ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းကို ပြောပြလိုက်တဲ့ မိုက်ကယ်အို၀င်

မိုက်ကယ်အို၀င်က ဒီရာသီ ချန်ပီယံလိဂ်မှာ မန်ချက်စတာစီးတီး ဒါမှမဟုတ် လီဗာပူး တစ်သင်းသင်းပဲ ဗိုလ်စွဲနိုင်လိမ့်မယ်မယ်လို့ ယုံကြည်နေပြီး the Reds တို့အနေနဲ့ ဒီရာသီ ဥရောပရဲ့ အမြင့်ဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်ရန် တတိယ ရေပန်းစားတဲ့ အသင်းလို့ bookies တွေက သတ်မှတ်ထားခဲ့တဲ့ အပေါ် စိတ်ဘ၀င်မကျ ဖြစ်နေပါတယ်။

လီဗာပူးဟာ မနေ့က အန်ဖီးမှာ အင်တာမီလန်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပေမယ့်လည်း နှစ်ကျော့ပေါင်း ၂-၁ နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကြားရက်မှာ မန်စီးတီး ၊ ဘိုင်ယန်မြူးနစ် နဲ့ ရီးရဲယ်မက်ဒရစ် တို့ကလည်း ကွာတားဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့ကြပါတယ်။ အို၀င်က မန်စီးတီးဟာ ပရီးမီးယားလိဂ် title race မှာ လီဗာပူးထက် ပိုမို ရေပန်းစားနိုင်ပေမယ့် ဥရောပမှာ လီဗာပူးရဲ့ အောင်မြင်မှု မှတ်တမ်းကြောင့် ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ထိပ်ဆုံး ၂ သင်းမှာ ပါ၀င်သင့်တယ်လို့ ခံစားမိနေ ပါတယ်။

အို၀င်က “ကျွန်တော် ကတော့ ဒီရာသီ ချန်ပီယံလိဂ်ဖလားဟာ လီဗာပူး ဒါမှမဟုတ် မန်ချက်စတာစီးတီးရဲ့ ဖလား လို့ပဲ မြင်မိပါတယ်။ ခင်ဗျားတို့ အနေနဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ၂ သင်းထဲမှာ စီးတီးနဲ့ အတူ ဘိုင်ယန်မြူးနစ် ဒါမှဟုတ် ချဲလ်ဆီး တို့ကို ထားကောင်း ထားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ဒီလို မလုပ်နိုင်ပါဘူး။ မန်စီးတီးနဲ့ လီဗာပူးဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့အကောင်းဆုံး အသင်း ၂ သင်း ဖြစ်ပြီး ပြိုင်ဘက်တွေထက် ခေါင်းတလုံးသာနေ ပါတယ်။

ကျွန်တော်ကတော့ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဒီနှစ်သင်းကလွဲပြီး အခြား အသင်း ဗိုလ်စွဲသွားလိမ့်မယ်လို့ မမြင်မိပါဘူး။ စီးရီးအေ ချန်ပီယံ အင်တာမီလန်ကို ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်တဲ့ လီဗာပူး အနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ တတိယမြောက် ရေပန်းစားတဲ့ အသင်းအဖြစ် ရှိနေတဲ့ အပေါ် ကျွန်တော် မယုံကြည်နိုင်လောက်အောင် ဖြစ်မိပါတယ်။

ကျွန်တော်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ပွဲတော်တော်များများကို ကြည့်ဖြစ်ခဲ့ ပါတယ်။ ကျွန်တော်ဟာ BT Sport အတွက် ပွဲစဉ်တွေကို ကာဗာ လုပ်ပေးနေရသူပါ။ ဒီရာသီ ခြေစွမ်းတွေအရ လီဗာပူးကို ဘယ်လိုလုပ်ပြီး တတိယ ရေပန်းစားတဲ့ အသင်း အဖြစ် သတ်မှတ်သလဲ ဆိုတာ ကျွန်တော် နားမလည်နိုင်လောက်အောင် ပါပဲ။ အကယ်၍ သူတို့ဟာ ရေပန်းအစားဆုံး အသင်းမဟုတ်ဘူး ဆိုရင်တောင် ဒုတိယနေရာမှာတော့ ရှိနေသင့်ပါတယ်။

ခင်ဗျားအနေနဲ့ မန်စီးတီးကို ရေပန်းအစားဆုံး အဖြစ် သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေ အတွင်း ဥရောပမှာ လီဗာပူးတို့ စွမ်းဆောင်ခဲ့မှုတွေ အရ ဒီနှစ်သင်းကြား ဘာမှ ကွာဟချက် မရှိပါဘူး။ လီဗာပူးဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်း ဥရောပမှာ စီးတီးထက် ပိုမို အောင်မြင်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ကတော့ လီဗာပူးကိုပဲ ရေပန်းအစားဆုံး အသင်း အဖြစ် သတ်မှတ်ချင်ပါတယ်။” လို့ ပြောသွားပါတယ်။

SM