မက်ဒရစ် သူရဲကောင်း ဘန်ဇီးမား၊ ဒဏ်ရာပြန်ရသွားတဲ့ ချဲလ်ဆီး စတား ၊ နူရာဝဲစွဲကိန်းဆိုက်နိုင်တဲ့ အဲဗာတန် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ ပွဲစဉ်တွေ မှာတော့ ရီးရဲမက်ဒရစ် ဟာ အိမ်ကွင်းမှာ PSG အသင်းကို ၃-၁ နဲ့ အနိုင် ကစားပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၂ နဲ့ ကွာတ ဖိုင်နယ် အဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ပါတယ် ။

ရီးရဲ အတွက် တိုက်စစ်မှူးကြီး ဘန်ဇီးမား က ဟက်ထရစ် သွင်းယူပေးခဲ့တာ ဖြစ်ပြီး PSG အတွက် ဘာပေ က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။


ကျန်ပွဲစဉ်မှာတော့ မန်စီးတီး နဲ့ စပို့တင်း တို့ ဂိုးမရှိ သရေကျခဲ့ပြီး စီးတီး က နှစ်ကျော့ပေါင်း ရလဒ် ၅-၀ နဲ့ နောက်တဆင့်ကို တက်လှမ်းသွား နိုင်ခဲ့ပါတယ် ။

ဝုဗ် တိုက်စစ်မှူးလေး ပက်ဒရို နက်တို ဟာ သူ့ရဲ့ ၂၂ နှစ်ပြည့် မွေးနေ့မှာ အသင်းနဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို လိုက်ပါတယ် ။ ဒါကြောင့် ပေါ်တူဂီသားလေးဟာ ၂၀၂၇ အထိ ဝုဗ် အသင်းမှာ ဆက်ရှိနေ တော့မှာပါ ။

အက်သလက်တီကို မက်ဒရစ် အသင်းဟာ တော့တင်ဟမ် ဟော့စပါး ညာနောက်ခံလူ အီမာဆင် ရွိုင်ရယ် ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ စိတ်ကူး ရှိနေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဗြိတိန် ရဲ့ ကုန်ပစ္စည်း ထုတ်လုပ်သူ တယောက် ဖြစ်တဲ့ နစ် ကန်ဒီ ဟာ ချဲလ်ဆီး အသင်းကို ရိုမန် အေဘရာမိုဗစ်ချ် ထံ ကနေ ပေါင် ၂.၅ ဘီလီယံ နဲ့ ဝယ်ယူဖို့ စီစဉ် နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ဒဏ်ရာ ကနေ ပြန်လည် ကောင်းမွန် လာပြီး ပွဲ အနည်းငယ်သာ ကစားရ သေးတဲ့ ရစ်ဆီ ဂျိမ်းစ် ဟာ ကြွက်သား ပြဿနာ အနည်းငယ် ရှိနေတယ်လို့ ထုတ်ပြောခဲ့ပြီး ဒီအတွက် စိုးရိမ်မိ ပါတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ဒေါ့မွန် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ကို လာမယ့် နွေရာသီမှာ ခေါ်ယူ နိုင်မယ်လို့ ယုံကြည်မှု ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

ဟာလန်း ကို မန်စီးတီး ၊ ဘိုင်ယန် ၊ ရီးရဲ မက်ဒရစ် နဲ့ PSG တို့လို ထိပ်သီး အသင်းကြီးတွေက အပြိုင် ကမ်းလှမ်းဖို့ ရှိနေပါတယ် ။

ယမန်နေ့က လေ့ကျင့်ရေးကွင်း ကို ပြန်ရောက်လာပြီး နောက်ဆုံးမှ ထွက်ခွာ သွားခဲ့တဲ့ ခရစ္စတီယာနို ရိုနယ်ဒို ဟာ တင်းပါးဆုံ ဒဏ်ရာ ကြွင်းကျန် နေသေးတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ပြီး လာမယ့် ပွဲစဉ် အတွက် မသေချာနိုင်သေးဘူးလို့ သိရှိရပါတယ် ။

ပရီးမီးယားလိဂ် မှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွား နေတဲ့ အဲဗာတန် ဟာ ၂၀၁၇ ကနေ ၂၀၂၀ အတွင်း ပေါင် သန်း ၂၆၀ အရှုံးပေါ် ခဲ့တာကြောင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က သတ်မှတ် ပေးထားတဲ့ ပမာဏ ( ၃ နှစ် ကာလ အတွင်း ပေါင် ၁၅၅ သန်း အများဆုံး ) ကို ကျော်လွန် နေတာကြောင့် ရမှတ် လျော့ချတဲ့ ပြစ်ဒဏ် ကို ရင်ဆိုင် ရဖို့ အလားအလာ ရှိနေတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ယူကရိန်း အသင်းရဲ့ စကော့တလန် နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off ဆီမီး ဖိုင်နယ် ကို ရွှေ့ဆိုင်း လိုက်ပေမယ့် တဘက်လမ်းကြောင်းက ဝေးလ် နဲ့ သြစတြီးယား တို့ရဲ့ ပွဲစဉ် ကတော့ မူလ စီစဉ် ထားတဲ့ မတ်လ ၂၄ ရက်နေ့မှာ ကစားသွားမယ်လို့ သိရပါတယ် ။

ယူကရိန်း မှာ ရုရှ ကျူးကျော်မှု ကို ခုခံ တားဆီး နေတဲ့ လက်ဝှေ့ အကျော် အမော် ကလစ်ရှ်ကို ညီနောင် ဟာ မေလ ထဲမှာ ထိုးသတ်ပွဲ ရှိနေတဲ့ ရုရှ လက်ဝှေ့ သမား ကို အမေရိကန် အတွင်း ဝင်ရောက်ခွင့် ပိတ်ပင် ပေးဖို့ တောင်းဆို သွားခဲ့တယ်လို့ သိရှိရ ပါတယ် ။

PSG အသင်းဟာ ဝါရင့် ကစားသမားကြီး ဒီမာရီယာ ရဲ့ အနာဂါတ် အတွက် အစားထိုးဖို့ ပြင်ဆင်တဲ့ အနေနဲ့ မန်စီးတီး ကနေ ရာသီ အကုန်မှာ ထွက်ခွာ နိုင်တဲ့ တောင်ပံ ကစားသမား မာရက်ဇ် ကို ချိန်ရွယ် နေတယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR