တန်းဆင်းဇုန် အနားက ကစားသမားတွေအနက် ယူနိုက်တက်တို့ ခေါ်ယူလို့ရနိုင်မယ့် ကစားသမား 4 ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေတုန််းက ဆန်ချို၊ ရော်နယ်ဒို၊ ဗာရန်း တို့လို ကစားသမားတွေကို ခေါ်ယူခဲ့တဲ့နောက် ဒီရာသီ ဆုဖလားတွေ ဆွတ်ခူးနိုင်ရေး အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ပြုလုပ်နိုင်လိမ့်မယ််လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ ဒါဟာ အလုပ် မဖြစ်ခဲ့ပဲ နည်းပြ ဆိုးလ်ရှား အသင်းမှ ထွက်ခွာခဲ့ရသလို ကာရစ်လည်း အသင်းနဲ့ လမ်းခွဲသွားခဲ့လိုက်ပါတယ် ။ ဒါ့အပြင် အသစ်ရောက်လာတဲ့ ယာယီ နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် ကလည်း နိုင်ပွဲ ယူပေးနိုင်ဖို့ ရုန်းကန်နေရဆဲပါပဲ ။

ဒီလို အနေအထား တစ်ရပ်မှာ ယူနိုက်တက် အသင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပြီး အသင်းကို ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူ ဖြည့်တင််းသင့်တယ်လို့ အကြံပေးသူတွေလည်း များပြားလာခဲ့ကြပါတယ် ။

အခုတော့ မန်ချက်စတာ ညနေခင်း သတင်းက ယူနိုက်တက်တို့ လာမဲ့နွေမှာ ခေါ်ယူလို့ ရနိုင်မယ့် ၊ တန်းဆင်းဇုန်ထဲ ရောက်နေကြတဲ့ ကစားသမားကောင်းတွေ အမည်ကို ဖော်ပြသွားခဲ့လိုက်ပါတယ် ။ အဆိုပါ ကစားသမားတွေကတော့…

(1) ကယ်ဗင် ဖိလစ် ( လိဒ်စ် ယူနိုက်တက် )

လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြသနာအရှိဆုံး နေရာတစ်ခုကို ဖော်ပြပါဆိုရင် ပရိသတ် အများစုက ဗဟို ကွင်းလယ် နေရာလို့ ဖြေကြမှာ အသေ အချာ ပါပဲ ။ ဒီအတွက် ဒီကလန် ရိုက်စ် ကို ခေါ်ယူသင့်တယ််လို့ တိုက်တွန်းသူလည်း များပြားခဲ့ပါတယ် ။

အခြားတဖက်မှာတော့ လိဒ်စ် ယူနိုက်တက် အသင်းဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် 16 နေရာမှာ ရမှတ်် 23 မှတ်နဲ့ ရပ်တည်နေပါတယ် ။ ဒါ့ကြောင့် သူတို့ရဲ့အနေအထားက တန်းဆင်းသွားနိုင်ခြေ ရှိနေတယ်လို့ ပြောလို့ရပါတယ် ။

ဒီလိုသာဆိုရင် ကယ်ဗင် ဖိလစ် ဟာလည်း အသင်းပြောင််းဖို့ အလေးသာသွားနိုင်ပါတယ် ။ ကယ်ဗင် ဖိလစ် ဟာ လိဒ်စ် ယူနိုက်တက် အတွက် အားထားရတဲ့ ကစားသမား တစ်ဦး ဖြစ်သလို အင်္ဂလန်မှာလည်း ခြေစွမ်းပြနိုင်ခဲ့သူဖြစ််တာကြောင့် ယူနိုက်တက်တို့ ပစ်မှတ်ထားသင့်ပါတယ် ။

(2) ကယ်လ်ဗတ် လီဝင် (အဲဗာတန်)

နှစ်စဥ်နှစ်တိုင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မာကျောတဲ့ ကစားဟန်နဲ့ ပြိုင်ဖက်တွေကို ဒုက္ခပေးနိုင်ခဲ့တဲ့ အဲဗာတန် အသင်းဟာ ဒီနှစ်မှာတော့ 25 ပွဲ ကစားပြီးချိန် လိဒ်စ် ယူနိုက်တက် အသင်းအောက် အဆင့် 17 နေရာမှာသာ ရပ်တည််နိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် ဖရန့် လမ်းပတ် ဦးဆောင်နေတဲ့ အဲဗာတန် အသင််းသာ အကြောင်း အမျိုးမျိုးကြောင့် တန်းဆင်းသွားခဲ့ရရင် လက်ရှိ အသင်းမှာ ရှိနေတဲ့ ကစားသမားကောင်း အတော််များများကို ဆုံးရှုံးသွားရမှာ အသေအချာပါပဲ ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ လာမဲ့နွေမှာ ခရစ္စတီယာနို ရော်နယ်ဒို ၊ အီဒင်ဆန် ကာဗာနီ တို့ကို ဆုံးရှုံးရနိုင်ခြေ များနေပါတယ် ။ ဒီအတွက် ကယ်လ်ဗတ် လီဝင် ကို အစားထိုး ခေါ်ယူသင့်တယ်လို့ MEN က ဖော်ပြခဲ့လိုက်ပါတယ် ။

(3) ရာဖင်ဟာ (လိဒ်စ် ယူနိုက်တက်)

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ တိုက်စစ်ပိုင်းအတွက်် ရွေးချယ်စရာ ကစားသမား အများကြီး ရှိနေပါတယ်် ။ ဒါပေမဲ့ ကာဗာနီ ၊ ပေါ့ဂ်ဘာ ၊ လင်ဂတ် တို့လို တိုက်စစ််အားသန် ကစားသမားတွေဟာ အသင်းနဲ့ စာချုပ်သက််တမ်း ကုန်ဆုံးဖို့ နီးကပ်နေကြပါပြီ ။

လက်ရှိအချိန်မှာ မာရှယ်ဟာ အငှား သွားရောက် ကစားနေသလို ရော်နယ်ဒို ရဲ့ အနာဂတ် ကလည်း မရေမရာ ဖြစ်နေဆဲပါပဲ ။ ဒီလို အနေအထား တစ်ရပ်မှာ လီဗာပူး ပစ်မှတ််ဟာ ယူနိုက်တက်အတွက် စောင့်ကြည့်ချင်စရာကောင်းတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ် ။

(4) အစ္စမေလာ ဆား (ဝက်ဖို့ဒ်)

လက်ရှိ အချိန်မှာ ဝက်ဖို့ဒ် အသင်းဟာ နောဝှစ်ချ် နည််းတူ တန်းဆင်နိုင်ခြေများတဲ့ အသင်းအဖြစ် သတ်မှတ်ခံနေခဲ့ရပါပြီ ။ ဒီလို အနေအထား တစ်ရပ်မှာ သူတို့ဟာ အစ္စမေလာ ဆား လို ကစားသမားကောင်း တစ်ဦး ပိုင်ဆိုင်ထားကြပါသေးတယ် ။

အစ္စမေလာ ဆား ဆိုတာ အစွမ်းအစ ရှိပြီးသား တိုက်စစ် ကစားသမားတစ်ဦးဖြစ်ကြောင်း ​အခွင့်ကြုံတိုင်း ခြေစွမ်းကောင်းတွေနဲ့ သက်သေပြထားခဲ့ပြီးပါပြီ ။ ဒါ့ကြောင့် အသက်် 24 နှစ်သာ ရှိသေးတဲ့ ကစားသမားကို ယူနိုက်တက်တို့ စောင့်ကြည့်သင့်တယ်လို့ MEN က ဖော်ပြသွားခဲ့လိုက််ပါတယ် ။

#Sports_Myanmar