ပေပေ ကို အခုနေ ပြန်ရောင်းလို့ သန်း ၃၀ ရရင် ကံကောင်းတယ်လို့ တည့်ကစ်လိုက်တဲ့ ပေါလ်မာဆန်

ဂန်းနား ကွင်းလယ်လူဟောင်း ပေါလ်မာဆန် က ပေပေ ဟာ အာဆင်နယ် အသင်း ရဲ့ လုံးဝ ကျရှုံးတဲ့ ခေါ်ယူမှု တစ်ခုလို့ ဆိုလိုက်ပြီး ခုချိန် ပြန်ရောင်းလို့ သန်း ၃၀ ရခဲ့ရင် ကံကောင်းတယ်လို့ ပြောရမှာ ဖြစ်ကြောင်း ဆိုပါတယ် ။

နီကိုလပ်စ် ပေပေ ဟာ ၂၀၁၉ ခုနှစ်မှာ လိုင်လီ အသင်း ကနေ အာဆင်နယ် အသင်းကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း နဲ့ ရောက်ရှိ လာသူ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ပေ​ပေ ဟာ ပရိသတ်တွေ မျှော်လင့်ထားတဲ့ ခြေစွမ်းမျိုး ပြသ နိုင်ခဲ့ခြင်းတော့ မရှိပါဘူး ။

 

ပေပေ ဟာ အာဆင်နယ် အသင်း ကစားသမား ဘဝ ပထမဆုံးရာသီမှာ ၃၁ ပွဲ ကစား ၅ ဂိုးသွင်း ၊ ခြောက်ဂိုး ဖန်တီး ပေးခဲ့ပြီး ဒုတိယရာသီမှာတော့ ၂၉ ပွဲ ကစား ၁၀ ဂိုးသွင်း ၊ ၁ ဂိုး ဖန်တီး ပေးထားပါတယ် ။

ဒီရာသီမှာတော့ ပေပေ ဟာ ပွဲထွက် ကစားခွင့် ပျောက်ဆုံး နေပြီး ၅ ပွဲသာ ပွဲထွက် ကစားခွင့် ရထားကာ ၁ ဂိုး သွင်း ၁ ဂိုး ဖန်တီး ပေးထားပါတယ် ။ပေပေ ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဝုလ်ဗာဟမ်တန် အသင်း နဲ့ ပွဲမှာတော့ လူစားဝင် ကစားပြီး သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးခဲ့သလို အဖိုးတန် အနိုင်ဂိုးဟာလည်း သူ့ရဲ့ ပေးပို့မှု ကနေ ဖြစ်ပေါ် လာခဲ့တာ ဖြစ်ပါတယ် ။

ပေါလ်မာဆန် ကတော့ ပေပေ ရဲ့ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိတဲ့ အပေါ် ဝေဖန် ထောက်ပြ သွားခဲ့ပြီး အိုင်ဗရီကိုစ့် သား ရဲ့ တန်ကြေးဟာ ထက်ဝက်ကျော် လျော့ကျ သွားခဲ့ပြီ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

ပေါလ်မာဆန် ကတော့ Daily Star မှာ ” ရုတ်တရက်ကြီး ပေပေ က အာဆင်နယ် ဂန္တဝင် ဖြစ်လာလိမ့်မယ် မျှော်လင့် မနေကြပါနဲ့ဗျာ ။ သူ့ကို ပေါင် ၇၂ သန်း ပေးပြီး ခေါ်ထားရတာပါဗျာ ။ ပြီးခဲ့တဲ့ ပွဲမှာ သူ လူစားဝင် ကစားပြီး အသင်း အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် ခု သူ့ကိုရောင်းလို့ သန်း ၃၀ ရရင် ကံကောင်းတယ် ဆိုနိုင်ပါတယ် ။ ”

” သူ လူစားဝင် ကစားပြီး အံ့အားသင့်စရာ စွမ်းဆောင်ရည် ပြသ ခဲ့ပေမယ့် နောက်တစ်ပတ်ကျ ပျောက်ချင်းမလှ ပျောက်သွားတာကို ကျွန်တော်တို့ အကြိမ်ကြိမ် မြင်တွေ့ ခဲ့ရပြီးပါပြီ ။ ဒါက ခြေစွမ်းပိုင်း တည်ငြိမ်မှု နဲ သက်ဆိုင်ပါတယ် ၊ သူ ဘယ်တော့မှ အဲ့လို တည်ငြိမ်မှု မပြသနိုင်ခဲ့ပါဘူး ၊ ကျွန်တော့် အတွက်တေ့ာ သူက ပြောင်းရွှေ့ကြေး နဲ့ ထိုက်တန်တဲ့ ခြေစွမ်း မပြသ နိုင်ခဲ့ပါဘူး ။ ”

” ကျွန်တော် ကတော့ သူ လက်ကျန်ရာသီမှာ သိပ်ကောင်းလာလိမ့်မယ်လို့ ပြောနေကြတာကို လုံးဝ လက်မခံပါဘူး ၊ မဖြစ်နိုင်ပါဘူး ၊ သူ က မော်ဒန် ဘောလုံး လောကမှာ မအောင်မြင်တဲ့ ခေါ်ယူမှု ရဲ့ စံပြ ကစားသမားပါပဲ ။ အဲ့အကြောင်း ဘယ်သူမှလည်း မပြောကြပါဘူး ။ ”

” ပြီးခဲ့တဲ့ နှစ်တွေတုန်းကလို သူ့လို တန်ကြေးကြီး ကစားသမားကို အာတီတာ ခု အရန်ခုံပို့ထားရင် သေချာပေါက် အပြောခံရမှာပါ ။ သူ က ထင်သလောက် မကောင်းလို့ အာတီတာ က အရန်ခုံပို့ထားတာပေါ့ဗျာ ၊ သူသာ လက်ကျန်ရာသီမှာ ခြေစွမ်းကောင်း ပြနိုင်ရင် သန်း ၃၀ လောက် ရနိုင်ကောင်းပါရဲ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

SM