မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ဦးရဲ့ သွင်းဂိုးကို ကြည့်ပြီ အောင်ပွဲခံခဲ့ဖူးကြောင်း ဖွင့်ဟလိုက်တဲ့ ပိုချက်တီနို

PSG အသင်းရဲ့ နည်းပြ ဖြစ်သူ မော်ရီစီယို ပိုချက်တီနို က သူဟာ 1999 ခုနှစ် တုန်းက ဘိုင်ယန် မြူးနစ် အသင်းဖက်ကို အနိုင်ဂိုး သွင်းယူခဲ့တဲ့ ယူနိုက်တက် ဂန္တဝင် ဆိုးလ်ရှားရဲ့ သွင်းဂိုးအတွက် အောင်ပွဲခံခဲ့ဖူးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 1999 ခုနှစ်တုန်းက ဆုဖလား သုံးလုံး ဆွတ်ခူးနိုင်ခဲ့တဲ့ သမိုင်းဝင် ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲဲ့ ဖလား သုံးလုံး ဆွတ်ခူးနိုင်ဖို့ အတွက် လွယ်ကူမှု မရှိခဲ့ပဲ နောက်ဆုံး မိနစ် အထိ တိုက်ပွဲဝင်ခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်းတွေ ဖြစ်ကြတဲ့ ရှရင်ဂမ် နဲ့ ဆိုးလ်ရှား တို့က အသင်းအတွက်် ဟီးရိုးတွေ ဖြစ်သွားခဲ့ကြပါတယ် ။ အဆိုပါ နိုင်ပွဲဟာ ချန်ပီယံလိဂ် သမိုင်းမှာတော့ အခုအချိန်ထိ လူပြောများနေဆဲ ပုံပြင် တစ်ခုလို ဖြစ်နေသေးဆဲပါပဲ ။

လက်ရှိ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ထိပ်သီး 4 သင်း စာရင်း ဝင်ရောက်နိုင်ဖို့တောင် အတော်လေး ရုန်းကန်နေရပါတယ် ။ ဒါ့ကြောင့်လည်း နောက်ရာသီမှာ ယူနိုက်တက်တို့ နည်းပြသစ် သေချာပေါက်် ခေါ်ယူရလိမ့်မယ်လို့ မှတ်ချက်တွေ ပေးခံနေခဲ့ရပါတယ် ။

လက်ရှိအချိန်အထိတော့ ယူနိုက်တက် နည်းပြသစ် ဖြစ်ဖို့ PSG အသင်းရဲ့ နည်းပြ ပိုချက်တီနို ၊ အေဂျက်ဇ် အသင််းရဲ့ နည်းပြ အဲရစ် တန်ဟတ် တို့က ရေပန်း အစားဆုံး ဖြစ််နေကြပါတယ် ။ ဒီလို အနေအထား တစ်ရပ်မှာ ပိုချက်တီနို က ယူနိုက်တက်ရဲ့ သမိုင်းဝင် ညချမ်းကို အောင်ပွဲခံ ခံစားခဲ့ဖူးကြောင်း ပြောခဲ့တဲ့ သတင်းတွေ ဝေဆာသွားခဲ့ရပါတယ် ။

” အမှတ်တရတွေ အများကြီးကိုတော့ ကျွန်တော် မမှတ်မိိတော့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့တာတွေက မခမ််းနားကြလို့ပါပဲ ။ ဆိုးလ်ရှားကို ပထမဆုံး အကြိမ် ပြိုင်ဖက် နည်းပြ အဖြစ် ရင်ဆိုင််ခဲ့ရစဥ်တုန်းက (ကာဒစ်ဖ် နည််းပြ ဘဝ) စပိန် နိုင်ငံံသား ကာလာ ဂိုးသွင်းခဲ့တာကို ကျွန်တော် မှတ်မိနေပါသေးတယ် ”

” ဟုတ်ပါတယ် ၊ သူနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ အမှတ််တရကောင်းတွေ ရှိနေပါသေးတယ် ။ အဲ့ဒီတုန်းက နူးကမ့်မှာ သူဟာ 90 မိနစ် ဂိုး သွင်းခဲ့တာတော့ ကျွန်တော် မှတ်မိနေပါသေးတယ် ။ အဲ့ဒီ 1999 ခုနှစ် ဖိုင်နယ်တုန်းက ကျွန််တော်ဟာ ကျွန်တော့်ရဲ့ ဂိုးနည်းပြ တိိုနီ ဂျီမီနက်ဇ် နဲ့ အတူ ရှိနေခဲ့ပါတယ် ”

” အဲ့ဒီတုန်းက နာကျင်ချိန်ပို မိနစ်မှာ ဘိုင်ယန် မြူးနစ် အသင််းဖက် ဆိုးလ်ရှား ဂိုးသွင်းခဲ့တာကို ကျွန်တော် ကောင်းကောင််း မှတ်မိနေပါသေးတယ် ။ အဲ့ဒီတုန်းက ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အနိုင်ဂိုး အတွက် ဘယ်လိုတောင် အော်ဟစ်အောင်ပွဲခံခဲ့သလဲဆိုတာလည်း မှတ်မိနေသေးဆဲပါပဲ ”

” တကယ့်ကို မယုံနိုင်စရာပါပဲ ။ ကျွန်တော်တို့က လူသားတွေပါ ။ တကယ့်ကို အံ့ဖွယ်ကောင်းလှတဲ့ ပွဲစဥ် တစ်ပွဲကို စောင့်ကြည့်ခဲ့ရတာလေ ။ ဟုတ်တယ် ၊ သေချာပါတယ် ၊ ဆိုးလ်ရှား နဲ့ ပတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရကောင််း ရှိနေပါတယ် ” လို့ ပိုချက်တီနို က ဆိုးလ်ရှား နဲ့ ပရီးမီးယားလိဂ်မှာ ပထမဆုံး အကြိမ် ရင်ဆိုင်ရမယ့် ပွဲစဥ်မတိုင်မီ ပြောခဲ့တာပဲ ဖြစ််ပါတယ် ။

#Sports_Myanmar