နည်းပြသစ် မခန့်အပ်မီ ရော်နယ်ဒိုကို အထူးသတိပေးလိုက်တဲ့ ဂယ်ရီ နဗီးလ်

ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ နည်းပြသစ် မလာမီ မိမိအတွက် ပွဲကစားခြင်း မပြုလုပ်ဖို့ ၊ နည်းပြသစ် လက်အောက်မှာ ပွဲထွက်ခွင့်တွေ ရချင်မှ ရလိမ့်မယ်ဆိုတဲ့ အကြောင်းတွေကို ပြောဆိုရင်း သတိပေးသွားခဲ့လိုက်ပါတယ် ။

အသက် 37 နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ပြန်လည် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး တော့တင််ဟမ် ဟော့ စပါး အသင်းနဲ့ ပွဲစဥ်မှာ တစ်ဦးထဲ ဟတ်ထရစ််ဂိုး သွင်းယူခြင်းဖြင့် ဆက်လက်တောက်ပနေသေးဆဲ ဖြစ််ကြောင်း သက်သေပြသွားခဲ့ပါတယ် ။

ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြန်လည် ရောက်လာတဲ့နောက် ဝေဖန်မှုတွေ ကြုံတွေခဲ့သလိို မန်ချက်စတာ ဒါဘီ ပွဲစဥ်မှာ မပါခဲ့ရတဲ့နောက် အိမ်ပြန််ခဲ့တဲ့ အတွက်လည်း ဝေဖန်သူတွေ ရှိခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူကပြန်လာပြီး ကစားပေးတဲ့ ပွဲမှာပဲ ဟတ်ထရစ် သွင်းယူပြီး ဝေဖန်သံတွေ တိတ်ဆိတ်သွားစေခဲ့ပါတယ် ။

အဆိုပါ ဟတ်ထရစ် ဂိုးကို သွင်းယူခဲ့တဲ့နောက် ရော်နယ်ဒိုဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်် 18 ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါပြီ ။ အဲ့ဒီထဲမှာ 12 ဂိုးကိုတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သွင်းယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန် ပရီးမီးယားလိဂ် ပြိုင်ပွဲဲမှာ သူ့ထက်ပိုပြီး ဂိုးသွင်းထားတာ ဆာလာ နဲ့ ဂျိုတာ တို့သာ ရှိနေကြပါတော့တယ် ။

ဒါပေမဲ့ အခုချိန်ထိ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို တိုးတက်အောင် မလုပ်ဆောင်နိုင်ဘူး ၊ အသင််းရဲ့ ကစားကွက်ကို အရှိန်ပျက်စေသူ စသဖြင့် ဝေဖန်ခံခဲ့ရပါသေးတယ် ။ အခုတော့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် ကလည်း ပွဲထွက် ကစားခွင့်တွေ ရဖို့ မိမိ အတွက် ကစားတာမျိုး မလုပ်သင့်ကြောင်း သတိပေးသွားခဲ့လိုက််ပါတယ် ။

” သေချာတော့ မသိသေးပါဘူး ။ မန်နေဂျာ ဘယ်သူ ဖြစ််မလဲ ၊ သူ့ရဲ့ စီမံကိန်း က ဘာဖြစ်မလဲ ဆိုတာက ရော်နယ်ဒို ရဲ့ ကစားခွင့်ကို အဖြေပေးပါလိမ့်မယ် ။ ရောက်လာမယ့် နည်းပြသစ် က လူငယ် ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်လိုသလား ၊ ဘယ်လိုအသင်းမျိုး ဖန်တီးလိုမလဲ ဆိုတာက အရေးကြီးပါတယ် ”

” အဲ့လို အသင်းမှာလည်း ရော်နယ်ဒိုဟာ ကစားပေးနိုင်စွမ်း ရှိပါတယ် ။ ဒါပေမဲ့ ဖြစ်လာမယ့် ပြသနာ တစ်ခုက သူဟာ အပါတ်စဥ်အပါတ်တိုင်း ပွဲထွက် ကစားခွင့်တွေကို ရနိုင်မလား ဆိုတာပါပဲ ။ မန်နေဂျာ ကတော့ အပါတ်စဥ် အပါတ်တိုင်းမှာ လန်းဆန်းတဲ့ ကစားသမား စာရင်းကို ပွဲထုတ််လိုမှာပဲလေ ”

” အကယ်လို့ နည်းပြသစ် ဖြစ်သူက ခြားနားတဲ့ ကစားဟန်် တစ်ခုကို ယူဆောင်လိုမယ် ၊ အဲ့ဒီ အသင်းမှာ ဂိုးသွင်းစက််တစ်ဦး လိုချင်နေမယ်၊ အသင်းမှာ ရှိနေတဲ့သူကလည်း ဘောလုံး သမိုင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေတယ် ဆိုရင်တော့ ဒီလို နည်းပြမျိုး လက်အောက်မှာ သူဟာ ပွဲထွက်ခွင့်တွေ ရနိုင်မှာပါ ”

” ဒါပေမဲ့ အရေးကြီးသူက ရော်နယ်ဒို ကိုယ်တိုင် ပါပဲ ။ သူဟာ အပါတ်စဥ် အပါတ်တိုင်း ပွဲစဥ်တွေ ကစားရမှာ မဟုတ်ဘူး ။ သူဟာ ပွဲစဥ်တိုင်းကို ကစားရမှာ မဟုတ်ဘူး ၊ ပွဲထွက် ကစားခွင့်တွေ ဆုံးရှုံးရတဲ့ အခိုက်အတန့်မျိုး ပိုင်ဆိုင််ရလိမ့်မယ် ဆိုတာမျိုး လက်သင့်ခံဖို့ လိုအပ်ပါတယ် ။ ဒါက သူ့အတွက်တော့ ပြသနာကြီး တစ်ခုပါပဲ ”

” သူဟာ ပွဲစဥ်တိုင်းကို ကစားခွင့် ရရှိချင်သူပါ ။ သူအသင််းမှာ ရှိမလားဆိုတာက 50-50 % ပါပဲ ။ အသင်းက သူ့ကို ထိန်းထားချင်ပါ့မလား ဆိုတဲ့ အတွေးနဲ့ 50 – 50 % ပါပဲလို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး ။ ခရစ္စတီယာနို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နေပြီး 38 ၊ 39 ထိ ကစားပေးမလား ဆိုတာက 50-50 % ဖြစ်နေတာပါ ” လို့ နဗီးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar