ဘလွန်းဒီအော် အဆင့်သတ်မှတ်ချက် 7 မှာပဲ ရှိခဲ့လို့ အံ့အားသင့်မိတယ်လို့ ရင်ဖွင့်လိုက်တဲ့ မို ဆာလာ

2021 ခုနှစ် ဘလွန်းဒီအော်ဆု ချီးမြှင့်ပွဲ အခမ်းအနား မှာ ဘိုင်ယန် မြူးနစ် တိုက်စစ်မှုး လီဝန်ဒေါ့စကီး မရခဲ့လို့ ပရိသတ် အများစု အံ့အားသင့်ခဲ့ရသလို ၊ လီဗာပူး တိုက်စစ် ကစားသမား မို ဆာလာ ကလဲ သူ့အနေနဲ့ နံပါတ် 7 နေရာမှာပဲ ရပ်တည်နိုင်ခဲ့လို့ အများကြီးကို အံ့အားသင့်မိခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အီဂျစ် တိုက်စစ် ကစားသမားကြီးဟာ 2021 ခုနှစ် အတွင်း အကောင်း စွမ်းဆောင်ရည်တွေ ဆက်တိုက် ပြသနိုင်ခဲ့သလို ၊ လက်ရှိမှာလဲ ပရီးမီးယားလိဂ် 19 ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု 10 ကြိမ် အထိ လုပ်ပြထားပါတယ်။ သို့သော် ဘလွန်းဒီအော် မဲပေးမှုမှာတော့ စုစုပေါင်း မဲ 121 မဲပဲ ရရှိခဲ့ပြီး ၊ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ လီယို မက်ဆီ က စုစုပေါင်း မဲ 500 ကျော်တောင် ပိုများခဲ့ပါတယ်။

ဆာလာ ကတော့ သူ့အနေနဲ့ အခု ရပ်တည်မှုထက် ပိုကောင်းတဲ့ နေရာမျိုးမှာ ချိတ်ဖို့ အတွက်တော့ မျှော်လင့်မိခဲ့တဲ့ အကြောင်းကို အခုလို ဖွင့်ဟ သွားခဲ့ ပါတယ်။

“ ဘလွန်းဒီအော် နောက်ဆုံး ထွက်လာတဲ့ ရလာဒ်က တော်တော်ကြီးကို အံ့အားသင့်မိခဲ့ ပါတယ်။ ကျနော့် အနေနဲ့ ဘာမှတော့ ပြောလို့ မရပါဘူး။ ဒါပေမယ့် ဘယ်လို ပရိသတ်မျိုးကမှ ကျနော်ဟာ အဆင့် 7 လောက်မှာပဲ ရပ်တည်လိမ့်မယ်လို့ မျှော်လင့်ထားမယ် မထင်ပါဘူး။ ဒါပေမယ့် တကယ် ဖြစ်ခဲ့တာပါ။

ဒီနေရာမှာ မဲ မသမာမှုတွေ ရှိတယ်လို့တော့ မထင်ပါဘူး ဒါပေမယ့် ရွေးချယ်မှုတွေက စွမ်းဆောင်ရည်ပိုင်းကို ကိုယ်စားမပြုတာလဲ သေချာပါတယ်။ မဲပေးခွင့်ရှိတဲ့ နိုင်ငံ အရေအတွက် များလာပေမယ့် တကယ်တမ်းမှာတော့ ဘယ်လို စနစ်မျိုး နဲ့ မဲပေးရတာလဲ ဆိုတာ သေချာမသိတဲ့သူတွေ အများကြီး ပါပဲ။

သူတို့ ဟာ ဘယ်လို စံနှုန်းတွေ အပေါ် ကြည့်ပြီး ရွေးချယ်ကြလဲတော့ မပြောတတ်ပါဘူး။ ဒါဟာ အပေးအယူ လုပ်ပြီး ၊ ကိုယ်ပေးချင်တဲ့သူပဲ ပေးလိုက်တယ်လို့တော့ မဆိုလိုချင်ပါဘူး။

တစ်ခုခုမှားနေတာတော့ သေချာပေမယ့် ၊ ကျနော့်မှာလဲ ဘာမှ သက်သေပြစရာ မရှိဘူးလေ။ ထွက်လာတဲ့ ရလာဒ်ကတော့ တော်တော်လေးကို Shock ရိုတ်သွားခဲ့တာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဆာလာ ဟာ ဘလွန်း ဒီအော် အဆင့် သတ်မှတ်ချက်မှာတင် မဟုတ်ပဲ ၊ FIFpro ကနေ ထုတ်ပြန်တဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား စာရင်း 11 ယောက် စာရင်းမှာလဲ ပါဝင် နိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီ စာရင်းမှာတော့ တိုက်စစ် ကစားသမားတွေ အဖြစ် မက်ဆီ ၊ လီဝန်ဒေါ့စကီး ၊ ဟာလန်း ၊ ရိုနာဒို တို့ကို ရွေးချယ်ခဲ့ကြပါတယ်။

“ World XI မှာလဲ ကျနော့် ပါဝင်ခွင့် မရခဲ့တဲ့အပေါ် မပျော်ပါဘူး ဒါပေမယ့် ကိုယ့်ဘက်က ဘာမှ အဓွန့်တက်လို့ မရဘူးလေ။

ကျနော့် မှာ စိတ်ချမ်းသာမိတာ ဆိုလို့ ကမ္ဘာ့အကောင်းဆုံး 11 ယောက် စာရင်းမှာတော့ ကျနော့် နာမည် ပါသင့်တယ် ဆိုပြီး ဖြေသိမ့်ပေးကြတဲ့ အသံတွေပါ။ ကျနော့် ကို လစ်လျူရှုထားပြီး ရွေးချယ်ကြတာမျိုးတော့ မဟုတ်လောက်ဘူး ထင်ပါတယ် ၊ ဒါပေမယ့် တကယ်တော့ အဲဒီ အတိုင်းကို ကျနော်က ခံစားနေရတာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လက်ရှိ မှာ ဆာလာ ဟာ အီဂျစ် အသင်းကို အာဖရိက ဗိုလ်လုပွဲ ရောက်အောင် ပို့ဆောင်ထားပြီးပြီ ဖြစ်သလို ၊ လီဗာပူး နဲ့ အတူလဲ ကာရာဘောင် ဖလား သိမ်းပိုက်ထားပြီးပြီ ဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ်တွေမှာသာ နောက်ထပ် အောင်မြင်မှုတွေ ရယူနိုင်ခဲ့ဦးမယ် ဆိုရင် သူ့အနေနဲ့ 2022 ခုနှစ် အတွက် အကောင်းဆုံး ဆုတွေကို မျှော်လင့်ခွင့် အပြည့်အ၀ ရှိနေပါတယ်။

အဲဒီလို ရှိလောက်အောင်ကို သူ့ခြေစွမ်းတွေက ထက်မြက်နေဆဲ ဖြစ်ပါတယ်။

SM