မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် မက်ဆီ နဲ့ ရော်နယ်ဒိုကို နှိုင်းယှဥ်လိုက်တဲ့ ကွန်တီ

ရလဒ်တွေ မတည်မငြိမ် ဖြစ်နေခဲ့တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ် ။

အခုလို ရလဒ်မျိုးထွက်ပေါ်ခြင်းက ဥရောပဝင်ခွင့် တစ်နေရာ ရရှိလိုတဲ့ တော့တင်ဟမ် အတွက် အနည််းနဲ့ အများ အဟန့်အတား ဖြစ်သွားစေခဲ့ပါတယ် ။ အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နိုင်ပွဲကြောင့် အဆင့် 4 နေရာကို တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ပွဲချိန် 12 မိနစ်မှာပဲ ဖရက်ဒ် နဲ့ ဖန်တီးပေးမှုကြောင့် ရော်နယ်ဒိုဟာ အိမ်ရှင်တို့ အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ တဲလက်စ်​ ရဲ့ လက်ထိဘောကြောင့် စပါးတို့ ပင်နယ်တီ ရခဲ့ကြပြီး ကိန်း က ဂိုးအဖြစ် ပြောင်းလဲပေးသွားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 38 မိနစ်မှာ ဆန်ချိုရဲ့ ဖန်တီးမှုကြောင့် ရော်နယ်ဒိုဟာ ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ယူနိုက်တက််တို့ ပထမပိုင်းကို 2 – 1 နဲ့ ဦးဆောင်သွားနိုင်ခဲ့ကြပါတယ်် ။ ဒါပေမဲ့ ဒုတိယပိုင်း 72 မိနစ်မှ မက်ဂွားယားရဲ့ OG ကြောင့် ပွဲရှိန်ဟာ ပိုတက်လာခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 81 မိနစ်မှာ တဲလက်စ် တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ရော်နယ်ဒို က ခေါင်းတိုက်ခဲ့ပြီး ဟတ်ထရစ် သွင်းဂိုးနဲ့ အတူ သရဲနီ တို့ကို အဖိုးတန် နိုင်ပွဲ ရရှိစေခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ စပါး နည်းပြ ကွန်တီ က ရော်နယ်ဒို ကို ပွဲချိန်အတွင်း အခမ်းနားဆုံး ကစား သမားလို့ အမွှမ်းတင် သွားခဲ့လိုက်ပါပြီ ။

” ဒါဟာ ခရစ္စတီယာနို ဆီက အံ့ဖွယ် စွမ်းဆောင်ရည် ဖြစ််ခဲ့ရပါတယ် ။ ဒါပေမဲ့ ကျွန်တော် သူ့ကို ကောင်းကောင်း သိပြီးသားပါ ။ အခုလို ဟတ်ထရစ် သွင်းနိုင်ခဲ့တာနဲ့ ပတ်သက််လို့ မအံ့သြမိပါဘူး ။ ကျွန်တော်တို့ဟာ လက်ရှိ မက်ဆီ နဲ့ အတူ ကမ္ဘာ့ အကောင်းဆုံး အဖြစ် သတ်မှတ်ခံရတဲ့ ကစားသမား ဖြစ်နေသူအကြောင်း ပြောနေကြတာပါ ”

” ဘောလုံးသမိုင်းမှာတော့ မာရာဒိုနာ နဲ့ ပီလီ တို့ပေါ့ဗျာ ။ ကျွန်တော်တို့ အခု ဆုံးဖြတ်ချက်တွေ ပေးနိုင်တဲ့ ကစား သမား တစ်ဦး အကြောင်း ပြောဆိုနေကြတာပါ ။ အသင်းက လိုအပ်ခဲ့တဲ့ အချိန်တိုင်းမှာ သူဟာ အမြဲလို အသင့်ရှိနေခဲ့သူ တစ်ဦးပါပဲ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ချန်ပီယံလိဂ် အုပ််စု အဆင့် ပွဲစဥ်တွေကို ကျွန်တော် မှတ်မိနေပါသေးတယ် ။ အဲ့ဒီတုန်းကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းကို နောက်တစ်ဆင့် ရောက်ရှိစေအောင် သူဟာ အဆုံးအဖြတ် ပေးနိုင်ခဲ့ပါသေးတယ် ”

” သူက အခုလို ပွဲစဥ်မျိုးကို ခံစားနိုင်တဲ့ ကစားသမား တစ်ဦးပါ ။ သူဟာ ဒီအသက်အရွယ်မှ ယူနိုက်တက်ဆီ အခုလို ခြေစွမ်းနဲ့ ရောက်လာခဲ့တာပါ ။ နိုင်ပွဲတွေ ရရှိဖို့အတွက်် ခင်ဗျားအနေနဲ့ ပြိုင်ဖက်ကို တက်နိုင်သလောက် ဒုက္ခတွေ စုံလင်အောင် ပေးနိုင်ဖို့ လိုပါတယ် ” လို့ ကွန်တီ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar