နော့ဝှစ်ကိုနိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ လီဗာပူးစတားတစ်ဦးကို အထူးချီးကျူးလိုက်ပြီး ကာတစ်ဂျုံးကို ပထမပိုင်းအပြီး လူစားလဲခဲ့တဲ့ အကြောင်းကို ရှင်းပြလိုက်တဲ့ ကလော့

ယာဂန်ကလော့ဟာ မနေ့ညက နော့ဝှစ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို သွင်းပေးခဲ့တဲ့ တကုမိမီနာမီနိုဟာ လီဗာပူး ကစားသမား ဘ၀ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ မီနာမီနိုဟာ ပွဲချိန် ၂၇ မိနစ်မှာ ဆီမီကတ်ရဲ့ ဖြတ်တင်ဘောကို အိုရီဂီ ထိန်းပြီး ပြန်ချပေးခဲ့တဲ့ ဘောလုံးကို ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ပထမပိုင်းမပြီးခင်မှာ လီဗာပူးတို့ ရခဲ့တဲ့ ထောင့်ကန်ဘောကနေ ပြန်လျှံကျလာခဲ့တဲ့ ဘောလုံးကို မီနာမီနိုက half-volley ကန်သွင်းပြီး ဒုတိယမြောက်ဂိုးကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးတို့ ကစားအား ချလိုက်တာကြောင့် နော့ဝှစ်တို့ အခွင့်အရေး ပြန်ရခဲ့ပြီး ရပ်က ၇၆ မိနစ်မှာ ချေပဂိုးသွင်းပေးခဲ့ပေမယ့် လက်ကျန် ပွဲချိန်တွေမှာ လီဗာပူးက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့တာကြောင့် ၂-၁ နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် လီဗာပူး နံပါတ် ၁၈ ဟာ ဒီရာသီ ပြည်တွင်းဖလား ပွဲစဉ်တွေမှာ ၇ ဂိုးထိ သွင်းယူထားခဲ့ပြီး ပွဲအပြီးမှာ ၎င်းရဲ့ စွမ်းဆောင်ရည်ကို ကလော့က အထူး ချီးကျူးသွားခဲ့ပါတယ်။

ဒါဟာ မီနာမီနာရဲ့ လီဗာပူး ကစားသမား ဘ၀ အကောင်းဆုံး ပွဲလား ဆိုတဲ့ မေးခွန်းကို ကလော့က “ဖြစ်နိုင်ပါတယ်။ အရမ်းကောင်းအောင် ကစားခဲ့တာတော့ သေချာပါတယ်။ သူဟာ တကယ့်ကို ထက်မြက်နေပြီး သူ့ရဲ့ အရည်အသွေးတွေကို ဒီညမှာ လူထုကို ချပြခဲ့ပါတယ်။ ဒါဟ တကယ့်ကို ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ ၂ ဂိုးသွင်းနိုင်ခဲ့တာဟာ ကောင်းပါတယ်။ ဒါပေမယ့် အခြား သူလုပ်ခဲ့တဲ့အရာတွေကလည်း top-class ဖြစ်ပါတယ်။ တကယ့်ကို ကောင်းခဲ့ပါတယ်။

ဒါ့ကြောင့်လည်း သူဟာ ကျွန်တော့်တို့ ကစားသမား ဖြစ်နေတာပါ။ သူဟာ ဒီကို ခက်ခဲတဲ့ ကာလမှာ ရောက်လာခဲ့တာ ဖြစ်ပြီး ကိုဗစ်ကလည်း ဖြစ်နေသလို ကွင်းထဲမှာ ပရိတ်သတ်လည်း မရှိတာမို့လို့ အထိုင်ကျဖို့ တကယ့်ကို ခက်ခဲခဲ့ပါတယ်။ သူဟာ တကယ်ကောင်းအောင် ကစားနိုင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အချိန်ပဲ လိုအပ်ခဲ့တာပါ။ အခုဆိုရင် သူဟာ တကယ့် ပုံစံကောင်းကို ရနေပါပြီ။ သူဒါကို ပြသနိုင်ခဲ့တဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကစားရလိုက် မကစားရလိုက် အခြေအနေဟာ သူ့အတွက် မလွယ်လှပါဘူး။ ဒါပေမယ့် သူ့ရဲ့ character ဟာ ထိပ်တန်းအဆင့် ဖြစ်ပြီး ဒါ့ကြောင့်လည်း အခွင့်အရေး ရလာတဲ့အခါ သူဟာ ယခုလိုမျိုး ထိပ်တန်းစွမ်းဆောင်ရည်ကို ပေးနိုင်တာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကလော့က သူ့အနေနဲ့ နော့ဝှစ်ကို နိုင်ခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ ဘာကြောင့် ကွင်းလယ်လူ ကာတစ်ဂျုံးကို လူစားလဲခဲ့သလဲ ဆိုတာ ရှင်းပြသွားခဲ့ပါတယ်။ ဂျုံးဟာ ပထမပိုင်းမှာ လီဗာပူး အတွက် ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်ပြီး ပေါင်ကြွက်သားမှာ တစ်စုံတစ်ရာ ခံစားခဲ့ရတာကြောင့် ပထမပိုင်းအပြီးမှာ အယ်လီယော့နဲ့ လူစားလဲထိုးခဲ့ပါတယ်။

ဂျုံးရဲ့ ဒဏ်ရာဟာ ပြင်းထန်မှု မရှိပေမယ့်လည်း ကလော့နဲ့ သူ့ရဲ့ ဆေးအဖွဲ့၀င်တွေ အနေနဲ့ ၎င်းနဲ့ ပက်သက်ပြီး စွန့်စားမှု မလုပ်လိုတာကြောင့် ဒီလို လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကလော့က “ကာတစ်ဟာ ပထမပိုင်းမှာ အရမ်းကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ပေါင်မှာ တစ်စုံတစ်ရာ အနည်းငယ် ခံစားခဲ့ရတာကြောင့် ကျွန်တော်တို့ သူ့ကို လူစားလဲခဲ့ပါတယ်။ ဒါဟာ တကယ့် ဒဏ်ရာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဒါနဲ့ ပက်သက်ပြီး စွန့်စားမှု လုပ်သွားစရာ မလိုအပ်ပါဘူး။ ဒ့ါကြောင့်လည်း ဟာဗေးနဲ့ လူစားလဲခဲ့တာ ဖြစ်ပြီး သူကလည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM