နိုင်ငံ အသင်းတွေအတွက် ခြေစွမ်းပြခဲ့ကြတဲ့ ဂန်းနားများ သတင်းအပါအဝင် အခြား အာဆင်နယ် သတင်းတိုများ

၁ ။ ပြင်သစ်၂-၁ အိုင်ဗရီကိုစ့် ခြေစမ်းပွဲမှာ အာဆင်နယ် ကစားသမားတွေ ဖြစ်ကြတဲ့ ဆလီဘာ နဲ့ နီကိုလပ်စ် ပေပေ တို့ ပါဝင် ကစားခွင့် ရရှိ ခဲ့ကြပါတယ် ။ ပေပေ ဟာ အိုင်ဗရီကိုစ့် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပြီး ပွဲချိန် ၈၄ အထိ ကစားခဲ့ပါတယ်။ ဆလီဘာ ကတော့ သူ့ရဲ့ ပြင်သစ် ပွဲဦးထွက် အဖြစ် ပွဲချိန် ၅၉ မိနစ်မှာ ဗာရန်း အစား လူစားဝင် ကစားခွင့် ရရှိ ခဲ့ပါတယ် ။ လာမယ့်နွေရာသီမှာ မာဆေးလ် ကို အ​ပြီးသတ်ပြောင်းတော့မယ့် ဂွမ်ဒူဇီ ဟာလည်း ပြင်သစ် အတွက် အနိုင်ဂိုးကို ဖန်တီး ပေးခဲ့ပါတယ် ။

၂ ။ အာဆင်နယ် အသင်း ဘယ်နောက်ခံလူ ကီရန် တီယာနေး ဟာလည်း ပိုလန် အသင်း နဲ့ ခြေစမ်းပွဲမှာ စကော့တလန် အသင်း အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပြီး Man of the Match ခြေစွမ်း ပြသနိုင်ခဲ့ပါတယ် ။

၃ ။ ဘရာဇီး လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိမ် ရွေးချယ် ခံရတဲ့ မာတင်နယ်လီ ဟာလည်း ချီလီ အသင်းကို ၄ ဂိုးပြတ် အနိုင် ရတဲ့ ပွဲတွင် ပွဲချိန် ၇၅ မိနစ်မှာ ဗင်နီရှပ် ဂျူနီယာ အစား လူစားဝင် ကစားခွင့် ရရှိ ခဲ့ပါတယ် ။

၄ ။ ဂန်းနား နောက်ခံလူဟောင်း လီဒီဇွန် က ဒီရာသီ အာဆင်နယ် အသင်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် ရမ်စ်ဒဲလ် ထက်စာရင် နောက်ခံလူ ဘန်ဝှိုက် ကို ရွေးချယ် ပေးချင်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။ ဘန်ဝှိုက် ဟာ ဒီရာသီ ပရီးမီယားလိဂ် မှာ အာဆင်နယ် နဲ့ အတူ Clean-Sheet ၁၃ ကြိမ် ရထားပြီး Clean-Sheet အများဆုံး အင်္ဂလန် နောက်ခံလူ ဖြစ်ပါတယ် ။

၅ ။ ဒီကနေ့ မတ်လ ၂၆ ရက်နေ့ဟာ အာဆင်နယ် အသင်း နည်းပြ အာတီတာ ရဲ့အသက် ၄၀ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ် ။ အာတီတာ ဟာ အာဆင်နယ် အသင်း အတွက် ပွဲပေါင်း ၁၅၀ ကျော်ပေးခဲ့ပြီး အက်ဖ်အေဖလား ၂ ကြိမ် ၊ ကွန်မြူနတီဒိုင်း နှစ်ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။ အာတီတာ ဟာ အာဆင်နယ် နည်းပြ ဘဝမှာလည်း အက်ဖ်အေဖလား တစ်ကြိမ် ၊ ကွန်မြူနတီဒိုင်း တစ်ကြိမ် ရယူ ထားနိုင်ပါတယ် ။

၆ ။ အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူး နဲ့ အငှား မန်နေဂျာ ဘန်နက်ပါ တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တဲ့ ဆလီဘာ တစ်ယောက် ဘာပေး ကို ပါးပါးနပ်နပ် တားစီး ပြခဲ့တဲ့ ပွဲကို အားပေးခဲ့ကြပြီး ၊ ပွဲအပြီးမှာ အီဒူး ဟာ ဆလီဘာ ကို စောင့်ဆိုင်းပြီး ချီးကျူး ဂုဏ်ပြု စကားဆိုခဲ့တယ်လို့ သိရပါတယ် ။

၇ ။ မတ်လ အတွက် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံးဆု ဆန်ကာတင်စာရင်းတွေမှာ အာဆင်နယ် မှ ၃ ဦး အထိ ပါဝင်နေပါတယ် ။ နည်းပြဆု ဆန်ကာတင်စာရင်းမှာ အာတီတာ ၊ ကစားသမားဆု ဆန်ကာတင်စာရင်းမှာ ဆာကာ ၊ သွင်းဂိုးဆု ဆန်ကာတင်စာရင်းမှာ ဝက်ဖိုဒ့် နဲ့ ပွဲက မာတင်နယ်လီ ရဲ့ သွင်းဂိုး တို့ ပါဝင် လာပါတယ် ။

၈ ။ အာဆင်နယ် အသင်းဟာ ရန်းနက်စ် တိုက်စစ်မှူး Martin Terrier ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။ ပြင်သစ် တိုက်စစ်မှူး Terrier ဟာ ဒီရာသီ ရန်းနက်စ် အသင်း အတွက် သွင်းဂိုး ၁၆ ဂိုး အထိ သွင်းယူ ပေးထားပါတယ် ။

၉ ။ လီနို ဟာ လက်ရွေးစင် အသင်းမှာ ဆက်လက် ပါဝင်ခွင့်ရဖို့ ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းကို ပြောင်းဖို့ ဆန္ဒ ရှိနေပြီး လာမယ့် နွေရာသီမှာ အဂဆင်နယ် အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချလိုက်​ပြီ ဖြစ်တယ်လို့ သိရပါတယ် ။

၁၀ ။ အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်း ကော့စီရယ်နီ ဟာ ဘောလုံး ကစားသမား ဘဝကနေ အနားယူ သွားခဲ့ပြီ ဖြစ်ပါတယ် ။

SM