ့အကြုံ မရှိခဲ့ဘူးလေ ။ နည်းပြကတော့ အေးဆေးတည်ငြိမ်စွာ ရောက်လာပြီး ပြောစရာရှိတာ ပြောသွားခဲ့ပါတယ် ။ ဒါပေမဲ့ ရီယို့ စိတ်ထဲမှာတော့ နည်းပြ လာမယ် ၊ တက်ကြွမှု ပေးမယ်ဆိုတာ ကြိုသိနေခဲ့ပါတယ် ။ ကျွန်တော်တို့ နည်းကို စိတ်ဓါတ်ကျအောင်် လုပ်လို့မရဘူးလေ ” လို့ ဟားဂရေ့ က ပြောလိုက်ရာမှာ…

” အကောင်းဆုံး မန်နေဂျာတွေ ၊ အကောင်းဆုံး ကလပ် အသင်းတွေက ကစားသမား တစ်ဦး ဖြစ်တဲ့ ခင်ဗျား စိတ်ထဲကို အကြောက်တရားတွေ အလိုအလျောက် ထည့်ပေးနိုင်ကြပါတယ် ။ တချိန်ထဲမှာပဲ အဲ့တာကို အသုံးချပြီး သူတို့ လိုချင်တဲ့ ရလဒ်ကို ရယူနိုင်ကြပါတယ် ။ လိုအပ်ရင် ခင်ဗျားရဲ့ ပုခုံးပေါ် လက်တင်ဖို့လည်း တွေဝေ မနေတတ်ကြဘူး ” လို့ ပေါလ် စခိုးလ် က ပြောခဲ့လိုက်ပါတယ် ။

” အခုခေတ် နည်းပြတွေမှာ အကြောက်တရားပေးနိုင်မှုဆိုတာ ရှိပါတယ် ။ သူတို့ဟာ ကစားသမားတွေကို နည်းပြနိုင်စွမ်းလည်း ရှိကြပါတယ် ။ သူတို့တွေဟာ social worker တွေဆိုလည်း မမှားပါဘူး ။ သူတို့တွေဟာ အသင််းကို စုဖွဲ့ပေးနိုင်သလို ကစားသမား အချို့ကို တက်ကြွမှုတွေလည်း ပေးနိုင်ပါတယ် ”

” တခါတလေ ကစားသမား တစ်ဦးကို သီးသန့် ပြောဆို ဆက်ဆံတက်ပြီး ချက်ကောင်း ထိစေနိုင်တဲ့ ခလုတ်ကိုလည််း နှိပ်နိုင်စွမ်းရှိတတ်ကြပါတယ် ။ သူတို့ကို ထောက်ပံ့ပေးဖို့လည်း အသင့်ပါပဲ ။ ကွင်းအတွင်း ကွင်းအပြင်မှာ သူတို့တွေဟာ ကစားသမားကို ဆက်ဆံမှု ကောင်းကြပြီး ကစားသမားတွေကလည်း ဒီလူအတွက် သေဆိုသေပေးနိုင်တဲ့ အထိ ကြိုးစားတတ်ကြပါတယ် ” လို့ ဖာဒီနန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar