ဒီရာသီ ရုန်းကန်နေခဲ့ရတဲ့ အကြောင်းအရင်းတွေကို ထုတ်ပြောလိုက်တဲ့ ကာဗာနီ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အီဒင်ဆန် ကာဗာနီ က ဒီရာသီ ဒဏ်ရာ ပြသနာတွေနဲ့ လုံးပမ်းနေခဲ့ရခြင်းက သူ့အတွက် တကယ့်ကို မလွယ်ကူတဲ့ အရာ ဖြစ်ခဲ့ရကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့လိုက််ပါတယ် ။

ကာဗာနီဟာ ပြီးခဲ့တဲ့ မန်ချက်စတာ ဒါဘီ ပွဲစဥ်တုန်းက ယူနိုက်တက်ရဲ့ ပွဲထွက် ကစားသမား စာရင်းမှ အံ့ဖွယ် ချန်လှပ်ခံခဲ့ရပါတယ် ။ အဆိုပါ ပွဲစဥ်မတိုင်ခင်တုန်းက ယူနိုက်တက် နည်းပြ ရန်းဂနစ်က ဥရုဂွေးသားဟာ ပြန်လည်် ကြံ့ခိုင်နေပြီလို့ ပြောခဲ့ပါသေးတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ ပွဲကစားရမယ့် ရက်စွဲမှာ ကာဗာနီဟာ ကြံ့ခိုင်မှု ပြသနာ ရှိနေဆဲ ဖြစ်ခဲ့ရတာကြောင့် ချန်လှပ််ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။ အခုတော့ ကာဗာနီ ဟာ ဒီရာသီ ယူနိုက်တက်တို့ ကစားခဲ့ကြတဲ့ ပွဲစဥ်တွေရဲ့ 56 % အထိ ပါဝင် ကစားပေးနိုင်စွမ်း မရှိပဲ ဖြစ်ခဲ့ရပါပြီ ။

ဒါနဲ့ ပတ်သက်လို့ ပရိသတ် အချို့နဲ့ သတင်းသုံးသပ်သူ အချို့က မေးခွန်းတွေ ထုတ်ခဲ့ကြသလို ကာဗာနီ အသင်းပြောင်းလိမ့်မယ်လို့လည်း ထင်ကြေးပေးခဲ့ကြပါသေးတယ်် ။ အခုတော့ ကစားသမား ကိုယ်တိုင်က သူ့ရဲ့ အနေ အထားတွေကို ဝန်ခံ ဖွင့်ဟလိုက်ပါပြီ ။

” ဟုတ်ပါတယ် ၊ ကျွန်တော်က ဒဏ်ရာပြသနာတွေကြောင့်် ကံမကောင်းစွာပဲ ပွဲကစားခွင့်တွေ ဆုံးရှုံးခဲ့ရပါတယ် ။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော် အရင် ဖြစ်နေခဲ့တာတွေထက်် အကြာကြီး ပိုပြီး ဒဏ်ရာ ရရှိသွားခဲ့ရပါတယ် ”

” ကျွန်တော်ဟာ ဘယ်တုန်းကမှ ဒီလောက် အကြာကြီး ပွဲထွက်ခွင့်တွေ ဆုံးရှုံးတာမျိုး မဖြစ်ခဲ့ဖူးပါဘူး ။ အခုတော့ ဒါဟာ ကျွန်တော့်အတွက် တကယ့်ကိုခက်ခဲလှတဲ့ ပြသနာ တစ်ခုလို ဖြစ်နေခဲ့ရပါပြီ ။ ဒါဟာ တကယ်ပဲ ရင်ဆိုင်ဖြေရှင်းရ ခက်ခဲနေခဲ့ပါတယ် ”

” ဒါကြောင့် စိတ်ပိုင်းဆိုင်ရာလည်း ရင်ဆိုင်ရ မလွယ်ကူခဲ့ပါဘူး ။ ခင်ဗျားရဲ့ သူငယ်ချင်းတွေ ဘောလုံး ကိုယ်စီ ကစားနေကြချိန် ၊ လေ့ကျင့်ရေးတွေ လုပ်ဆောင်နေချိန်တွေမှာ ခင်ဗျားကတော့ ဒဏ်ရာကြောင့် ဘေးထွက််နေရတာက တကယ့်ကို ခံစားရဆိုးရွားလှပါတယ် ”

” အခုလို ခံစားချက်တွေ ပိုင်ဆိုင်ရတာက တကယ့်ကို လက်ခံရ ခက်ခဲလှသလို စိတ်ပျက်ဖို့လည်း ကောင်းလှပါတယ် ။ ကျွန်တော့်အတွက်တော့ သူတို့ကို ကြည့်ပြီး တက်နိုင်သလောက် အမြန်ဆုံး ပြန်ကောင်းဖို့ ကြိုးစားလိုစိတ်တွေ ဖြစ်ခဲ့ရပါတယ် ” လို့ ကာဗာနီ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar