မက်ဂွားယားအပေါ် ဝေဖန်နေသူတွေကို တုန့်ပြန်လိုက်တဲ့ တိုင်ရွန် မင်းစ်

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နောက်ခံလူ တိုင်ရွန် မင်းစ် ကတော့ လက်ရွေးစင် အသင်းဖော် ဟယ်ရီ မက်ဂွားယားကို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားနည်းချက်် တစ်ခုအဖြစ် မရှုမြင်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနှစ် ဘောလုံး ရာသီမှာ စိတ်ပျက်ဖွယ်ကောင်းတဲ့ နှစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ရပြီး မတ်လ မတိုင်မီမှာပဲ ဆုဖလားတွေရဲ့ အဝေးကို ရောက််ရှိသွားခဲ့ရပါတယ် ။ ဒါဟာ နှစ် 40 အတွင်း ယူနိုက်တက််ရဲ့ အဆိုးဆုံးရာသီလည်း ဖြစ်သွားခဲ့ရပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ ခြေစွမ်း မပြနိုင်တဲ့ အသင််းခေါင်းဆောင်ရဲ့ အနေအထားဟာ ဝေဖန်မှုတွေအောက် ကျရောက်မှာ အသေအချာပါပဲ။ အခုလည်း ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွားယားဟာ ဝေဖန်မှုတွေအောက် ဆက်တိုက်ဆိုသလို ကျရောက်ခဲ့ပါပြီ ။

သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ စရောက်ခဲ့စဥ်က ပုံစံကောင်း ပြသနိုင်ခဲ့ပြီး အသင်းရဲ့ ခံစစ်ကြောင််းကို ဦးဆောင်ပေးနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့်လည်း သူဟာ အသင်း ခေါင်းဆောင် ရာထူးကို များမကြာမီ ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဒီနှစ်မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေက စိတ််ပျက်ဖွယ် ကောင်းနေခဲ့ပြီး အသင်းရဲ့ ဂိုးပေါက် အရှေ့မှာ အမှားတွေ မကြာခန ကျူးလွန်ခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ဆက်တိုက် ကြုံခဲ့သလို အသင်း ခေါင်းဆောင် ရာထူးမှ ထုတ်ပယ်ဖို့ အထိပါ တောင်းဆိုခံခဲ့ရပါသေးတယ် ။

ဒါပေမဲ့ မက်ဂွားယားရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဖော် ဖြစ်တဲ့ အက်စတွန် ဗီလာ အသင်းရဲ့ နောက်ခံလူ တိုင််ရွန် မင်းစ် ကတော့ အသင်းဖော် ဖြစ်သူ အဖော် ဝေဖန်မှုတွေဟာ တရားမျှတမှု မရှိဘူးလို့ တုန့်ပြန် သွားခဲ့လိုက်ပါတယ် ။

” မက်ဂွားယားဟာ ဝေဖန်ခံရမှုတွေအောက် အရမ်းကြီး ကျရောက်နေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ အဲ့ဒီထဲက အများစုက မှားယွင်းနေပါတယ် ။ လူတွေက အသင်းကောင်းပြီး မက်ဂွားယားကပဲ အားနည်းချက် တစ်ခုလို ဖြစ်နေတာမျိုး ပြောကြတာ မျှတမှု မရှိပါဘူး ”

” ဗဟို နောက်ခံလူ တစ်ဦး အနေနဲ့ ခင်ဗျားရဲ့ အမှားတွေကို အမြဲတမ်း ဖော်ပြခံရပါတယ် ။ ဒါဟာ ကျွန်တော်တို့ ကစားကြတဲ့ နေရာရဲ့ ကြောက်စရာကောင်းတဲ့ အချက် တစ်ခု ဖြစ်နေတာမို့ လက်ခံရပါ့မယ် ။ သူလည်း ဒါကို လက််ခံပါတယ် ။ သူ့ရဲ့ ကာရိုက်တာက ဂုဏ်ထူးမှတ်နဲ့ ထိုက်တန််လှပါတယ် ”

” ကလပ် အဆင့်မှာ ဘာပဲဖြစ်ခဲ့ပါစေ ၊ ဒီက မန်နေဂျာ နဲ့ အသင်းဖော်တွေက အဲ့တာကို အတိတ်မှာ ချန်ထားနိုင်စေဖို့ အလွယ်တကူ ကူညီပေးနိုင်ကြပါတယ် ။ ကျွန်တော်တို့ကို ခြားနားတဲ့ ပတ်ဝန်းကျင် ၊ အသံဗလံတွေ နဲ့ မတူညီတဲ့ မျက်နှာတွေ ကြားထဲမှာ ဖြေလျော့မှု ပေးနိုင်ပါတယ် ”

” ဒီလို အချက်တွေကြောင့်လည်း ကစားသမားတွေဟာ ကလပ် အဆင့်မှာထက် နိုင်ငံ့ အသင်းမှာ ပိုပြီး ကောင်းမွန််အောင် ကစားပြနိုင်ကြတာပဲလို့ ကျွန်တော် ထင်ပါတယ် ။ ကမ္ဘာကြီးက ချက်ချင်း ခြားနားသွားတယ်လေ ။ အခု မက်ဂွားယားဟာ ကောင်းကောင်း ကစားပြနေပါပြီ ” လို့ တိုင်ရွန် မင်းစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar