ဘောလုံး အကြောင်းတွေတောင် အာရုံ မစိုက်နိုင်တော့ပါဘူး #ယာမိုလန်ကို

ဝက်စ်ဟမ်း အသင်းရဲ့ ပွဲစဉ်တွေ ကို အကောင်းဆုံး စွမ်းဆောင်ရည်တွေ နဲ့ ပြန်လည် ကစားပေးနေသည့်တိုင်အောင် ယူကရိန်း ကစားသမား ယာမိုလန်ကို ကတော့ သူ့အနေနဲ့ ဘောလုံး အကြောင်းတွေကို အာရုံ မစိုက်နိုင်ဘူးလို့ ဖွင့်ဟ လိုက်ပါတယ်။

တစ်နေ့ တစ်နေ့ မွေးရပ်မြေမှာ ရှိနေတဲ့ မိဘတွေ ၊ သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေ ဘေးကင်းကြရဲ့လား ဆိုတာ စိတ်ပူနေရတဲ့ အတွက် ဘောလုံး လောကမှာ ဘာတွေ ဖြစ်လို့ ဖြစ်မှန်းတောင် မသိတော့ဘူးလို့ ဆိုလိုက်ပါတယ်။

သူ့ မိသားစုဝင် တစ်ချို့ ဟာ မွေးရပ်မြေ Chenihiv မြို့မှာပဲ ဆက်လက် ပုန်းခိုနေရဆဲ ဖြစ်ပြီး ၊ ရုရှား ရဲ့ အဆက်မပြတ် ဗုံးကျဲ တိုက်ခိုက်မှုတွေ အကြားမှာ စိတ်ဓါတ်ပိုင်း အရ မနည်း ကြံ့ကြံ့ခံထားရရှာပါတယ်။

“ ဒီ အချိန်မှာ ဘောလုံး အကြောင်း ပြောဆိုဖို့ ခက်ခဲသလို ၊ ဘာတွေ ဖြစ်နေကြလဲ ဆိုတာလဲ မတွေးနိုင်တော့ပါဘူး။ ကျနော်ဖြင့် လေ့ကျင့်ခန်းတွေဆင်းပြီး ၊ ကွင်းထဲမှာ ကစားနေရသည့်တိုင်အောင် စိတ်နဲ့ လူနဲ့ သိပ်ပြီး မကပ်ချင်ပါဘူး။

ရုရှား က ကျူးကျော်လာတဲ့ ပထမ အပတ်တုန်း က ဆိုရင် အိပ်လို့တောင် မပျော်ဘူးဗျာ။ စားလဲ မစားနိုင်ပါဘူး။ တစ်ချိန်လုံး ဖုန်းကို ဖွင့်ထားပြီး ဘာတွေ ဖြစ်လဲပဲ ဆက်တိုက် မေးနေရတာပါ။

ကျနော်ဖြင့် ရူးတောင် ရူချင်ခဲ့ပါတယ်။ ဘောလုံး ရလာဒ်တွေ ဘယ်လိုဖြစ်နေတယ် ၊ ဘယ်အသင်းတွေ ဘာဖြစ်သွားတယ်လဲ မသိတော့ပါဘူး” လို့ ပြောဆို လာခဲ့ပါတယ်။

ရုရှား ဟာ ဖေဖော်ဝါရီလ 24 ရက်နေ့ က စတင်ပြီး ယူကရိန်း ကို ကျူးကျော်စစ် စတင် ဆင်နွှဲခဲ့တာ ဖြစ်လို့ အခုဆိုရင် တစ်လ ဝန်းကျင် ရှိတော့မှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ယာမိုလန်ကို က “ ဒါက လုံးဝကို လူမျိုးတုန်း သတ်ဖြတ်မှုကြီးပါ။ သူတို့ဟာ ယူကရိန်း ပြည်သူမှန်သမျှကို ဖျက်ဆီးနေကြပါတယ်။

အပြစ်မဲ့ ပြည်သူတွေ ၊ ကလေးတွေ ၊ မိခင်တွေကိုပါ ပစ်သတ်နေတာပါ။ ဘယ်လိုလုပ်ပြီး ဒါမျိုး လုပ်ရက်လဲ မသိပါဘူး။ တော်တော်ကို ခြောက်ခြားဖို့ ကောင်းလွန်းပါတယ်။

