မက်ဂွားယားရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အထူးသတိပေးစကား ပြောကြားလိုက်တဲ့ ကာရေဂါ

လီဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂျေမီ ကာရေဂါ က အခုလို စိတ်ပျက်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေကိုသာ ဆက်လက်ပြသနေဦးမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ရဲ့ အနာဂတ် ထိခိုက်သွားလိမ့်မယ်လို့ မက်ဂွားယားကို သတိိပေးသွားခဲ့လိုက်ပါတယ် ။

 

ယူနိုက်တက် အသင်းခေါင်းဆောင်ဟာ ဒီရာသီမှာတော့ အသင်းရဲ့ ခံစစ်မှာ ကစားပုံတွေ အလွဲလွဲအချော်ချော် ဖြစ််နေခဲ့ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို မကြာခန ရရှိခဲ့ပါတယ် ။ အချို့ကတော့ သူ့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး ခေါင်းဆောင်နိုင်မှု စွမ်းရည်အပေါ်ပါ မေးခွန်းထုတ်ခဲ့ကြပါသေးတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဖက်မှ အက်သလက်တီကို မက်ဒရစ် အသင်းကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာ မက်ဂွားယားဟာ ပွဲထွက် ကစားသမား အဖြစ်နဲ့ ပါဝင်ခွင့် ရရှိခဲ့ပေမဲ့ အသင်းမှ တိုက်စစ် ပိုဆင်ဖို့ လိုအပ်ခဲ့ချိန်မှာ ဟွမ် မာတာ နဲ့ လူစားလဲခံခဲ့ရပါသေးတယ် ။

အဆိုပါ ပွဲစဥ်မှာလည်း မက်ဂွားယားရဲ့ စွမ်းဆောင်ရည်တွေက ပရိသတ်တွေ အတွက်တော့ အထူး ဝေဖန်စရာ ဖြစ််ခဲ့ရပါသေးတယ် ။ ဒီပွဲမှာလည်း သူ့ရဲ့ ကစားပုံ နဲ့ နေရာယူပုံတွေဟာ ကျေနပ်စရာ မဖြစ်ခဲ့ရသလို တိုက်စစ်ပိုင်းမှာ ခေါင်းတိုက်ဖို့ နေရာယူချိန် ရော်နယ်ဒိုကို ထိခိုက်မိစေခဲ့တာကလည်း လှောင်ပြောင်စရာ ဖြစ်သွားခဲ့ရပါတယ် ။

အခုတော့ လီဗာပူး ဂန္တဝင် ကာရေဂါ က မက်ဂွားယား ရဲ့ အနေအထား အပေါ် ကိုယ်ချင်းစာမိကြောင်း ၊ မည့်သည့် ကစားသမားမဆို နိမ့်ပါးတဲ့ အခိုက်အတန့် ကြုံရတာဖြစ်ကြောင််း ၊ ဒါပေမဲ့ ယူနိုက်တက်မှာ အနာဂတ် တစ်ခု ပိုင်ဆိုင််လိုပါက အခုထက် ပိုကောင်းဖို့ပါ လိုအပ်သေးကြောင််း သတိပေး စကားပါ ပြောခဲ့လိုက်ပါတယ် ။

” သူဟာ ကစားသမား ဘဝရဲ့ အဆိုးရွားဆုံး အခိုက်အတန့်ကို ကြုံတွေ့နေရပါတယ် ။ ကျွန်တော်တို့လည်း ဒီလို အခိုက်အတန့်မျိုး ကြုံခဲ့တာချည်းပါပဲ ။ ကျွန်တော် ဖြစ်ခဲ့တုန်းက ပုံရိပ်တွေ အခုထိ မျက်လုံးထဲ မြင်ယောင်နေဆဲပါပဲ ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ ကျွန်တော်တို့ရဲ့ ခေါင်းထဲမှာ သီးခြား အတွေးတစ်ခု ရှိခဲ့တာချည်းပါပဲ ”

” ကျွန်တော်တို့ ပွဲစဥ် တစ်ပွဲကို ဘယ်လောက်ပဲ ကောင်းအောင် ကစားပြနိုင်ပါစေ ၊ ပွဲစဥ် အတွက် ဘယ်လိုပဲ ကြိုတင််ပြင်ဆင်ထားပါစေ ၊ ကျွန်တော်သာ ပွဲချိန် အတွင်းမှာ အမှား တစ်ခု ကျူးလွန်မိရင် ဘောလုံးဟာ ဂိုးပိုက်ထဲကို ရောက်သွားလိမ့်မယ် ဆိုတဲ့ ခံယူချက်မျိုးနဲ့ အားထုတ်ခဲ့ကြပါတယ် ”

” ဒါဟာ ဘယ်အချိန်တုန်းက ဖြစ်ခဲ့လဲ ၊ ဘယ်လို အခိုက်အတန့်မျိုးမှာ ဖြစ်ခဲ့သလဲဆိုတာ ကျွန်တော် အမြဲတမ်း မှတ််မိနေပါတယ် ။ ဟယ်ရီ မက်ဂွားယား ဟာလည်း အခုချိန််မှာ အဲ့ဒီလို အခိုက်အတန့်မျိုး ပိုင်ဆိုင်နေတာပါ ။ သူ့ အနေနဲဲ့ ဒီလို အခိုက်အတန့်မျိုးကနေ အမြန်ဆုံး ရုန်းထွက်ပြရပါလိမ့်မယ် ”

” အဲ့ဒီလိုမျိုး မဟုတ်ရင် သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝက ကုန်ဆုံးသွားပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဆိုတာ အဆင့်အတန်း မြင့်မားလွန်းတဲ့ ကလပ် အသင်း တစ်ခု အဖြစ် ရှိနေသေးဆဲမို့လို့ပါပဲ ” လို့ ကာရေဂါ က သတိပေး သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar