မန်ချက်စတာမှာ တောက်ပနေခဲ့တဲ့ အသင်းဖော် အီလန်ဂါကို သတိပေးစကား ပြောကြားလိုက်တဲ့ လင်ဒီလော့ဖ်

ယူနိုက်တက် နောက်ခံလူ နယ်လ်ဆင် ဗစ်တာ လင်ဒီလော့ဖ် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား တစ်ဦး အဖြစ်နဲ့ ဆက်လက် တိုးတက်လိုတယ်ဆိုရင် ဆက်လက် ဆာလောင်နေဖို့ ၊ အလုပ်တွေ ကြိုးစားနေဖို့ လိုအပ်ကြောင်း အသင်းဖော် အီလန်ဂါကို သတိပေးသွားခဲ့လိုက်ပါတယ် ။

အသက် 19 နှစ်သာ ရှိသေးတဲ့ တိုက်စစ် ကစားသမား​လေး အီလန်ဂါဟာ အပေါင်း လက္ခဏာ ဆောင်ကျဥ်းမှု နည်းပါးတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဒီရာသီိမှာ အပေါင်း လက္ခဏာ ဆောင်ကျဥ်းသူ တစ်ဦးအဖြစ် တောက်ပနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့်လည်း သူဟာ ချက် အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ကမ္ဘာ့ ဖလား ခြေစစ်ပွဲလို အရေးကြီး ပွဲစဥ်မှာ ဆွီဒင် လက််ရွေးစင် အသင်းအတွက် ရွေးချယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။ သူဟာ ဆွီဒင် လက်ရွေးစင် အသင်းအတွက် အရေးကြီိး ပွဲစဥ်မှာ ယူနိုက်တက်လို တောက်ပနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

ဒါ့ကြောင့်လည်း လင်ဒီလော့ဖ် က အသင်းဖော် ဖြစ်သူဟာ ကလပ်နဲ့ နိုင်ငံ့ အသင်းအတွက် ဆက်လက် တောက််ပနိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့တာပဲဖြစ်ပါတယ် ။ ဒါပေမဲဲ့ လင်ဒီလော့ဖ် ကတော့ အီလန်ဂါ အနေနဲ့ ဆက်လက် ကြိုးစားဖို့ လိုကြောင်း ၊ ကျေနပ်ရောင့်ရဲနေလို့ မဖြစ်နိုင်ကြောင်း ​သတိပေးသွားခဲ့လိုက်ပါတယ် ။

” သူဟာ ပါရမီ ထူးလွန်းတဲ့ ကစားသမား တစ်ဦးပါပဲ ။ အရမ်းကိုလည်း အသက်ငယ် ပါသေးတယ် ။ သူဟာ ကစားသမား တစ်ဦး အနေနဲ့ ခမ်းနားတဲ့ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားပါတယ် ။ သူဟာ အရမ်းမြန်ပြီး နည်းစနစ်ကောင်းတဲ့ ကောင်လေး တစ်ဦးပါ ။ ဂိုးသွင်းဖို့လည်း အမြင်ရှိပါတယ် ”

” အကယ်လို့ သူဟာ အလုပ်တွေ ကြိုးစားမယ် ၊ ဆက်လက််ပြီး ဆာလောင်နေဦးမယ် ၊ နှိမ့်နှိမ့်ချချ နေထိုင်မယ်ဆိုရင် ရှေ့ဆက် ကောင်းမွန်တဲ့ အနာဂတ် ပိုင်ဆိုင်လိမ့်မယ်လို့ ကျွန်တော် တွေးမိပါတယ် ။ ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ သူဟာ အသက်ငယ်ပါသေးတယ် ”

” ဒါ့ကြောင့် သူကစားလိုတဲ့ ပုံစံမျိုးနဲ့ ကစားစေရင်း သူ့ကို ဆက်လက် တိုးတက်စေဖို့ လိုပါတယ် ။ သူဟာ တကယ့်ကို ပါရမီကောင်းတဲ့ ကောင်လေး တစ်ယောက်ပါပဲ ။ သေချာတာပေါ့ ၊ ကျွန်တော်ဟာ ကျွန်တော့်ဆီ အကူအညီ လိုအပ်သူတိုင်း ၊ အသင်းဖော်တိုင်းကို အကူအညီပေးနိုင်ဖို့ ကြိုးစားနေသူပါ ”

” ကျွန်တော်ဟာ လူတွေကို အမြဲ ကူညီပေးချင်ပါတယ် ။ ကျွန်တော် သူနဲ့လည်း စကားတွေ ပြောဦးမှာပါ ။ သူဟာ ဆွီဒင် နိုင်ငံသားလေ ။ သူ့ကို ကျွန်တော် ပြောဆိုလမ်းပြပေးတာမျိုးက သဘာဝကျပါတယ် ။ ပြီးတော့ ကျွန်တော်က လက်ရွေးစင် အသင်းရဲ့ ခေါင်းဆောင်လည်း ဖြစ်တာကြောင့် သူတို့ကို လမ်းညွှန်ပေးဖို့က ကျွန်တော့်ရဲ့ တာဝန်ပါပဲ ”

” သူ့ကိုတော့ ဆက်လက် ဆာလောင်နေဖို့ ၊ ကြိုးစားနေဖို့ ကျွန်တော်မှာခဲ့ပြီးပါပဲ ။ သူဟာ အသက်ငယ်သေးပေမဲ့ ဒီီကို အရောက်လာနိုင်ခဲ့တယ်လေ ။ ဒါပေမဲ့ ဒီလို နေရာမျိုးမှာ ဆက်ရှိနေဖို့ကလည်း တကယ်ပဲ ခက်ခဲလှပါတယ် ။ ဒီအတွက် အလုပ်တွေ ကြိုးစားဖို့ လိုအပ်ပါတယ် ” လို့ လင်ဒီလော့ဖ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar