ဗန်ဒိုက် ရဲ့ မှတ်ချက်စကား ကို ခပ်မာမာပဲ တန့်ပြန်လိုက်တဲ့ ဗန်ဟား

လူး၀စ် ဗန်ဟား ဟာ စည်းကမ်း တင်းကျပ်တဲ့ နေရာမှာရော ၊ ခေါင်းမာတဲ့ အပိုင်းမှာပါ နာမည် တစ်လုံးနဲ့ ရပ်တည်ထားသူ ဖြစ်ပါတယ်။

အခုလဲ မကြာခင် ကမှ သူ့ရဲ့ လက်ရွေးစင် အသင်းခေါင်းဆောင် ခံစစ်မှုးကြီး ဗန်ဒိုက် က 4-3-3 ပုံစံ ကစားရတာ ပိုပြီး သဘောကျတယ် လို့ ပြောဆိုခဲ့မှု အပေါ် ၊ နည်းပြကပဲ ကစားကွက် နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချမှတ်ခွင့် ရှိတယ်လို့ တုန့်ပြန်လိုက် ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ကမှ ဖရန့် ဒီဘိုးဝါး ရဲ့ နေရာကို အစားထိုး ၀င်ရောက်ကာ နယ်သာလန် လက်ရွေးစင် အသင်းကို တတိယ အကြိမ်မြောက် ကိုင်တွယ်လျှက် ရှိနေပါတယ်။

သူ့လက်ထက်မှာ အသင်းစွမ်းဆောင်ရည်က အပေါင်း လက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ရှိနေသည့်တိုင်အောင် ၊ ပရိသတ်စိတ်ကြိုက်တော့ တည်ဆောက်ပြနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိမှာ 2022 ကမ္ဘာ့ဖလား ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိထားပြီး တူရကီ အသင်းကို 6-1 ရလာဒ် နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ အကောင်းဆုံး စွမ်းဆောင်ရည်ဖြစ်တယ်လို့ ပြောလို့ရနေပါတယ်။

သို့သော် သူ့ရဲ့ ကစားကွက် နဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုလေးတွေ ရှိနေပါတယ်။ အထူးသဖြင့် လက်ရှိ နယ်သာလန် ရဲ့ အကောင်းဆုံး ဘောလုံးသမားလို့ ပြောလို့ရတဲ့ ခံစစ်မှုးကြီး ဗန်ဒိုက် နဲ့ အကြားမှာ အမြင်မတူတာတွေ ရှိနေတာပါ။

ဒိန်းမတ် အသင်းကို 4-2 နဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲ အပြီးမှာတော့ ဗန်ဒိုက် က ” အသင်းက အသုံးပြုနေတဲ့ ကစားကွက် နည်းစနစ် ကို သဘောကျလား ဆိုတော့ ကျနော်က 4-3-3 ပုံစံကိုပဲ ပိုပြီး သဘောကျပါတယ်။

ဒါပေမယ့် ကျနော်က လက်ရွေးစင် နည်းပြ မဟုတ်ပါဘူး။ လက်ရွစင် အသင်းနည်းပြကြီးက အဲဒီကိစ္စနဲ့ ပတ်သက်ရင် တော်တော်လေးကို အစွဲကြီးပါတယ်” လို့ မှတ်ချက် ပေးခဲ့ဘူးပါတယ်။

ဗန်ဒိုက် ဟာ လီဗာပူး မှာလဲ 4-3-3 ကစားကွက် နဲ့ ကစားရသလို ၊ Defensive Line ကို အများကြီး မြှင့်ထားပြီး ကစားသည့်တိုင်အောင် အကောင်းဆုံး စွမ်းဆောင် ပြနေတာ ဖြစ်လို့ ၊ နယ်သာ အတွက်လဲ အမြှင့်ဆုံး စွမ်းဆောင်ရည်တွေနဲ့ ပေးဆပ်ချင်တဲ့ အတွက် အခုလို ဖွင့်ဟ လိုက်တာလို့ နားလည်ရပါတယ်။

သို့သော် လူး၀စ် ဗန်ဟား ကတော့ ဗန်ဒိုက် ရဲ့ အဲဒီ ပြောဆိုမှု အပေါ် အခုလိုပဲ တုန့်ပြန်သွားခဲ့ပါတယ်။

” သူက အဲဒီ ပုံစံဘဘောကျတာ ကျနော် သိပါတယ်။ မကြာခဏလဲ လူသိရှင်ကြား ထုတ်ပြောလေ့ရှိသူပါ။

ကျနော် လက်ရွေးစင် နည်းပြ ဖြစ်လာတော့ ဒီကိစ္စကို အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးပါပြီ။ နည်းစနစ်တွေ ဆိုတာ မန်နေဂျာ က ဆုံးဖြတ်တာပါ” လို့ တုန့်ပြန်သွားခဲ့ပါတယ်။

လူး၀စ် ဗန်ဟား ဟာ လက်ရှိ အချိန်ထိ နယ်သာလန် အသင်းကို စုစုပေါင်း ၈ ပွဲ အထိ ကိုင်တွယ်ထားပြီး ၆ ပွဲ နိုင် ၂ ပွဲ သရေ ရလာဒ် ထွက်ပေါ်ထားပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ ကစားခဲ့စဉ် အချိန်ကတော့ နောက်တန်း ၄ ယောက်ထား ကစားတဲ့ ဗျူဟာ ကို အဓိကထား သုံးစွဲခဲ့ပေမယ့် ၊ ဒိန်းမတ် နဲ့ ခြေစမ်းပွဲမှာ 3-4-2-1 ပုံစံကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။

ဒါကြောင့် ဝါရင့် နည်းပြကြီးဟာ ကမ္ဘားပြိုင်ပွဲမှာ ဘယ်လို ကစားကွက် အထိုင်ချပြီး ပြင်ဆင်သွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

SM