မန်ချက်စတာ ဒါဘီ ပွဲစဥ်မတိုင်မီ မန်စီးတီး အသင်းကို သတိပေး ခေါင်းလောင်းထိုးလိုက်တဲ့ လင်ဒီလော့ဖ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ Super Sunday မှာတော့ ဒီတစ်ပါတ်ရဲ့ ရင်ခုန်စရာ အကောင်းဆုံး ပွဲစဥ် 1 ပွဲ ဖြစ်တဲ့ မန်ချက်စတာ ဒါဘီ ပွဲစဥ်ကို မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းရဲ့ အီတီဟတ် ကွင်းထဲမှာ သွားရောက် ရင််ဆိုင် ကစားရဖို့ ရှိနေပါတယ် ။

ဒါဟာ နှစ်ဖက်အသင်း အတွက်တော့ တကယ့်ကို့ အရေးကြီိးတဲ့ ပွဲစဥ်တစ်ပွဲပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ မန်စီးတီး အသင်းဟာ အမှတ်ပေး ချန်ပီယံ ဖြစ်နိုင်ရေး မျှော်လင့်ချက်် အားကောင်းစေဖို့ အခုလို ပွဲစဥ်မျိုးကို အနိုင် ကစားဖို့ လိုအပ်နေလို့ပါပဲ ။

အခြားတဖက်မှာတော့ ဒီရာသီမှာ ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင််း အတွက်လည်း ထိပ်သီး လေးသင်း စာရင်းဝင်နိုင်ရေး မျှော်လင့်ချက် အားကောင်းစေဖို့ ဒါဟာ အရမ်းကို အရေးပါလွန်းတဲ့ ပွဲစဥ် တစ်ပွဲပဲ ဖြစ်နေခဲ့ရပါတယ် ။

ဒီပွဲ မတိုင်မီ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ် 10 ပွဲမှာ 4 ပွဲသာ အနိုင််ရခဲ့ပြီး 6 ပွဲအထိ သရေကျခဲ့ပါတယ် ။ အခြားတဖက်မှာတော့ မန်စီးတီး အသင်းဟာ 8 ပွဲ နိုင် ၊ 1 ပွဲ သရေ ၊ 1 ပွဲမျှသာ ရှုံးနိမ့်ထားခဲ့ပါတယ် ။

ဒါ့အပြင် မန်စီးတီး အသင်းဟာ လက်ရှိ အချိန်မှာ မန်ချက််စတာ ယူနိုက်တက် အသင်းထက် အစစအရာရာ သာလွန််နေခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကိုလည််း 19 မှတ် အကွာနဲ့ အပြတ်အသတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် ဒီပွဲစဥ်မှာ ချန်ပီယံဆုကို ကာကွယ်လိုတဲ့ မန်စီးတီး အသင်းကပဲ အနိုင်ရလဒ် ရယူသွားနိုင်လိမ့်မယ်လို့ ထင်ကြေးပေးသူတွေ များခဲ့ကြပါတယ် ။ ဒါပေမဲ့ အချို့ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ထင််မှတ်မထားတာတွေ လုပ်ပြနိုင်စွမ်း ရှိတယ်လို့ ထင်ကြေး ပေးနေခဲ့ကြပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူ ဖြစ်တဲ့ နယ်လ်ဆင် ဗစ်တာ လင်ဒီလော့ဖ် က သူတို့ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက မန်စီးတီး အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြနိုင်ခဲ့သလို ဒီရာသီမှာလည်း လုပ်ပြနိုင်စွမ်းရှိကြောင်း ​သတိပေးခေါင်းလောင််း ထိုးသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ဟာ အရင်ကလည်း ဒါကို လုပ်ပြခဲ့ပြီးကြပါပြီ ။ ကျွန်တော်တို့ဆီမှာ သူတို့ကို အနိုင်ယူပြနိုင်ဖို့အတွက်် အသင်းလိုက် အဖွဲ့လိုက် အရည်အသွေး ရှိနှင့်ပြီးသား ဆိုတာကိုလည်း ကျွန်တော်တို့တွေ သိနှင့်ထားကြပါတယ် ”

” ကျွန်တော်တို့ ကောင်းကောင်း ပြင်ဆင်ပြီး game plan ကို လိုက်နာရင် အဝေးကွင်းမှာ နောက်ထပ် ရမှတ် 3 မှတ်ကို စုဆောင်းနိုင်ခြေ ရှိနေလိမ့်မယ်လို့ တွေးတောထားပါတယ် ။ ဒါက ခက်ခဲတဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်သွားမှာပါ ။ ကျွန််တော်တို့ လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ် ” လို့ လင်ဒီလော့ဖ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar