ပဲလေစ့် နဲ့ ပွဲမတိုင်မှီ ဆာကာ ၊ တိုမီယာစု နဲ့ ရမ်စ်ဒေးလ်တို့ ရဲ့ကြံ့ခိုင်မှု အခြေအနေကို ပြောပြလိုက်တဲ့ အာတေတာ

အာဆင်နယ် အသင်း နည်းပြ အာတေတာ ဟာ ခရစ္စတယ်ပဲလေစ့် နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲ မတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အဓိက ကစားသမား သုံးဦးရဲ့ ကြံ့ခိုင်မှု အခြေအနေအကြောင်း ပြောကြား သွားခဲ့ပါတယ် ။

နိုင်ငံတကာ ပွဲမတိုင်မှီ ရရှိခဲ့တဲ့ တင်ပါးဒဏ်ရာကြောင့် အာဆင်နယ် အသင်းရဲ့ နောက်ဆုံးပွဲကို လွဲချော် ခဲ့ရတဲ့ ဂိုးသမား အာရွန် ရမ်စ်ဒေးလ် ဟာ ခရစ္စတယ်ပဲလေစ့် နဲ့ ပွဲကိုလည်း ဆက်လက် လွဲချော်ဖွယ် ရှိနေပါတယ် ။

ကိုဗစ်ကြောင့် အင်္ဂလန် အသင်းရဲ့ လူစာရင်း ကနေ နှုတ်ထွက်ခဲ့ရတဲ့ ဆာကာ ကတော့ ပြန်လည် သက်သာလာပြီ ဖြစ်ပြီး အာဆင်နယ် အသင်း နဲ့ အတူ ပြန်လည် လေ့ကျင့်ခန်း ဆင်းနိုင်တော့မှာ ဖြစ်ပါတယ် ။

ဒါ့အပြင် အာတေတာ က အာဆင်နယ် အသင်းရဲ့ နောက်ဆုံး ၈ ပွဲဆက် လွဲချော် ထားခဲ့တဲ့ ဂျပန် နောက်ခံလူ တိုမီယာစု တစ်ယောက် ပဲလေစ့် နဲ့ ပွဲမှာ ပါဝင် ကစားနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” သူ(တိုမီယာစု) က အသင်းအတွက် ပြန်လည် ကစားပေးနိုင်ဖို့ နီးစပ် နေပါပြီ ၊ သူ အသင်း နဲ့ အတူ လေ့ကျင့်ခန်း ပိုပိုပြီး ဆင်းလာနိုင်ပါပြီ ၊ ဒီတစ်ပတ် လေ့ကျင့်ရေး အစီအစဉ် တစ်ချို့မှာလည်း သူ ပါဝင်မှာပါ ၊ အခြေအနေ ဘယ်လို ရှိသလဲ ဆက်လက် စောင့်ကြည့်ကြတာပေါ့ဗျာ ။ ”

” သူ့မှာ အရင်က ဖြစ်ခဲ့ဖူးတဲ့ ဒဏ်ရာပြဿနာ ရှိနေသလို တခြား ခြေသလုံး တစ်ဖက်က ဒဏ်ရာကလည်း ခန့်မှန်းရ ခက်ခဲ နေပါတယ် ။ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းမှာ သူကစားခဲ့ရတဲ့ ပွဲတွေက များပြားသလို ကိုဗစ် နဲ့လည်း ကြုံတွေ့ ခဲ့ရပါတယ် ။ ”

” သူ့ ဒဏ်ရာ နောက်တစ်ခါ ထပ်မဖြစ်အောင် အကြောင်းအရင်းကို ရှာတွေ့ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ” ဆာ​ကာ ကတော့ သက်သာ နေပါပြီ ၊ ဒီနေ့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖို့ မျှော်လင့်ထားပါတယ် ။ ”

” အာရွန် ကတော့ ပြန်လည် ကစားနိုင်ဖို့ မသေချာသေးတဲ့ အနေအထားမှာ ရှိနေပါတယ် ၊ သူ ခုထိ လေ့ကျင့်ခန်း မဆင်း နိုင်သေးပါဘူး ၊ သူ တနင်္လာနေ့မှာ ကစားရမယ့် ပွဲမှာ ပါဝင် ကစားနိုင်မလား ဆိုတာတော့ မသိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ရမ်စ်ဒေးလ် မပါဝင်နိုင်သေးတာကြောင့် ခရစ္စတယ်ပဲလေစ့် နဲ့ ပွဲမှာ လီနို ဆက်လက် ပွဲထွက်ခွင့် ရဖို့ ရှိနေပါတယ် ။ လီနို ဟာ နောက်ဆုံး ကစားခဲ့တဲ့ အက်စတွန်ဗီလာ အသင်းနဲ့ ပွဲမှာ အာဆင်နယ် အတွက် Clean-Sheet ရယူ ပေးနိုင် ခဲ့ပါတယ် ။

SM