တနေ့တည်း ကစားမယ့် မက်ဒရစ် ၂ သင်း ၊ ယူနိုက်တက် စောင့်ကြည့်နေတဲ့ ဂိုးသွင်းကောင်းတဲ့ တောင်ပံလူ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off ကစားခွင့် ပိတ်ပင် ခံရမှု နဲ့ ပတ်သက်ပြီး ရုရှ ဘောလုံး အသင်းရဲ့ အယူခံ ဝင်မှု ကို CAS ခုံရုံးက ပယ်ချ ခဲ့တယ်လို့ သိရ ပါတယ် ။

ဒါကြောင့် ရုရှ ဟာ ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိတော့မှာ မဟုတ်ဘဲ ပိုလန် အသင်းဟာ Play-off ဖိုင်နယ် ကို တက်ရောက်ခွင့် ရရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒါးဗစ် ဒဟဲယား ဟာ စပိန် အသင်းရဲ့ ခြေစမ်းပွဲတွေ ကစားမယ့် လူစာရင်း ကနေ ချန်လှပ် ခံခဲ့ရပြီး ဘရန့်ဖိုဒ့် ဂိုးသမား ဒါးဗစ် ရာယာ ကို နည်းပြ အန်နရီကေး က ရွေးချယ် ခေါ်ယူ ခဲ့တယ်လို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး ဘယ်နောက်ခံလူ ဆာဂျီယို ရီဂွီလွန် ကို ဘာစီလိုနာ အသင်းက စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ရီးရဲ ကလည်း စပါးကို ရောင်းချ ခဲ့စဉ်က ယူရို သန်း ၄၀ နဲ့ ပြန်ခေါ် နိုင်ခွင့်ကို ထည့်သွင်းထားတာကြောင့် ရီဂွီလွန် ကို နွေရာသီ မှာ ပြန်လည် ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

မက်ဒရစ် မြို့ခံ ၂ သင်း တနေ့တည်း ပွဲကစားတဲ့ အစဉ်အလာ မရှိပေမယ့် UEFA ကတော့ ဒီနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲချိန်တွေကို ပြောင်းလဲ ပေးမှာ မဟုတ်ဘူးလို့ ဆုံးဖြတ် ခဲ့တာကြောင့် လာမယ့် ကွာတား ဖိုင်နယ် ဒုတိယ အကျော့မှာ ရီးရဲ က ချဲလ်ဆီး ၊ အက်သလက်တီကို မက်ဒရစ် က မန်စီးတီး တို့ကို မက်ဒရစ်မြို့က အိမ်ကွင်းတွေမှာ အသီးသီး လက်ခံ ကစားရတော့မှာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ စိးတီး ဟာ အက်သလက်တီကို မင်နဲရိုး အသင်းရဲ့ လူငယ် ကစားသမားလေး ဆာဗီယို မိုရီယာ ကို ခေါ်ယူဖို့ အတွက် စာရွက်စာတမ်း ကိစ္စတွေ ပြီးမြောက် သွားခဲ့ပြီလို့ သိရ ပါတယ် ။

စီးတီး ဟာ ၂၀၀၄ ခုနှစ်ဖွားလေး အတွက် ယူရို ၆.၅ သန်း + အပိုဆုကြေး ပေးချေရမှာ ဖြစ်သလို တဆင့် ရောင်းထုတ်ကြေးလည်း ထည့်သွင်း ချုပ်ဆို ပေးရမှာ ဖြစ်ပါတယ် ။

မန်စီးတီး နည်းပြ ဂွာဒီယိုလာ ကတော့ အခြား အသင်းက ကစားသမား အကြောင်းကို ဘယ်တော့မှ ထင်ကြေးပေး ပြောဆိုမှာ မဟုတ်ဘူးလို့ ဒေါ့မွန် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး မေးမြန်း ခံရချိန်မှာ ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ နောက်ခံလူ ဆာဂျင်နို ဒတ်စ် ဟာ ကြာသပတေးနေ့ ညက ယူရိုပါလိဂ် ပွဲစဉ်မှာ ရရှိ ခဲ့တဲ့ ဒဏ်ရာကြောင့် ရီးရဲ မက်ဒရစ် နဲ့ ကစားမယ့် လာလီဂါ ပွဲစဉ်ကို လွဲချော်ရနိုင်တယ် လို့ သတင်း ကြားသိရ ပါတယ် ။

ရီးရဲ မက်ဒရစ် တိုက်စစ်မှူးကြီး ဘန်ဇီးမား ကတော့ ကြံ့ခိုင်မှု ပိုမို တိုးတက် ကောင်းမွန် လာပြီး ဘာစီလိုနာ နဲ့ ပွဲမှာ ပါဝင် ကစားပေးဖို့ အလားအလာ ကောင်းတွေ ရှိလာခဲ့ပြီလို့ ကြားသိရ ပါတယ် ။

အေစီမီလန် အသင်းဟာ တိုက်စစ်နေရာ အတွက် လီဗာပူး ရဲ့ ဒီဗော့ အိုရီဂီ အဖြစ် ဆာဆူအိုလို အသင်းရဲ့ တိုက်စစ်မှူး စကာမာကာ ကိုလည်း စိတ်ဝင်စား နေပြီး လာမယ့် နိုင်ငံတကာ ရက်သတ္တပတ် အတွင်းမှာ ဆာဆူအိုလို ဒါရိုက်တာ နဲ့ တွေ့ဆုံ သွားဖို့ စီစဉ် နေတယ်လို့ သိရှိရ ပါတယ် ။

ချန်ပီယံလိဂ် ကနေ ထွက်ခွာ လာအပြီးမှာ ယူဗင်တပ် ဟာ နည်းပြ အယ်လီဂရီ ကို ဆက်လက် ခန့်အပ် ထားဖို့ ရှိနေ ပေမယ့် နည်းပြ အဖွဲ့ကိုတော့ အပြောင်းအလဲ ပြုလုပ် သွားဖို့ စီစဉ် နေတယ်လို့ သတင်း ရရှိပါတယ် ။

အင်တာ မီလန် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ကတော့ ဖီအိုရင်တီးနား နောက်ခံလူ နီကိုလာ မီလန်ကိုဗစ် ကို စောင့်ကြည့် ကင်းထောက် နေကြတယ်လို့ အီတလီ သတင်းစာ La Gazzetta dello Sport က ရေးသား ဖော်ပြ သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လေဗာကူဆင် အသင်းရဲ့ ၂၂ နှစ် အရွယ် တောင်ပံ ကစားသမား မူဆာ ဒီယာဘီ ကိုလည်း စောင့်ကြည့် အကဲခတ် နေတယ်လို့ သိရ ပါတယ် ။

ဒီယာဘီ ဟာ ဒီရာသီမှာ လေဗာကူဆင် အတွက် ၁၆ ဂိုးသွင်း ၊ ၉ ဂိုး ဖန်တီးထားကာ ယူရို သန်း ၆၀ ဝန်းကျင် တန်ကြေး ရှိသူ ဖြစ်တယ်လို့ သိရှိရ ပါတယ် ။

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ လိဒ် ယူနိုက်တက်ဟာ ဝုဗ် နဲ့ ဂိုးတွေ အပြန်အလှန် သွင်းခဲ့ကြပြီး ၃-၂ နဲ့ အဝေးကွင်း နိုင်ပွဲ ကို ရယူ သွားနိုင်ခဲ့ ပါတယ်ခင်ဗျာ . . . ။

 

SPORTS MYANMAR