ကျနော်ဖြင့် ပြောစရာ စကားလုံးတောင် ရှာမတွေ့တော့ဘူးဗျာ။

ဒီလို အချိန်မျိုးမှာ ရုရှား လူမျိုးတွေက ပျော်ပွဲတွေ ကျင်းပဖို့ မပျက်ကွက်ပါဘူး။ သူတို့ ဘာလို့များ အဲလို နေနိုင်ကြတာလဲဗျာ။ အားလုံးကို သိမ်းကျုံး လက်ညှိုး မထိုးချင်ပါဘူး။ တစ်ချို့ ရုရှား လူမျိုးတွေက ဘာတွေ ဖြစ်နေလဲ ဆိုတာ ကောင်းကောင်းသိပါတယ်။ သူတို့ရဲ့ သဘောထားကိုလဲ အသိအမှတ်ပြုပါတယ်။

ဒါပေမယ့် လောလောဆယ် ယူကရိန်း မှာ ဖြစ်နေတာ လူသတ်ပွဲကြီးပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ယာမိုလန်ကို က ရုရှား အပေါ် ဖိအားပေးဖို့ ယူကေ အစိုးရကို တောင်းဆိုခဲ့သလို ၊ သတ်ဖြတ်မှုတွေကနေလဲ ရပ်တန့်သွားအောင် အစွမ်းကုန် ကြိုးစားပေးဖို့ မေတ္တာရပ်ခံ ခဲ့ပါတယ်။ လက်ရှိမှာ ယူကေ ဟာ စီးပွားရေး ဆိုင်ရာ အရေးယူမှုတွေ အပြင် ၊ ယူကရိန်း ကနေ ထွက်လာတဲ့ ဒုက္ခသည်တွေ နေထိုင်နိုင်ဖို့ ယာယီ ဒုက္ခသည် အဆောက်အဦးတွေ ဖွင့်လှစ်ကာ ကူညီပေးလျှက် ရှိပါတယ်။

“ ဗြိတိသျှတွေက ယူကရိန်း ကို တတ်နိုင်သလောက် ကူညီကြပါတယ်။ သူတို့ အစိုးရ အနေနဲ့ ရုရှား အပေါ်လဲ ဖိအားတွေကို ပေးလို့ရကောင်း ရမှာပါ။ ဒါကြောင့်မို့ အပြစ်မဲ့ ပြည်သူတွေ အသက်ဆုံးရှုံးမှု မရှိအောင် တားဆီးပေးစေချင်ပါတယ်။

ကျနော်တို့ တောင်းဆိုချင်တာလဲ ဒါပါပဲ။

အခု ယူကရိန်း ဘောလုံး သမား တစ်ချို့ ဆိုရင် လက်နက်ကိုင်ပြီး ခုခံစစ် ဆင်နွှဲနေကြပါပြီ။ တစ်ချို့ ကလဲ ငွေကြေးပိုင်း ထောက်ပံ့ကြသလို ၊ တစ်ချို့ ကတော့ ဆေးဝါးတွေ ၊ အစားအသောက်တွေ ကူညီပေးနေကြပါတယ်။

ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ကျနော်တို့ အားလုံး လက်နက် ကိုင်ပြီး တိုက်ပွဲ ဝင်နိုင်တဲ့ အနေအထားမှာ မရှိပါဘူး။

ကျနော် ကိုယ်တိုင်လဲ ကိုယ့်ရဲ့ မြို့လေးကို တတ်နိုင်သလောက် ကူညီပေးဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ ပထမဆုံး ဗုံးကျဲလိုက်တဲ့နေ့က စလို့ မြို့တော်ဝန်ဆီ လှမ်းဖုန်းဆက်ပြီး ၊ စစ်တပ် အတွက် ဘာတွေ လိုအပ်လဲ မေးခဲ့တာပါ။

ကျနော်တို့ အားလုံး တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် ကူညီပေးရမှာ ဖြစ်ပါတယ်။” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SM