ထိပ်တိုက်တွေ့ဆုံပွဲမတိုင်မီ မန်ချက်စတာ ယူနိုက်တက် အသင်းအ​ပေါ် မှတ်ချက်ပေးလိုက်တဲ့ ကွန်တီ

တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ နည်းပြ ဖြစ်သူ အန််တိုနီယို ကွန်တီ က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ယှဥ်ပြိုင်ရမယ်ဆိုတာ စစ်မှန်တဲ့စိန်ခေါ်မှု တစ်ခုဖြစ်ကြောင််း ၊ ယူနိုက်တက်ဟာ အမှတ်ပေး ဖယားကို စိန်ခေါ်နိုင်တဲ့အထိ ကောင်းတဲ့ အသင်းဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ်် ။

ဒီရာသီမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းရော တော့တင်ဟမ် ဟော့ စပါး အသင်းပါ ထိပ်သီး လေးသင်း စာရင်းဝင်နိုင်ဖို့ ရုန်းကန်နေရတဲ့ အသင်းတွေ အဖြစ် ရှိနေကြပြီး တည်ငြိမ်မှုမရှိတဲ့ခြေစွမ်းတွေနဲ့ အခွင့်အရေးကောင််းတွေကိုလည်း အကြိမ်ကြိမ် အသုံးမချနိုင်ခဲ့တဲ့ အသင်းတွေ ဖြစ်ခဲ့ကြပါတယ် ။

လက်ရှိအချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ မန်ချက်စတာ ဒါဘီ ရှုံးပွဲကြောင့် အဆင့် 4 နေရာမှ ဖယ်ပေးခဲ့လိုက်ရပါပြီ ။ အခြားတဖက်မှာတော့ တော့တင််ဟမ် ဟော့ စပါး အသင်းဟာ အိမ်ကွင်းမှာ အဲဗာတန် အသင််းကို 5 ဂိုးပြတ် အနိုင်ကစားပြီး ယူနိုက်တက် အသင်းထက် 2 ပွဲလျော့ ၊ 2 မှတ် အကွာကို ရောက်လာခဲ့ပါပြီ ။

အိမ်ကွင်းမှာ အခုလို ဂိုးပြတ်နိုင်ပွဲ ရရှိပြီး ထိပ်သီး လေးသင်း စာရင်းဝင်နိုင်ရေး အတွက် အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်လာခဲ့တဲ့ အတွက် ကွန်တီဟာ ကျေနပ် ပျော်ရွှင်နေပေမဲ့ သူတို့ရဲ့ အာရုံ အားလုံးကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းလဲလိုက်ဖို့ လိုပြီဖြစ်ကြောင်း သတိပေးခဲ့လိုက်ပါတယ် ။

” ဒီနေ့ကတော့ နေရာ အတော်များများမှာ ကျွန်တော်တို့ ကောင်းပြနိုင်ခဲ့ ကြပါတယ် ။ ဒါပေမဲ့ အခြားသော ပွဲစဥ်တွေမှာလည်း ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ် ။ ထားပါတော့ ပြီးခဲ့တာတွေလည်း ပြီးဆုံးခဲ့ပါပြီ ”

” ကျွန်တော့်ရဲ့ ကစားသမားတွေကို ပြောနေကျ ဖြစ်တဲ့ ‘ OK ၊ ဒါဟာ အတိတ် ဖြစ်သွားပြီ ၊ ဒီနေ့ ပွဲစဥ်ကို ပျော်ရွှင် ခံစားလိုက်ပါ ။ အဲ့တာပြီးရင် မနက်ဖြန်က စတင်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအကြောင်းပဲ တွေးတော့ ‘ ဆိုတဲ့ စကားမျိုးကိုပဲ ခင်ဗျားတို့ကို ပြောချင်ပါတယ် ”

” သူတို့က တကယ့်ကိုတောင့်တင်းတဲ့ အသင်းတစ်သင်းပါ ။ ကျွန်တော့်ရဲ့ အမြင်ထဲမှာတော့ သူတို့တွေဟာ ပရီးမီးယားလိဂ် ၊ သူတို့ ကစားတဲ့ ပြိုင်ပွဲတိုင်းမှာ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ အသင့်ဖြစ်နေတဲ့ အသင်းမျိုးပဲလို့ တွေးမိပါတယ် ”

” ဒါဟာ စစ်မှန်တဲ့ စိန်ခေါ်မှု တစ်ခုပါ ။ ဒီအတွက် ကျွန််တော်ဟာ အဖြေတစ်ခုတော့ လိုချင်ပါတယ် ။ ကျွန်တော် နဲ့ ကျွန်တော့်ရဲ့ ကစားသမားတွေ အတွက် အဖြေ တစ်ခု လိုပါတယ် ။ ကျွန်တော်တို့ ရာသီကုန်အထိ 12 ပွဲ ဆက်လက်် ကစားရပါဦးမယ် ”

” ခင်ဗျားတို့ ထိပ်သီးလေးသင်း ဝင်နိုင်ရေး အကြောင်း ပြောတာကို ကျွန်တော် မြင်နေ ၊ ကြားနေခဲ့ရ ပါတယ် ။ ကျွန်တော်ကတော့ ကစားသမားတွေကို တာဝန်ယူစိတ်ရှိဖို့ပဲ မှာကြားဖြစ်ပါတယ် ။ ကျွန်တော် ရောက်ခဲ့စအချိန်ထက် အခု ကျွန်တော်တို့ ပိုမို တောင့်တင်းနေပြီလို့ ခံစားရပါတယ် ”

” ဇန်နဝါရီမှာ ခေါ်ခဲ့တဲ့ ကစားသမား နှစ်ဦးက ဒါကို ဖြည့်တင်းပေးနိုင်ခဲ့ကြပါတယ် ။ အခုတော့ ကျွန်တော်တို့ရဲ့ ပစ်မှတ်အတွက် တိုက်ပွဲဝင်နိုင်ပါပြီ ။ ရည်မှန်းချက် ရှိနေဖို့ လိုအပ်ပါတယ် ။ ဒါကို ဖုံးကွယ်ထားဖို့ မလိုအပ်ပါဘူး ” လို့ ကွန်တီ က ပြောကြားသွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar