တံကောက်ကြော ဒဏ်ရာကြောင့် ရက်သတ္တပတ် နဲ့ ချီပြီး အနားယူရတော့မယ့် အာနိုး

ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ လီဗာပူး အတွက် အရေးကြီးတဲ့ ကာလမျိုး ဖြတ်သန်းဖို့ ပြင်ဆင်နေချိန်မှာပဲ သတင်းဆိုးကြီး တစ်ခု ထွက်လာခဲ့ပါတယ်။

အာဆင်နယ် ကို အဝေးကွင်းမှာ ၀-၂ ရလာဒ် နဲ့ အနိုင် ကစားခဲ့သည့်တိုင်အောင် အဲဒီပွဲ က ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ ကစားဟန်ကြောင့် ကစားသမား တစ်ချို့ ဒဏ်ရာပြသနာတွေ ကြုံခဲ့ရသလို ၊ တချို့လဲ နေမကောင်း ဖြစ်နေတယ် လို့ ကလော့ပ်က ဆိုပါတယ်။

အဆိုးဆုံးကတော့ ဘယ်တောင်ပံ မှာ တစ်ချိန်လုံး တိုးခွေ့ ပြေးလွှားနေတဲ့ မာတင်နယ်လီ ကို ထိန်းခဲ့ရတဲ့ အာနိုး ဟာ တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တာပါ။ ဒါကြောင့် အဂ်လန် လက်ရွေးစင် ကစားသမား စာရင်းကနေတောင် နှုတ်ထွက်လိုက်ရပြီ ဖြစ်သလို ၊ ဒီတစ်ပတ် ကစားမယ့် နော့တင်ဟမ် ဖော်ရက်စ် နဲ့ အက်ဖ်အေ ဖလား ပွဲစဉ်ကိုလဲ ပါ၀င် ကစားပေးနိုင်ခြင်း ရှိတော့မှာ မဟုတ်ပါဘူး။

နည်းပြကြီး ကလော့ပ် ကတော့ ဒဏ်ရာ အခြေအနေကို ဆက်ပြီး စောင့်ကြည့်သွားရမယ်လို့ ဆိုခဲ့သည့်တိုင်အောင် ၊ ရက်သတ္တ်ပတ် နဲ့ ချီပြီး အနားယူရနိုင်တယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

အာနိုး အနားယူရတော့မယ့် သတင်းဟာ လီဗာပူး အတွက်ရော ၊ သူ့ ပရိသတ်တွေ အတွက်ပါ စိုးရိမ်စရာ သတင်းမျိုး ဖြစ်ပါတယ်။ အဝေးဘောတွေ ၊ ဖြတ်တင်ဘော တွေကို တိတိကျကျ ဖြစ်အောင် ကန်တင်ပြနိုင်သူ ဖြစ်သလို ၊ ပြိုင်ဘက်ရဲ့ အလစ်ငိုက် ကို အခွင့်ကောင်းယူပြီး တိုက်စစ် ကစားသမားတွေရဲ့ ပြေးလမ်းကြောင်းထဲကို ဘောလုံးပေးပို့ လေ့ရှိတဲ့ သူ့ရဲ့ vision က IQ မြင့်လွန်းတဲ့ ကစားသမား ဆိုတာ လှစ်ပြနေပါတယ်။

ဒါ့အပြင် နောက်တန်း ကစားသမား တစ်ယောက် ဖြစ်နေသည့်တိုင် ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံး ပြိုင်ပွဲရဲ့ စုစုပေါင်း ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရပ်တည်လျှက် ရှိနေပြီး ၊ စုစုပေါင်း ၁၁ ကြိမ် အထိ ဖန်တီးပြထားပါတယ်။

နည်းပြ ကလော့ပ် အတွက်တော့ အာနိုး ကစားပေးနိုင်ခြင်း မရှိချိန်မှာ ဝါရင့် ကစားသမားကြီး မေလ်နာ ၊ လူငယ် ကစားသမား ဂိုးမက်ဇ် တို့ကို အစားထိုး အသုံးပြုဖို့ ရွေးချယ်စရာတွေ ရှိနေပါတယ်။

လက်ရှိအချိန်တော့ နော့တင်ဟမ် ဖောရက် ရဲ့ ကစားပုံကို သေချာ လေ့လာ သုံးသပ်ရခြင်း မရှိသေးလို့ ဘယ်သူ့ကို အသုံးပြုရမလဲ ဆိုတာ ဆုံးဖြတ်ချက် မချရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အာဆင်နယ် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လူစား၀င် ကစားသမားအဖြစ် ၀င်ရောက် ကစားခဲ့တဲ့ မို ဆာလာ ကလဲ ဒဏ်ရာဟောင်းက နည်းနည်းပြန်နာနေတဲ့ အတွက် စောင့်ကြည့်မှုတွေ လုပ်ဆောင်သွားရဦးမယ်လို့ ကလော့ပ် က အသိပေးသွားခဲ့ ပါသေးတယ်။

လီဗာပူး ဟာ အက်ဖ်အေ ဖလား ရဲ့ လက်ကျန် ပွဲစဉ်တွေ အတွက်တော့ လူငယ် ဂိုးသမား ကယ်လာဟာ ကို အခွင့်အရေး ပေးတော့မှာ မဟုတ်တော့ပဲ အလီဆွန် ကိုပဲ တာ၀န်ယူခိုင်းတော့မှာပါ။ ဒါကြောင့် နော့တင်ဟမ် ဖောရက် နဲ့ ပွဲစဉ်မှာ အလီဆွန် ကပဲ ပွဲထွက် ကစားသမား စာရင်းကနေ ပါ၀င်လာမှာ ဖြစ်ပါတယ်။

ကလော့ပ်ဟာ နော့ဝှစ်ခ်ျ နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တုန်းကလဲ အလီဆွန် ကို အသုံးပြုခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက် ၉ ပွဲ အထိ ရယူပြထားနိုင်ခဲ့လို့ အမာခံ ကစားသမား တစ်ချို့ကို အနားပေးသွားဖွယ် ရှိနေတယ်လို့ မျှော်လင့်ရပြီး ၊ အရန်ကစားသမားတွေ အခွင့်အရေး ရရှိဖွယ် ရှိနေပါတယ်။

ကိုဗစ် ကူစက်ခံထားရတယ် လို့ သံသယ ဖြစ်ခဲ့တဲ့ ခံစစ်မှုး ကိုနာတေး ဟာ အသင်းနဲ့ အတူ ပြန်လည် ပူးပေါင်း ပါ၀င်ထားနိုင်ပြီ ဖြစ်ပါတယ်။

SM