မန်ချက်စတာ ဒါဘီမှာ ယူနိုက်တက်တို့ ချန်လှပ်သင့်တဲ့ အဓိက ကစားသမား နှစ်ဦး အမည်ကို ပြောပြလိုက်တဲ့ ပေါလ် မာဆင်

ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဥ် 28 ရဲ့ အကောင်းဆုံးပွဲ တစ်ပွဲ ဖြစ်တဲ့ မန်ချက်စတာ ဒါဘီကို အီတီဟတ်ကွင််းထဲမှာ ကစားရဖို့ ရှိနေပါတယ် ။ ဒါဟာ နှစ်ဖက်အသင်းအတွက် တကယ့်ကို အရေးကြီးတဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်သွားဖို့ ရှိနေပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အချိန်မှာ မန်စီးတီး အသင််းဟာ ပွဲအရေအတွက် တူညီနေပြီ ဖြစ်တဲ့ လီဗာပူး အသင််းရဲ့ 3 မှတ် အကွာကနေ အနီးကပ် ဖိအားပေးမှုကို ခံနေရပြီ မို့လို့ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် အိမ်ရှင်တို့ ဒီနေ့ပွဲစဥ်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုနေပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််း ဟာလည်း အဆင့် 4 နေရာ အတွက် ဝက်စ်ဟမ်း ၊ အာဆင်နယ် ၊ တော့တင်ဟမ် ဟော့ စပါး တို့ရဲ့ အနီးကပ် ဖိအားပေးမှုကို ခံနေရပြီပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဒီပွဲကို သေချာပေါက် အနိုင် ကစားဖို့ လိုအပ်ပါတယ် ။

ဒီလို ပွဲစဥ်မျိုးကို အနိုင်ရဖို့ အတွက်တော့ နှစ်ဖက် အသင််းလုံးဟာ နည်းစနစ် အပြောင်းအလဲ အချို့ကို လုပ်ဆောင််ရင်း အတောင့်တင်းဆုံး ကစားသမား စာရင်းနဲ့ ပွဲထွက်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အာဆင်နယ် ဂန္တဝင် ကတော့ ရန်းဂနစ်ကို လူချန်ဖို့ တိုက်တွန်းလိုက်ပါပြီ ။

ပေါလ် မာဆင် ချန်လှပ်စေလိုတဲ့ ကစားသမားတွေဟာ အခြားသူတော့ မဟုတ်ပါဘူး ၊ လက်ရှိ ယူနိုက်တက် အသင််း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား နဲ့ ဂိုးအများဆုံး သွင်းထားတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို တို့ပဲ ဖြစ်ပါတယ် ။

” ကျွန်တော့် အတွက်တော့ မက်ဂွားယားဟာ ဒီပွဲမျိုးကို ကစားနိုင်မှာ မဟုတ်ဘူးလို့ တွေးပါတယ် ။ ကျွန်တော့်ရဲ့ အတွေးအရတော့ ဒီလိုပွဲစဥ်မှာ ရပ်ရှ်ဖို့ ၊ အီလန်ဂါ တို့ကို တိုက်စစ်ပိုင်းမှာ ထားပြီး ကစားစေလို ပါတယ် ”

” အကယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ဒီလို ပွဲစဥ်မျိုးကို အနိုင် ကစားလိုတယ်ဆိုရင် လျင်မြန်မှု ၊ skills တွေနဲ့ energy ကောင်းတဲ့ ကစားသမားတွေကို ထည့်သွင်းပြီး ကောင်တာ တိုက်စစ်ဆင် ကစားတာက အခွင့်အရေးကောင်းတွေ ဖြစ်စေပါလိမ့်မယ် ”

” ဒီလို ပွဲစဥ်အတွက်တော့ ကျွန်တော်ဟာ ရော်နယ်ဒို ကိုလည်း ပွဲထွက် ကစားသမား စာရင်းကနေ ချန်လှပ်လိုက်မှာပါ ” လို့ ပေါလ် မာဆင် က မန်ချက်စတာ ဒါဘီအတွက် သူ့ရဲ့ game plan ကို အခုလို ချပြသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar