နည်းပြ ဖြစ်သူရဲ့ အားသာချက်ကို ထုတ်ပြောလိုက်တဲ့ ယူနိုက်တက် ခံစစ်မှူးဟောင်း ဒါလေ ဘလိုင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ရာသီမှာ ရလဒ်တွေ မျှော်လင့်ထားသလိုမျိုး မကောင်းမွန်ခဲ့တာကြောင့် နည်းပြ ဆိုးလ်ရှားနဲ့ လမ်းခွဲခဲ့သလို လက်ထောက် နည်းပြ မိုက်ကယ် ကာရစ် ကိုလည်း ဆုံးရှုံးခဲ့လိုက်ရပါသေးတယ် ။

အဲ့ဒီနောက် ယာယီ နည်းပြ အဖြစ် ရာသီကုန် အထိ ကိုင်တွယ််ဖို့ ရောက်လာခဲ့တဲ့ ရဲ့လ်ဖ် ရန်းဂနစ် ကလည်း ရလဒ်ကောင်းတွေ ယူဆောင်ပေးခြင်း မရှိတာကြောင့် ရာသီကုန််မှာ ယူနိုက်တက်တို့ နည်းပြသစ် တစ်ဦးကို မဖြစ်မနေ ခေါ်ဆောင်ရဖို့ ရှိနေပါတယ် ။

ဒီအတွက် ရေပန်းစားနေသူတွေက PSG အသင်းမှ ထွက်ရဖို့ သတင်းကြီးနေတဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ နည်းပြ ပိုချက်တီနို နဲ့ အေဂျက်ဇ် အသင်းကို တစ်ဆင့်ပြီး တစ်ဆင့် မြှင့်တင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် တို့ပဲ ဖြစ်ကြပါတယ် ။

လက်ရှိ အချိန်မှာတော့ ပိုချက်တီနို ဟာ မက်ဆီ ၊ နေမာ ၊ အမ်ဘာပေ တို့လို စူပါ စတား တွေကို ဦးဆောင်ပြီး ချန်ပီိယံလိဂ် ပြိုင်ပွဲရဲ့ 16 သင်း ရှုံးထွက် အဆင့်မှ ထွက်ခွာခဲ့ရတာကြောင့် ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ အတွက် အလေးပေးမှု လျော့ကျနေခဲ့ရပါပြီ ။

အခြားတဖက်မှာတော့ ယူနိုက်တက် ပရိသတ်တွေနဲ့ သတင််း သုံးသပ်သူ အများစု က နည်းပြသစ် အဖြစ် အဲရစ် တန်ဟတ် ကို ခန့်အပ်စေလိုနေကြပါတယ် ။ ဒီလို အနေ အထား တစ်ရပ်မှာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူးဟောင််း ဖြစ်တဲ့ ဒါလေ ဘလိုင်းက နည်းပြ ဖြစ်သူရဲ့ အားသာချက်ကို ထုတ်ပြောခဲ့လိုက်ပါပြီ ။

ဒါလေ ဘလိုင်း ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင််းကို လူးဝစ် ဗန်ဟားလ် ကိုင်တွယ်ခဲ့စဥ်တုန်းက မန်ချက်စတာ အခြေစိုက် ကလပ်ကို ရောက်လာခဲ့သူ ဖြစ်ပြီး အသင်းနဲ့ အတူ FA ဖလား ၊ လိဂ် ဖလား နဲ့ ယူရို ပါလိဂ် ဖလားတွေကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် သူဟာ 2019 ခုနှစ်မှာ အေဂျက်ဇ် အသင်းဆီ ပြန်ရောက်လာခဲ့ပြီး ပြိုင်ပွဲစုံ 162 ပွဲ အထိ ကစားပေးခဲ့တဲ့နောက် အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နိုင်ခဲ့ပါတယ် ။ အခုရာသီမှာလည်း သူဟာ အသင်းအတွက် အမှတ််ပေး ဖလား ပြိုင်ပွဲမှာ 24 ပွဲ ပွဲထွက် ကစားပေးထားခဲ့ပါသေးတယ် ။

အခုတော့ ဒါလေ ဘလိုင်းက သူ့ရဲ့နည်းပြဖြစ်သူ အဲရစ် တန်ဟတ် ရဲ့ အားသာချက် က အသင်းကို တိုက်စစ်ဆင် ကစားစေဖို့ အားသန်ခြင်း ဖြစ်ကြောင်း ၊ သူဟာ အကြောက််အရွံ့ကင်းမဲ့စွာ တိုက်စစ်ဆင် ကစားလိုသူ ဖြစ်ကြောင်း လိုရင်းတိုရှင်း ရှင်းပြခဲ့လိုက်ပါတယ် ။

” အသင်းမှာ ယိုဟန် ခရိုက်ဖ် ရဲ့ ဒဿနတွေ ၊ စိတ်ဝိဥာဥ်တွေ စီးဆင်းနေခဲ့ရပါတယ် ။ အဲရစ် တန်ဟတ် ဟာ အလုပ််တွေကို အကောင်းဆုံး လုပ်ပြနေခဲ့ပါတယ် ။ သူက ကျွန််တော်တို့ကို တိုက်စစ်ဆင် ကစားစေလိုသူပါ ၊ အထူးသဖြင့် အကြောက်အရွံ့ ကင်းမဲ့စွာ တိုက်စစ်ဆင် ကစားစေလိုတာပါ ” လို့ ဒါလေ ဘလိုင်း က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar