နွေရာသီမှာ ဟယ်ရီကိန်း ပြောင်းရွေ့သင့်တဲ့ ပရီးမီးယားလိဂ် ကလပ် ၂ ခုကို ပြောပြလိုက်တဲ့ အဘွန်လာဟော

အက်စတွန်ဗီလာ တိုက်စစ်မှုးဟောင်း ဖြစ်သူ ဂါဘီအဘွန်လာဟောက ဟယ်ရီကိန်း အနေနဲ့ တော့တင်ဟမ်နဲ့ လမ်းခွဲဖို့ အချိန်ကျရောက်နေပြီလို့ ဆိုလိုက်ပြီး ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်း နှစ်သင်းထဲက တစ်သင်းကို ပြောင်းရွေ့ရန် တိုက်တွန်းသွားခဲ့ပါတယ်။ အင်္ဂလန် တိုက်စစ်မှုးဟောင်းက စပါးတိုက်စစ်မှုး အနေနဲ့ မန်စီးတီးကို ၁၀၀% ပြောင်းရွေ့သင့်တယ်လို့ ခံစားမိနေပြီး အကယ်လို့များ အီတီဟတ်ကို ပြောင်းရွေ့ရန် အဆင်မပြေပါက နွေရာသီမှာ မန်နေဂျာကောင်းကို ခန့်အပ်တော့မယ့် မန်ယူနိုက်တက်ကို ရွေးချယ်သင့်တယ်လို့ ဆိုခဲ့ပါတယ်။

ကိန်းကို ပြီးခဲ့တဲ့ နွေရာသီက မန်စီးတီး အသင်းက ခေါ်ယူရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း တော့တင်ဟမ် ဘက်က ရောင်းချရန် ငြင်းပယ်ခဲ့တာကြောင့် အပြောင်းအရွေ့ မဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ကိန်းဟာ လက်ရှိအချိန်မှာ ပုံစံကောင်းကို ပြန်လည် ပြသနေပြီး ထွက်ပေါ်နေတဲ့ သတင်းများအရ မန်ချက်စတာကလပ်တွေဟာ နွေရာသီ အပြောင်းအရွေ့ မတိုင်မီ အင်္ဂလန်စတားရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

စပါးဟာ မန်ယူနိုက်တက်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီမှာ top 4 ၀င်ဖို့ အခြေအနေမကောင်းတော့ဘဲ အဘွန်လာဟောက အင်္ဂလန် အသင်းခေါင်းဆောင် အနေနဲ့ စပါးကို စွန့်ခွာဖို့ အချိန် ကျရောက်လာပြီလို့ ပြောသွားပါတယ်။

အဘွန်လာဟောက “သူ့အနေနဲ့ ဒီအသင်းကနေ ထွက်ခွာရမှာပါ။ စပါးနဲ့ ဖြစ်နေတဲ့ ဟာသတွေဟာ ပြီးဆုံးသင့်ပါပြီ။ သူဟာ ကလပ်အပေါ် များစွာ ပေးဆပ်ခဲ့ပါတယ်။ ကိန်းဟာ ဒီရာသီမှာ စပါးမှာ ဆက်နေခဲ့ပြီး သူတို့ဟာ ဆုဖလားနဲ့ အဝေးကြီးမှာ ရှိနေခဲ့သလို top 4 ၀င်ဖို့လည်း အခြေအနေ မကောင်းတော့ပါဘူး။ သူဟာ မကြာခင် အသက် ၃၀ ပြည့်တော့မှာပါ။ သူဟာ ကြီးကြယ်တဲ့ ကလပ်ကို အစောကတည်းက ပြောင်းရွေ့ခဲ့သင့်သူ ဖြစ်ပေမယ့်လည်း စပါးမှာပဲ ဆက်နေခဲ့ပါတယ်။

အကယ်၍ ကျွန်တော်သာ သူ့နေရာမှာဆိုရင် မန်စီးတီးကို ၁၀၀% ပြောင်းရွေ့မှာပါ။ ဟာလန်းဟာ နွေရာသီမှာ available ဖြစ်တော့မှာ ဖြစ်တာကြောင့် မန်စီးတီးတို့ သူ့ကို အလို ရှိနေသေးသလား ဆိုတာကိုတော့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ အကယ်၍ မန်ယူနိုက်တက် တို့ မန်နေဂျာကောင်း တစ်ဦးကို ခန့်အပ်နိုင်ခဲ့မယ်ဆိုရင် သူ မန်ချက်စတာယူနိုက်တက်ကို သွားသင့်ပါတယ်။ ပိုချက်တီနိုတော့ မဟုတ်ပါဘူး။ လူတွေက ဘာကြောင့် ပိုချက်တီနိုနဲ့ အကြောင်းကို ဆက်ပြောနေသလဲ ဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး။

ခင်ဗျားတို့ ပီအက်ဂျီမှာ သူပိုင်ဆိုင်ထားတဲ့ ကစားသမားတွေကို ကြည့်လိုက်ပါ။ ဒါနဲ့တောင် သူတို့ဟာ ချန်ပီယံလိဂ်မှာ ၁၆ သင်း ရှုံးထွက်အဆင့်ကနေပဲ ထွက်ခွာခဲ့ရပါတယ်။ ကျွန်တော်ကတော့ သူ မန်ချက်စတာယူနိုက်တက်ကို ရောက်လာမယ်လို့ မမြင်မိပါဘူး။ ကျွန်တော်ကတော့ ဒီရာထူးနဲ့ ပက်သက်ပြီး ပိုချက်တီနိုကို သဘောမကျပါဘူး။” လို့ ပြောသွားပါတယ်။

ကိန်းဟာ တော့တင်ဟမ်နဲ့ လာမည့် ၂၀၂၄ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပြီး အကယ်၍ လာမည့် နွေရာသီမှာ ကလပ်ကနေ ဟယ်ရီကိန်း ထွက်ခွာချင်တယ် ဆိုရင်တောင် ဥက္ကဋ္ဌ ဒန်နီရယ်လီဗီဟာ ၎င်းအတွက် ကမ်းလှမ်းလာမယ့် ကလပ်တွေကို ထုံးစံအတိုင်းပဲ ညှိနှိုင်းရ ခက်ခဲအောင် ထပ်လုပ်သွားအုံးမှာ ဖြစ်ပါတယ်။

ရိန်းဂျား ဂန္တ၀င် အလီမက်ကွိုက်စ် ကလည်း “ကျွန်တော်သာဆိုရင် စပါးကနေ ထွက်ခွာမှာပါ။ ကျွန်တော့် အနေနဲ့ မန်စီးတီး ဒါမှမဟုတ် မန်ယူနိုက်တက်ကို သွားမှာပါ။ သစ္စာရှိတယ်ဆိုတဲ့ စကားကို ကျွန်တော် နှစ်သက်ပေမယ့် ဘောလုံးမှာ ဒါမျိုး သိပ်မရှိပါဘူး။ သူ့ရဲ့ ကစားသမားဘ၀ အတွက် စပါးကနေ ထွက်ခွာရမှာပါ။ မန်ယူနိုက်တက်မှာ စပါးထက် စာရင်း ဖလားရဖို့ အခွင့်အရေး ပိုများပါတယ်။ ဒီအချိန်မှာ သူအဲဒီကို ပြောင်းဖို့ပဲ များနေတယ်လို့ ကျွန်တော်ထင်ပါတယ်။

ဟယ်ရီကိန်းရဲ့ နေရာမှာ ခင်ဗျား၀င်ကြည့်လိုက်ပါ။ သူဟာ ဆုဖလားတွေ ရချင်သလို ဂိုးတွေ သွင်းယူရတာကိုလည်း နှစ်သက်ပါတယ်။ စပါးမှာ ဒါမျိုး ဖြစ်နိုင်ပမလား? စပါးတို့ အမှတ်ပေးဖလားကို နောက်ဆုံးရခဲ့တာ ဘယ်တုန်းကလဲ? မှတ်တောင်မမှတ်မိတော့ပါဘူး။”

SM