ဒီတစ်ပါတ် ကစားရမယ့် မန်ချက်စတာ ဒါဘီပွဲအပေါ် မှတ်ချက်ပေးလိုက်တဲ့ ရွိုင်ကိန်း

ဒီတစ်ပါတ် တနင်္ဂနွေညမှာတော့ ပရီးမီးယားလိဂ် ထိပ်သီိး ကလပ် 2 သင်း ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက််နဲ့ မန်စီးတီး အသင်းတို့ဟာ အီတီဟတ် ကွင်းထဲမှာ မန်ချက်စတာ ဒါဘီ ပွဲစဥ်ကို အကြိတ်အနယ် ကစားသွားရဖို့ ရှိနေကြပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အချိန်မှာ မန်စီးတီး အသင််းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ရေး အတွက် လုံံးဝ အမှားမခံသင့်တဲ့ အနေအထားမျိုးကို ပိုင်ဆိုင်နေသလို မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ထိပ်သီး 4 သင်း စာရင်းဝင်နိုင်ဖို့ ကြိုးစားရမှာမို့လို့ပါပဲ ။

ဒီပွဲမတိုင်မီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဥ် 7 ပွဲဆက်မှာ 2 ပွဲသာ အနိုင် ကစားထားနိုင်ခဲ့ပြီး 5 ပွဲ အထိ သရေ ရလဒ်မျှသာ ရယူထားနိုင်ခဲ့တဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားခဲ့ရပါတယ် ။

အခြားတစ်ဖက်မှာတော့ မန်စီးတီး အသင်းဟာ 7 ပွဲမှာ 6 ပွဲထိ အနိုင် ကစားထားနိုင်ခဲ့ပြီး တော့တင်ဟမ် ဟော့စပါး တစ်သင်းထဲကိုသာ ရှုံးနိမ့်ထားခဲ့ပါတယ် ။ ဒါ့ကြောင့် ရပ်တည််မှု အရရော စွမ်းဆောင်ရည် အရပါ မန်စီးတီး အသင််းက ထူးကဲသာလွန်နေခဲ့ ပါတယ် ။

အခုတော့ ထိပ်တိုက် ရင်ဆိုင် ကစားကြမယ့် မန်ချက်စတာ ဒါဘီ ပွဲစဥ် မတိုင်မီမှာ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း က ဒီလိုပွဲကိုကြည့်ဖို့ ရှေးရှုနေကြောင်း ၊ လက်ရှိ အချိန်မှာ မန်စီးတီး အသင်းက သာလွန်ပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်ကလည်း မျှော်လင့်လို့ ရနိုင်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော်ကတော့ ဒီပွဲကို ရှေးရှုနေပါတယ် ။ စီးတီး အတွက််တော့ နောက်ထပ် အစမ်းသပ်ခံရမှု တစ်ခုပဲပေါ့ဗျာ ။ သူတို့တွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အံ့ဖွယ် ဖြစ်နိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့လည်း အလှည့်အပြောင်းလုပ်ပြီး တစ်ခုခု လုပ်ပြနိုင်သေးတယ်လို့ မျှော်လင့်လို့ ရနိုင်ပါတယ် ”

” ယူနိုက်တက် အတွက် အကောင်းဆုံးကတော့ ကောင််တာ တိုက်စစ် ကစားခြင်းပါ ။ စီးတီး ကတော့ သူတို့အမြဲ ကစားနေကြအတိုင်း ဘောလုံးကိုင် ကစားကြမှာ သေချာလှပါတယ် ။ ဒီလို အနေအထားမျိုးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ကောင်တာ ကစားဖို့ လိုပါတယ် ”

” ယူနိုက်တက် အသင်းဟာ နောက်ကျ မိနစ်တွေမှာ အခွင့်အရေးတွေ ပိုပြီး ဖန်တီးပြနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ အရတော့ မယူနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ တနင်္ဂနွေမှာတော့ သူတို့ ဒါကို အရယူနိုင်ဖို့ လိုပါတယ် ။ ဘာလို့လဲဆိုတော့ ဒီပွဲမှာ သူတို့ အခွင့်အရေး သိပ်ရနိုင်မှာ မဟုတ်လို့ပါပဲ ” လို့ ရွိုင်ကိန်း က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar