ပရိသတ်တွေကို တိုက်တွန်းနှိုးဆော်မှု ပြုလုပ်ရင်း အေတီကိုနဲ့ ပွဲစဥ်မှာ ဘာကို သတိထားရမလဲဆိုတာ ပြောပြလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် က အက်သလက်တီကို မက်ဒရစ် အသင်းကို ဧည့်ခံ ကစားရမယ့် အိမ်ကွင်း ပွဲစဥ်မှာ တော့တင်ဟမ် ဟော့ စပါး အသင်းကို အနိုင်ယူခဲ့စဥ်တုန်းကလို ပတ်ဝန်းကျင်် တစ်ခုကို ဖန်တီးပေးဖို့ ပရိသတ်တွေကို တိုက်တွန်းနှိုးဆော် သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တနင်္ဂနွေ နံနက်တုန်းက အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ တော့တင်ဟမ် ဟော့ စပါး အသင်းကို ဧည့်ခံ ကစားခဲ့ရသေးပြီး ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ဟတ်ထရစ် နဲ့ အတူ ပွဲစဥ်ကို 3 – 2 ဆိုတဲ့ ရလဒ်် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် ပရိသတ်တွေရဲ့ အားပေးမှုက ကစားသမားတွေ အတွက် တကယ်ပဲ ခွန်အားဖြစ်စေခဲ့ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ဒီနေ့ညမှာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ အက်သလက်တီကို မက်ဒရစ် အသင်းကို ဧည့်ခံ ကစားရပါတော့မယ် ။

ယူနိုက်တက်တို့ဟာ ပထမ အကျော့တုန်းက စပိန်မြေမှာ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်သာ ရယူထားနိုင်ခဲ့ကြပါတယ် ။ ဒါ့ကြောင့် ဒီပွဲမှာ အနိုင်ရသူက နောက်တစ်ဆင့် တက်ရောက်သွားမှာပဲ ဖြစ်ပါတယ် ။ အခုတော့ ရန်းဂနစ် က အရေးကြီး ပွဲစဥ်မတိုင်မီ ပရိသတ်တွေကို တိုက်တွန်းနှိုးဆော်မှု လုပ်ဆောင်သွားခဲ့လိုက်ပါတယ် ။

” ပထမ အကျော့ တုန်းက 1 – 1 ဖြစ်ခဲ့တာပါ ။ ဒါ့ကြောင့် အိမ်ကွင်းမှာ သူတို့ကို ဧည့်ခံရမယ့် အချိန် ကျွန်တော်တို့ဖက််က အခွင့်အရေး သေချာပေါက် ရယူနိုင်ဖို့ ကြိုးစားရပါတော့မယ် ။ ပွဲပြီးတော့ အန်တိုနီယို ကွန်တီတောင် ပြောခဲ့သေးတယ်လေ ။ ဒါက သူတို့တွေ အတွက် တကယ့်ကို ရင််ဆိုင်ရ ဆိုးရွားတဲ့ ပတ်ဝန်းကျင်း တစ်ခုပါပဲ ”

” ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ ပြိုင်ဖက် နည်းပြ ကိုယ်တိုင််က ဒါဟာ တကယ့်ကို ရင်ဆိုင်ရ ခက်ခဲတဲ့ ပတ်ဝန်းကျင်် တစ်ခုပဲလို့ ပြောဆိုလိုက်ခြင်းဆိုတာက ကြီးမားလွန််းတဲ့ ဖြည့်စွက်ချက် တစ်ခုပါပဲ ။ သူတို့ အတွက် ခက်ခဲတယ်ဆိုတာက ကျွန်တော်တို့ အတွက်တော့ စပါယ်ရှယ် ပတ်ဝန်းကျင်ပဲလေ ”

” ကျွန်တော်တို့ ဒါကို သိရှိ ခံစားနိုင်ဖို့ လိုအပ်လှပါတယ် ။ ကျွန်တော်တို့ အနေနဲ့ ပရိသတ်တွေကို ကျွန်တော်တို့ရဲ့ အနောက်မှာ ထောက်ခံပေးသူ အဖြစ် အမြဲတမ်း ရှိနေစေဖို့ အကောင်းဆုံး လုပ်ပြနိုင်ရပါ့မယ် ။ အဲ့ဒီလိုသာဆိုရင် ပွဲရှိန်တွေကို ပရိသတ်တွေက ဆက်လက် မြှင့်တင်ပေးကြပါလိမ့်မယ် ”

” ပြိုင်ဖက် အသင်းကတော့ ဒီလိုပွဲမျိုးကို ရုပ်ပိုင်းဆိုင်ရာ ကြု့ခိုင်မှု အသားပေးရတဲ့ ပွဲစဥ်မျိုး ဖြစ်သွားအောင် လုပ်ဆောင််မှာပါပဲ ။ ကျွန်တော်တို့အတွက်တော့ ဒီနေရာမှာ အသင့်ရှိနေဖို့ ပြင်ဆင်ထားရပါ့မယ် ။ ပြီးတော့ သူတို့ ဘော်ဒီခုပြီး ကစားတဲ့ အခါတွေမှာ ဘောလုံးပါမသွားအောင် သေသေချာချာ သတိထား ကစားဖို့လည်း အာရုံစိုက်ရပါလိမ့်မယ် ” လို့ ရန်းဂနစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar