မန်ချက်စတာ ဒါဘီ ရှုံးပွဲအပြီး ဝန်ခံမှု တစ်ခု ပြုလုပ်ရင်း လာမဲ့ ပွဲကြပ် နှစ်ပွဲအပေါ် မှတ်ချက်ပေးလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ်က မန်ချက်စတာ ဒါဘီ ပွဲစဥ် မတိုင်မီ ကတည််းက ဒီအသင်းမှာ သူဟာ တကယ့်ကိုကြီးမားတဲ့ အပြောင််းအလဲတွေ လုပ်ဆောင်ဖို့ လိုတယ်ဆိုတာ ကြိုသိခဲ့ကြောင််း ဝန်ခံသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အီတီဟတ် ကွင်းထဲမှာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းနဲ့ မန်ချက်စတာ ဒါဘီ ပွဲစဥ် ကစားခဲ့ရပြီး ဒီဘရိုင်း ၊ မာရက်ဇ် တို့ရဲ့ သွင်းဂိုး ၊ ဆန်ချိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အတူ 4 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ အမှတ်ပေး ဇယားကို ဦးဆောင်နေတဲ့ မြို့ခံ ပြိုင်ဖက် အသင်းနဲ့ ရမှတ် 22 မှတ်ထိ ခြားနားသွားခဲ့ရပါပြီ ။ ဒါ့အပြင် ဒီပွဲစဥ်ရဲ့ နောက်ဆုံး 15 မိနစ် အတွင်း ယူနိုက်တက်တို့ ဘောလုံး ပိုင်ဆိုင်မှု 8 % အထိသာ ရယူနိုင်ခဲ့တာလည်း ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ရန်းဂနစ် က ဒီအသင်းဆီ မလာခင်ကတည်းက စိန်ခေါ်မှု အကြီးကြီးတွေကို ရင်ဆိုင််ရမယ်ဆိုတာ ကြိုတင်သိခဲ့ကြောင်း ၊ ဒီအသင်းကို ဆက််လက် တိုးတက်အောင် လုပ်ဆောင်ဖို့ပဲ သူဟာ စိတ်နှစ်ထားကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော် ရောက်မလာခင်ထဲက ဒါကို သိခဲ့ပါတယ် ။ ဒါကို သိဖို့ အတွက် ဒီပွဲစဥ် ကစားပြီးတဲ့အထိ ကျွန်တော် စောင့်ဆိုင်းနေဖို့ မလိုအပ်ခဲ့ပါဘူး ။ အခု အချိန်က အသင််းကို တိုးတက်အောင် လုပ်ဖို့ပဲ အရေးကြီးပါတယ် ။ ဒီရာသီကို တက်နိုင်သလောက် အကောင်းဆုံး ပုံစံနဲ့ ပြီးဆုံးစေဖို့ပဲ အာရုံစိုက်ရပါ့မယ် ”

” အခြားသော အရာတွေက ကျွန်တော်တို့ ရှေ့ဆက်ပြောကြရမယ့် ပြသနာအချို့ပါ ။ လာမဲ့ စျေးကွက်ထဲမှာတော့ အသင်းကို ပိုမို တိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။ ပွဲစဥ် 28 ပွဲ ပြီးဆုံးသွားချိန်မှာပဲ ကျွန်တော်တို့ဟာ အသင်းအချို့ရဲ့ အဝေးကို ရောက်ရှိနေပါပြီ ”

” ဒီအတွက် အမှတ်ပေး ဇယားက သက်သေပါပဲ ။ ဒါက ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ ပွဲစဥ် တစ်ပွဲပဲ ဖြစ်တယ်ဆိုတာ သိရှိနှင့်ပြီးသားပါ ။ နည်းစနစ်ပိုင်းအရတော့ ပထမပိုင်းအတွင်း ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့တယ်လို့ ထင်မိပါတယ် ”

” ကျွန်တော်တို့ အခွင့်အရေးအချို့ ပိုင်ဆိုင်ခဲ့ကြပါသေးတယ် ။ ပထမပိုင်း အတွင်းမှာပဲ ကျွန်တော်တို့ နောက်ထပ် တစ်ဂိုး နှစ်ဂိုးလောက် သွင်းယူနိုင်ခွင့် ရှိခဲ့ပါတယ် ။ ဒါပေမဲဲ့ ကျွန်တော်တို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး ။ အဆုံးသတ်မှာတော့ သူတို့ နိုင်ခဲ့ကြပါတယ် ။ ထိုက်တန်တဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ကြပါတယ် ”

” အခုတော့ ကျွန်တော်တို့ အနေနဲ့ လာမဲ့ ပွဲစဥ်ကိုပဲ စောင့်ကြည့်ရပါတော့မယ် ။ ပြီးရင် တော့တင်ဟမ် ၊ အက်သလက််တီကို မက်ဒရစ် အသင်းတွေနဲ့ အိမ်ကွင်းမှာ ကောင်းမွန််တဲ့ ပွဲစဥ်မျိုး ပိုင်ဆိုင်ဖို့ သေချာအောင် ပြင်ဆင်ရပါ့မယ် ။ ဒီနှစ်ပွဲကို အနိုင် ကစားနိုင်ဖို့ မျှော်လင့်နေပါတယ် ” လို့ ရန်းဂနစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar