ပြီးခဲ့တဲ့ ရာသီမှာ စံချိန်တင် ပေါင် ၁၀၇.၃ သန်းအထိ အရှုံးပေါ် ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ ကုန်ဆုံးတဲ့ ၂၀၂၀-၂၁ ခုနှစ်အတွက် ဘဏ္ဍာရေး စာရင်း ရှင်းတမ်းကို ထုတ်ပြန် လိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့နှစ်မှာ အခွန်ဆောင်ပြီး ပေါင် သန်း ၁၀၇.၃ သန်း အရှုံး ထွက်ပေါ်ခဲ့တယ်လို့လည်း ထုတ်ပြန် ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ရာသီ က Covid-19 Pademic ကြောင့် ဘောလုံးပွဲတွေ ရပ်နားခဲ့ရပြီး ၊ ပြန်ကစားနိုင်ချိန်မှာလည်း ပရိသတ်မပါဘဲ ကွင်းပိတ် ကစားခဲ့ရတာတွေဟာ အာဆင်နယ် အသင်းရဲ့ ဝင်ငွေကို အဓိက ထိခိုက်မှု ရှိစေ ခဲ့တာ ဖြစ်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘောလုံး အခွန် ပေါင် ၃၂၇.၆ သန်း ဆောင်ခဲ့ရပြီး ၊ အရင် တစ်နှစ် ပေါင် ၃၄၃.၅ သန်း ထက်တော့ နည်းပါး ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ပေါင် ၁၀၇.၃ သန်း အရှုံး ပေါ်ခဲ့ရာရမှာ ပေါင် ၈၅ သန်းဟာ ကိုဗစ် ရိုက်ခတ်မှုကြောင့် အရှုံး ပေါ်ခဲ့တာ ဖြစ်ပါတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ ပြီးခဲတဲ့ နှစ်က ပေါင် ၂၄၄ သန်း လစာငွေ​ ပေးချေ ခဲ့ရပြီး ရှေ့တစ်နှစ်ကထက် ပေါင် ၁၀ သန်း ပိုမို ပေးချေ ခဲ့ရပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီမှာ သုံးစွဲ ခဲ့တဲ့ ပေါင် သန်း ၁၅၀ ကိုတော့ ထည့်သွင်းထားခြင်း မရှိပါဘူး ။

ကိုဗစ် ကြောင့် ပရိသတ်မပါဘဲ ပွဲတွေ ကစားခဲ့ရမှုဟာ အာဆင်နယ် အသင်း ရဲ့ Matchday Revenue ကိုလျော့ကျစေခဲ့ပြီး ပေါင် ၃.၈ သန်းသာ ပေးဆောင် ခဲ့ရပါတယ် ။ ဒီပမာဏာ ဟာ အရင်တစ်နှစ် က ပေးဆောင် ခဲ့ရတဲ့ ပေါင် ၇၈ သန်းထက် များစွာ လျော့နည်းတဲ့ ပမာဏ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ ရုပ်သံဝင်ငွေကတော့ ပေါင် ၁၁၈.၉ သန်း ကနေ ပေါင် ၁၈၄.၄ သန်း အထိ တိုးလာခဲ့ပါတယ် ။ အကြောင်းအရင်းကတော့ lockdown ချမှုကြောင့် ရှေ့တစ်နှစ်က ဝင်ငွေအချို့ဟာ နောက်နှစ် ဘဏ္ဍာရေးစာရင်းထဲ ရောက်သွားခဲ့တာကြောင့်ပါ ။

အာဆင်နယ် အသင်းရဲ့commercial revenue ဟာလည်း ကိုဗစ်ကြောင့်ပဲ ပေါင် ၁၄၂.၃ သန်း ကနေ ပေါင် ၁၃၆.၄ သန်း အထိ လျော့ကျ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ မနေ့က လက်မှတ် ဈေးနှုန်းကို အရင်ကထက် ၄% အထိ တိုးမြင့် လိုက်ကြောင်း ကြေညာ ခဲ့ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင် နေရပါတယ် ။

SM