ပိုချက်တီနိုကို စိတ်ဝင်စားနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို သတိပေးလိုက်တဲ့ ဘာဘာတော့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရားသီ အိုလီ ဂန်နာ ဆိုးလ်ရှား ၊ မိုက်ကယ် ကာရစ် တို့နဲ့ လမ်းခွဲခဲ့တဲ့နောက်် ယာယီနည်းပြ အဖြစ်် ဂျာမန်သား ရဲ့လ်ဖ် ရန်းဂနစ် ကို ရာသီကုန် အထိ ကိုင်တွယ််စေဖို့ ၊ ပြီးရင် 2 နှစ် အကြံပေး အဖြစ် လုပ်ကိုင်ဖို့ ကမ်းလှမ်း ခေါ်ယူခဲ့ပါတယ် ။

လက်တွေ့မှာတော့ ရန်းဂနစ် ရောက်လာပေမဲ့လည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေဟာ သိသိသာသာ တိုးတက်လာခြင်း မရှိပဲ အရင်လို နိမ့်တစ်လှည့် မြင့်တစ်လှည့် ဆက်ဖြစ်နေသေးတာကြောင့် ရာသီကုန်မှာ နည်းပြသစ် တစ်ဦး သေချာပေါက် ရှာဖွေရပါလိမ့်မယ် ။

ဒီအတွက် အေဂျက်ဇ် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် နဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံ ရင့်ကျက်တဲ့ မော်ရီစီယို ပိုချက်တီနို တို့က ဦးစားပေး အဖြစ်နဲ့ နာမည်ကြီိးနေခဲ့ကြပါတယ် ။ ပရိသတ် အတော်များများကတော့ ပိုချက်တီနိုကို သဘောတွေ့ နေခဲ့ကြပါတယ် ။

အခြားတဖက်မှာတော့ မက်ဆီ ၊ နေမာ ၊ အမ်ဘာပေ တို့လို စပါယ်ရှယ်ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ PSG အသင််းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့လိုက်ရတဲ့နောက်် ပိုချက်တီနိုဟာ ပြင်သစ်မြေကနေ ထွက်ခွာရဖို့ ပိုပြီး အလေးသာသွားခဲ့ပါတယ် ။

ဒီလို အနေအထားတစ်ရပ်မှာ သူဟာ ယူနိုက်တက် နည်းပြ ဖြစ်လာလိမ့်မယ်လို့ သတင်းပိုထွက်လာခဲ့ပါတယ် ။ ဒါပေမဲဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် က ဦးဆောင်ခွင့်တွေ ရရှိရဲ့သားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရတဲ့ အချက်ကို ထောက်ပြ သတိပေးသွားခဲ့ပါတယ် ။

” PSG အသင်းဟာ ပထမ အကျော့ကို နိုင်ထားခဲ့သလို ပထမပိုင်းကိုလည်း ဦးဆောင်းထားနိုင်ခဲ့တဲ့သာနဲ့ မနေ့ညက ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့လိုက်ရပါတယ် ။ သူတို့ အသင်းရဲ့ ကစားသမား အင်အား ၊ အရည်အသွေးကောင်းတွေ ရှိတဲ့သာနဲ့ မျှော်လင့်ထားတာတွေ မလုပ်ပြနိုင်ခဲ့ကြပါဘူး ”

” ဒါဟာ ကစားသမားကောင်းတွေ ၊ အတ္တရှိသူတွေကို ပိုင််ဆိုင်ထားတဲ့ နည်းပြ တစ်ဦး ဖြစ်ခဲ့ရပေမဲ့ ပိုမကောင်းနိုင်ဘူးဆိုတာကိုပြသတဲ့ နောက်ထပ် ဥပမာကောင်း တစ်ခုပါပဲ ။ ဟုတ်ပါတယ် ၊ ပြင်သစ်က ခြားနားတဲ့ လိဂ် တစ်ခုပါ ။ ကျွန်တော် အဲ့ဒီမှာ ကစားခဲ့ဖူးပါတယ် ”

” PSG ဟာ အသင်းတိုင်းထက် ပိုသာတဲ့ အသင်းတစ်သင််းပါ ။ ဒါပေမဲ့ အခုထိ အလုပ် မဖြစ်ခဲ့သေးပါဘူး ။ ဒါနဲ့ ပတ်သက်လို့ ခင်ဗျားတို့ ပိုချက်တီနို ကို နှိုင်းယှဥ်ချိန်ထိုးနိုင်ပါတယ် ။ ဒါပေမဲ့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သေချာပေါက် သင့်တော်တဲ့ နည်းပြ ဖြစ်နိုင်မလားတော့ ပြောလို့မရနိုင်ပါဘူး ”

” သူ မှန်တာလည်း ဖြစ်နိုင်တယ် ၊ မှန်ချင်မှလည်း မှန်ပါလိမ့်မယ် ။ ဒါပေမဲ့ ယူနိုက်တက် အသင်းအနေနဲ့ ဘယ်သူက အကောင််းဆုံး ဖြစ်နိုင်မလဲဆိုတာ သေချာ ချိန်ထိုးတွက််ချက်ဖို့ လိုအပ်ပါလိမ့်မယ် ။ ကျွန်တော်သာ အဲ့ဒီမှာဆိုရင် နောက်ရာသီထိ အိပ်ပျော်နိုင်မှာ မဟုတ်တော့ပါဘူး ”

” PSG အသင်းရဲ့ ရလဒ်ကို ကြည့်ပြီးတဲ့နောက် အင််တာဗျူးတွေလုပ် ၊ ယူနိုက်တက်ရဲ့ ဒသနနဲ့ ကိုက်ညီတဲ့ နည်းပြက ဘယ်သူဖြစ်နိုင်မလဲဆိုပြီး အလုပ်တွေ ရှုပ်နေလိုက်တော့မှာပါ ။ ဒါက ခက်ခဲလှပါတယ် ။ သူတို့တွေ အနေနဲ့ နည်းပြ တစ်ဦးထဲ နာမည်ကို ထိုင်ရွတ်နေလို့ မရနိုင်ပါဘူး ”

” အပြင်ကို ထွက်လိုက်ပါ ၊ လူတွေနဲ့ အင်တာဗျူးတွေလည််း လုပ်လိုက်ပါ ။ အဲ့လိုသာဆိုရင် ခင်ဗျားတို့ မှန်ကန်တဲ့ နည်းပြမျိုး ရလိမ့်မယ်လို့ မျှော်လင့်ကောင်း မျှော်လင့်လို့ ရနိုင်ပါတယ် ။ ပြီးရင် သူ့ကို အချိန်တော့ ပေးပေါ့ဗျာ ” လို့ ဘာဘာတော့ဗ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar