ပရိသတ်တွေနဲ့ ပြုလုပ်ခဲ့တဲ့ အမေးအဖြေ ကဏ္ဍမှာ သူ့ရဲ့ ရည်မှန်းချက်တွေကို ထုတ်ပြောလိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ကြားရက်တုန်းက ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ 16 သင်း ရှုံးထွက် အဆင့် ၊ ဒုတိယ အကျော့ ပွဲစဥ် အဖြစ် အက်သလက်တီကို မက်ဒရစ် အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဧည့်ခံ ကစားခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ နှစ်ကျော့ပေါင်း 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အတူ ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့လိုက်ရပါတယ် ။ အခြားတဖက်မှာတော့ ဒီ အရှုံးရလဒ်ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာလည်း ဖလား လက်မဲ့ ဖြစ်သွားခဲ့ရပါပြီ ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ နှစ်စဥ် ပြုလုပ်မြဲ ဖြစ်တဲ့ အတိုင်း ဒီရာသီမှာလည်း အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပေးဆောင်သွားဖို့ ရှိနေပြီး ဒီအတွက် နံပါတ် 1 ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က ဆုရဖို့ အလားအလာ များပြားနေခဲ့ရပါတယ် ။

ဒီဂီယာဟာ ဒီရာသီအတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးပေါက် အရှေ့မှာ အံ့ဖွယ် ကာကွယ်မှုတွေကို လုပ်ဆောင်ပြထားနိုင်ခဲ့ပြီး အသင်းကို မကြာခန ကယ်တင််ပေးနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ် ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားတောင် ဖြစ်ခဲ့ပါသေးတယ် ။

အခုတော့ ပရိသတ်တွေနဲ့ ပြုလုပ်ခဲ့ရတဲ့ အမေးအဖြေ ကဏ္ဍ တစ်ခုမှာ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို 5 ကြိမ်မြောက် ရရင်တော့ ​ပျော်ရွှင်မိမှာ ဖြစ်ကြောင််း ၊ သို့ပေမဲ့ သူ့ရဲ့ ရည်မှန်းချက်က အသင်းနဲ့ အဓိက ဆုဖလားတွေ ဆွတ်ခူးဖို့ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ဟုတ်ပါတယ် ၊ သေချာပါတယ် ၊ ဒါဟာ ကျွန်တော့် အတွက်် စပါယ်ရှယ် ဖြစ်နေမှာပါ ။ ပရိသတ်တွေဆီက ရရှိခဲ့တဲ့ ထောက်ခံအားပေးမှု ၊ ချစ်ခြင်းမေတ္တာတွေကိုလည်း ကျွန်တော် တကယ်ပဲအသိအမှတ်ပြုပါတယ် ။ ကျွန်တော် ဒီဆုကို နောက်တစ်ကြိမ် ရရှိရင် တကယ့်ကို အံ့ဖွယ် ဖြစ်နေပါလိမ့်မယ် ”

” ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ကျွန်တော့် အတွက် ပထမ ဦးစားပေး အရာက အသင်းနဲ့ အတူ ဆုဖလားကြီးတွေ ဆွတ်ခူးရေးပါပဲ ။ ဒါဟာ အရေး အကြီးဆုံး အရာပါပဲ ။ တစ်နှစ်တာ အကောင်းဆုံး ဆု ရတယ် ဆိုတာက ခင််ဗျားဟာ တစ်နှစ်အတွင်း ကောင်း​ကောင်း ကစားပေးနိုင်ခဲ့တယ် ၊ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြနိုင်ခဲ့တယ် ဆိုတဲ့ သဘောပါပဲ ”

” ဘောလုံး လောကမှာတော့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်် ပြနိုင်ရေး ဆိုတာက အခက်ခဲဆုံးသော အရာတစ်ခုပါပဲ ။ ကျွန်တော် ပြောခဲ့သလို ပါပဲ ၊ အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု ရတယ်ဆိုတာက တကယ့် အံ့ဖွယ် အရာပဲလေ ။ ဆက်လက် ကြိုးစားကြတာပေါ့ ”

” ဒီနှစ်တော့ ကျွန်တော့်ရဲ့ စိတ်ခံစားမှု အခြေအနေတွေ အရမ်းကိုကောင်းခဲ့တယ်လို့ ထင်မိပါတယ် ။ ကျွန်တော်ဟာ မြင့်မားတဲ့ အဆင့်အတန်း တစ်ခုမှာ ကစားခဲ့ရသလို အသင််းကိုလည်း တက်စွမ်းနိုင်သမျှ အကူအညီပေးနိုင်ခဲ့ပါတယ် ”

” တခါတလေ လူတွေက ပထမဆုံး ပွဲစဥ်ကို မေ့ကောင်း မေ့တတ်ကြပါတယ် ။ ဒါပေမဲ့ ကျွန်တော်က ပွဲစဥ်တိုင်းမှာ 100 % အပြည့် ပေးဆပ်ခဲ့သူ တစ်ဦးပါ ။ ကျွန်တော် ဒီနှစ် ကစားတာ ကောင်းခဲ့တယ်လို့ ထင်ပါတယ် ။ တက်နိုင်သလောက်် အကောင်းဆုံး ဖြစ်နိုင်ဖို့ ဆက်လက် ကြိုးစားဦးမှာပါ ” လို့ ဒီဂီယာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar