မစ်ဒယ်ဘရော့ အသင်းကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလား ပြိုင်ပွဲက ထွက်ခွာ ခဲ့ရတဲ့ အပေါ် တုန့်ပြန် ပြောကြားလိုက်တဲ့ ကွန်တီ

တော့တင်ဟမ် အသင်း နည်းပြ ကွန်တီ ​က မစ်ဒယ်ဘရော့ အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့ပြီး အက်ဖ်အေဖလား ပြိုင်ပွဲ က ထွက်ခွာ ခဲ့ရတဲ့နောက် အသင်းရဲ့ စွမ်းဆောင်ရည်ကို ဝေဖန် ပြစ်တင် သွားခဲ့ပါတယ် ။

ကွန်တီ ဟာ လိဒ်ယူနိုက်တက် အသင်းကို လေးဂိုးပြတ် အနိုင် ရခဲ့တဲ့ ပွဲက လူစာရင်း အတိုင်း မစ်ဒယ်ဘရော့ အသင်း နဲ့ ပွဲမှာ ပွဲထွက်ခဲ့ပေမယ့် ခြေစွမ်းပိုင်း တည်ငြိမ် ကောင်းမွန် ခဲ့ခြင်း မရှိတာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရပါတယ် ။

နှစ်သင်းစလုံးဟာ သာမန် ပွဲကစားချိန် အတွင်း အခွင့်အရေးတွေ ရရှိ ခဲ့ပေမယ့် ဂိုးရရှိအောင် စွမ်းဆောင် နိုင်ခဲ့ခြင်း မရှိပါဘူး ။ အချိန်ပို မိနစ် ၃၀ မှာတော့ မစ်ဒယ်ဘရော့ အသင်းဟာ အသက် ၁၉ နှစ်မရွယ် လူငယ် ကြယ်ပွင့် ကိုဘန်း ရဲ့ အနိုင်ဂိုး ကြောင့် နောက်တစ်ဆင့်ကို တက်လှမ်း သွားခဲ့ပါတယ် ။

အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် တော့တင်ဟမ် အသင်းဟာ ၁၄ ရာသီ ဆက်တိုက် ဖလား လက်မဲ့ အခြေအနေနဲ့ ကြုံတွေ့ သွားခဲ့ရပါတယ် ။ ကွန်တီကတော့ သူ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်လက်ပျက် ဖြစ်မိကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။

” ရလဒ်ကောင်း မရခဲ့တာကတော့ အမှန်ပါပဲ ၊ ကျွန်တော်တို့ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရတဲ့ အပေါ် စိတ်ပျက်လက်ပျက် ဖြစ်မိပါတယ် ၊ ဒီလို ပွဲမျိုးမှာ ပြိုင်ဘက်ကို ပွဲအစကတည်းက ဖိအားပေးပြီး နလန်မထူနိုင်အောင် လုပ်ရမှာပါ ။ ”

” သူတို့ကိုသာ မျှော်လင့်ချက် သွားပေးမိရင် ပြိုင်ဘက်က ယုံကြည်မှု ပိုမို မြင့်တက်လာပြီး ပွဲချိန် အတွင်း ကစားပုံ တိုးတက်သွားမှာပါ ။ ပြီးရင်တော့ ပွဲရလဒ် က ဘာမဆို ဖြစ်ပျက် သွားနိုင်ပါတယ် ။ ”

” ပထမဦးဆုံး အနေနဲ့ မစ်ဒယ်ဘရော့ က ကောင်းကောင်း ကစား နိုင်ခဲ့ပါတယ် ၊ လေးစားမှု ပေးဖို့ ထိုက်တန် တဲ့ အသင်းပါ ၊ အနိုင်ရလဒ် အတွက်လည်း ဂုဏ်ပြု ပေးချင်ပါတယ် ။ ဒီနေ့ပွဲက ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို ပြန်ကြည့်ကြည့်ဖို့ လိုအပ်ပါတယ် ။ ”

” ဒီလို ဖလားပွဲမျိုးမှာ ပြိုင်ဘက်ကို မြန်မြန်အဆုံးသတ် နိုင်ဖို့ လိုအပ်ပါတယ် ၊ ပြိုင်ဘက်ကသာ ကိုယ့်အခြေအနေကို သဘောပေါက်သွားရင် ကစားရတာ ပိုမို ခက်ခဲ သွားပါလိမ့်မယ် ၊ ဒီနေ့ ပွဲမှာ မစ်ဒယ်ဘရော့ က နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန် တက်သွားခဲ့တာပါ ။ ”

” ကျွန်တော် ဒီစကား ပြောနေတာ ထပ်ခါ ထပ်ခါ ရှိနေပါပြီ ၊ နိမ့်ကျလိုက် မြင့်တက်လိုက် နိမ့်ကျလိုက် မြင့်တက်လိုက် ချည်း ဖြစ်နေလို့ မရပါဘူး ၊ အရှုံးကနေ သင်ခန်းစာယူပြီး တိုးတက်အောင် လုပ်ဆောင်ရမှာပါ ၊ ကျွန်တော်တို့ ရှေ့လျှောက် ဒီရာသီကို အကောင်းဆုံး ပြီးဆုံး နိုင်အောင် ကြိုးစား ရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM