ဆွေးနွေးပွဲမှာ အဆိပ်သင့်တဲ့ မိုဗစ် ၊ ယူနိုက်တက် ကို မသွားဖို့ တန်ဟတ် ကို သတိပေးတဲ့ ဗန်ဟား တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် နည်းပြနေရာ အတွက် ထိပ်ဆုံး ကနေ ရေပန်းစား နေတဲ့ အိုင်ယက်စ် နည်းပြ အဲရစ် တန်ဟတ် အနေနဲ့ အခြား အသင်း တသင်း ကို စဉ်းစားသင့်ကြောင်း ၊ မန်ချက်စတာ ယူနိုက်တက် ဟာ စီးပွားရေး လုပ်တဲ့ အသင်း တသင်း ဖြစ်ကြောင်း နည်းပြဟောင်း လူးဝစ် ဗန်ဟား က သတိပေး ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်းတွေဟာ မေလ ထဲမှာ လီဗာပူး ကစားသမား ဟောင်းတွေနဲ့ အိုးထရက်ဖိုဒ့် ကွင်းထဲမှာ ရန်ပုံငွေ ခြေစမ်းပွဲ ကစားဖို့ စီစဉ် ထားပြီး အဆိုပါ ပွဲကို စတမ်း ၊ ဝက်စ်ဘရောင်း ၊ ဆာဟာ ၊ ရွန်နီ ဂျွန်ဆင် ၊ ဂျပ်စပါ ဘလွန်းကွစ် ၊ အီဗရာ ၊ ဖော်လန် ၊ အိုရှေး ၊ ပိုဘော့စကီး ၊ ဆီဗက်စတြာ တို့ ပါဝင် ကစားကြမယ်လို့ ယူနိုက်တက် ဘက်က ကြေညာ သွားခဲ့ ပါတယ် ။

လီဗာပူး တိုက်စစ်မှူးဟောင်း အယ်ဟာဂျီ ဒီယော့ဖ် က မိုဟာမက် ဆာလာ ဟာ အာဖရိက ကစားသမား ဖြစ်နေတာကြောင့် လီဗာပူး မှာ အလိုရှိတဲ့ ပမာဏ နဲ့ စာချုပ်သစ် မချုပ်ဆို နိုင် ဖြစ်နေတာပါလို့ ပြောဆိုရင်း အာဖရိကသားတွေကို တန်းတူ အခွင့်အရေး မပေးလိုတဲ့ ဥရောပ ကလပ်တွေကို ပြောဆို ဝေဖန်သွားခဲ့ ပါတယ် ။

 

ချဲလ်ဆီး အသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ် နဲ့ ယူကရိန်း ကိုယ်စားလှယ်တွေဟာ ကိဗ်မြို့က ဆွေးနွေးပွဲ အပြီးမှာ အဆိပ်သင့်တဲ့ လက္ခဏာတွေ ကို တွေ့ရှိ ခဲ့ရတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဒါပေမယ့် အားလုံး ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန် လာကြပြီး အသက် အန္တရာယ် စိုးရိမ်ရတဲ့ အဆင့်မှာ မရှိနေဘူးလို့ သိရပါတယ် ။

ဘာစီလိုနာ နဲ့ မန်ချက်စတာ စီးတီး တို့ဟာ လာလီဂါ ကလပ် ရီးရဲ ဘက်တစ် မှာ ကစားနေတဲ့ ပြင်သစ် ရှေ့တန်းလူ နာဘီ ဖီကာ ကို စိတ်ဝင်စားမှု ရှိနေကြတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

လီဗာပူး ပစ်မှတ်ဟောင်း ဖီကာ ဟာ ဒီရာသီမှာ ဘက်တစ် အတွက် ၂၆ ပွဲ ( အမှတ်ပေးပွဲ ) ကစားပေးပြီး ၆ ဂိုးသွင်းကာ ၆ ဂိုး ဖန်တီးပေး ထားခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် က ခရစ္စတီယာနို ရိုနယ်ဒို ကို အိုးထရက်ဖိုဒ့် မှာ ဆက်လက် ရှိနေဖို့ မျှော်လင့် ထားတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် နောက်ခံလူ လုခ်ရှော ကတော့ အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ ကစားသမားတွေကို ပျော်ရွှင်တဲ့ အငွေ့အသက်တွေ ရရှိအောင် လုပ်ဆောင် ပေးနိုင်သူ ဖြစ်တယ်လို့ ချီးကျူးရင်း ယူနိုက်တက် ကို သွယ်ဝိုက် ပြောဆို သွားခဲ့ ပါတယ် ။

ပေါ်တို တိုက်စစ်သမားလေး အိုတာဗီဒို ကို စောင့်ကြည့် နေတဲ့ လီဗာပူး ဟာ လာမယ့် နွေရာသီမှာ နယူးကာဆယ် ၊ မန်ချက်စတာ ယူနိုက်တက် အသင်းတွေနဲ့ အားပြိုင် ရဖွယ် ရှိတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ဒေါ့မွန် အသင်းကတော့ တိုက်စစ်မှူး အာလင်း ဟာလန်း ကိုသာမက အင်္ဂလန် လူငယ်လေး ဂျုဒ် ဘယ်လင်ဟမ် ကိုပါ နွေရာသီမှာ ထုတ်ရောင်းဖို့ ရှိနေပြီး ဘယ်လင်ဟမ် အတွက် ယူရို သန်း ၁၀၀ ခန့်ထိ ဈေးခေါ်ဖို့ ရှိနေတယ်လို့ သိရပါတယ် ။

မန်ယူနိုက်တက် ကနေ နောဝှစ်ချ် မှာ အငှားလာ ကစားနေတဲ့ နောက်ခံလူ ဘရန်ဒွန် ဝီလ်ယံ ကတော့ ယူနိုက်တက် ကို ပြန်သွားပြီး အရန်ခုံ ထိုင်နေဖို့ အကြောင်းမရှိပါဘူးလို့ ပြောဆို ခဲ့တာကြောင့် လာမယ့် ရာသီမှာ ပွဲထွက် ခွင့် အာမခံချက် မရရှိပါက အငှား ဆက်လက် ထွက်ခွာနိုင်ချေ ရှိလာခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ လာမယ့် နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူပြီး စာရင်းသွင်း နိုင်ဖို့ အတွက် စီနီယာ အသင်းက ကစားသမား ၈ ယောက် အထိ ရောင်းထုတ် သွားဖို့ စီစဉ် နေတယ်လို့ ကြားသိရ ပါတယ် ။

ဗြိတိန် လက်ဝှေ့ အကျော်အမော် အန်တိုနီ ဂျိုရှုအာ နဲ့ ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ အိုလက်ဆန်းဒါး ယူဆက် တို့ရဲ့ မကြေပွဲ ကို လာမယ့် ဇွန်လ အတွင်း ( ဇွန် ၂၅ ဖြစ်နိုင်ဖို့များ ) ဆော်ဒီ အာရေဗျ နိုင်ငံမှာ ထိုးသတ် သွားဖို့ စီစဉ် လိုက်တယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR