ဘိုင်ယန်မြူးနစ် စတားလို ကစားသမားမျိုး ဖြစ်ချင်ကြောင်း ဖွင့်ပြောလိုက်တဲ့ ယူနိုက်တက် ကွင်းလယ်လူ တော်မီနေး

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ စကော့ မက် တောမီနေး က သူဟာ ဘိုင်ယန် မြူးနစ် အသင််းရဲ့ တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီး ရဲ့ ခြေရာကို လိုက်နင်းလိုကြောင်း ၊ သူ့လို အသက်အရွယ်မျိုး ရောက်တဲ့ အခါမှာလည်း ခြေစွမ်းကောင်း ဆက်လက် ပြသလိုကြောင်း ပြောခဲ့လိုက်ပါတယ် ။

စကော့တလန် လက်ရွေးစင် အသင်းဟာ မနက်ဖြန် နံနက််မှာတော့ ခြေစမ်းပွဲအဖြစ် လီဝန်ဒေါစကီး ဦးဆောင်မဲ့ ပိုလန် လက်ရွေးစင် အသင်းကို ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ် ။ ဒီပွဲ မတိုင်ခင် တုန်းကတော့ စကော့တလန်ဟာ ယူကရိန်း နဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ကစားရဖို့ ရှိခဲ့ပါသေးတယ် ။

ဒါပေမဲ့ လက်ရှိအချိန် ယူကရိန်း နိုင်ငံမှာ နိုင်ငံရေး ပြသနာတွေ ရှိနေခဲ့တာကြောင့် အဆိုပါ ပွဲစဥ်ကို ကစားဖို့ ရက်ရွှေ့ခဲ့ရတဲ့ အတွက် စကော့တလန် တို့ဟာ လီဝန်ဒေါစကီးရဲ့ ပိုလန် အသင်း နဲ့ ခြေစမ််းပွဲ ကစားရဖို့ အကြောင်းဖန်လာခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒီလို ခြေစမ်းပွဲမျိုးဟာ ကစားသမားနဲ့ နည်းပြ ဖြစ်သူတွေ အတွက် အရေးကြီးလွန်းတဲ့ ပွဲစဥ်မျိုးတော့ မဟုတ်ပါဘူး ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဒီလိုပွဲမှာ ကစားခွင့်ရပြီး ခြေစွမ်းပြနိုင်မယ်ဆိုရင်တော့ နိုင်ငံ နဲ့ ကလပ် နည်းပြတွေရဲ့ အာရုံကို ဖမ်းစားနိုင်မှာ အသေအချာပါပဲ ။

အခုတော့ ဒီလိုပွဲစဥ်မျိုး မတိုင်မီ ယူနိုက်တက် ကွင်းလယ််လူ စကော့ မက် တော်မီနေး က သူဟာ လီဝန်ဒေါစကီးကို အနီးကပ် လေ့လာသွားဖို့ ရှိကြောင်း ၊ သူဟာ အခုထိ ခြေစွမ်းပြနိုင်တဲ့ လျှို့ဝှက်ချက်ကို ရှာဖွေသွားမှာ ဖြစ်ကြောင််း ပြောပြသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော် အရင်တုန်းကတော့ သူနဲ့ ပွဲကြီးပွဲကောင်း မကစားခဲ့ဖူးပါဘူး ။ ကျွန်တော်တို့ အသင်းကို ဟိုဆေး မော်ရင်ဟို ကိုင်တွယ်ခဲ့စဥ်တုန်းက နွေရာသီရဲ့ ခြေစမ်းပွဲ တစ်ပွဲမှာ ဘိုင်ယန် မြူးနစ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ကျွန်တော် သူနဲ့ ယှဥ်ပြိုင်ခဲ့ဖူးပါတယ် ”

” ဘယ်လိုပဲ ဖြစ်ပါစေ ၊ သူ့ရဲ့ ဂိုးသွင်း မှတ်တမ်းက အရမ််းကို အထင်ကြီးစရာပါပဲ ။ သူဟာ သာမန်ထက် ထူးကဲလွန်းတဲ့ ဘောလုံးသမား တစ်ဦးပါ ။ သူ့ရဲ့ ခန္တာကိုယ်ကို ထိန်းသိမ်းထားတဲ့ ပုံစံမျိုး ၊ သေချာတာပေါ့ ၊ ကျွန်တော် အသက်အရွယ် ရတဲ့ အခါမှာ အဲ့တာမျိုး ဖြစ်နိုင်အောင် အတုယူသွားမှာပါ ”

” သူဟာ ပွဲစဥ်တွေမှာ အလွန်အမင်း ကြိုးစား ကစားပြနိုင်တာ ထင်ရှားလှပါတယ် ။ သူ့ကိုယ်သူ ကောင်းကောင်းလည်း ထိန်းသိမ်းထားနိုင်ခဲ့ပါတယ် ။ သူဟာ ရရှိတဲ့ ဂုဏ််ထူးမှတ် ၊ အောင်မြင်မှုတိုင်းနဲ့ ထိုက်တန်လှသူ တစ်ဦးပါပဲ ။ ဘောလုံးဆိုတာ ဒါပဲလေ ၊ ခင်ဗျားတို့ အချိန်တိုင်း တိုးတက််လိုကြပါတယ် ”

” ခင်ဗျားတို့ အချိန်ပို ရတဲ့ အခါတိုင်း ဘယ်လို တိုးတက်နိုင်မလဲ ၊ အသေးစိတ် အချက်အလက်တိုင်းကို လေ့လာနေရမှာပါပဲ ။ ခင်ဗျား အနေနဲ့ အသက်ကြီးလာလေလေ ၊ ကိုယ့်ခန္ဓာကိုယ် အကြောင်း ပိုသိလေလေ ဖြစ်သင့်ပါတယ်် ။ ပြီးတော့ ဘယ်လို ကစားပုံနဲ့ ကိုက်ညီမလဲ ၊ အပြင်မှာရော ဘယ်လို နေသင့်လဲ ဆိုတာက အစ ဂရုစိုက်ရပါ့မယ် ” လို့ တော်မီနေး က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar