ဆီမြွန်နီဟာ မန်ချက်စတာ ယူနိုက်တက်ဆီ လာမှာမဟုတ်ဘူးလို့ ပြောပလိုက်တဲ့ ပေါလ် ပါကား

ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း က ဆီမြွန်နီ ကို အသင်းရဲ့ နည်းပြအဖြစ် မြင်တွေ့လိုကြောင်း ပြောလိုက်ချိန်မှာတော့ သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦး ဖြစ်သူ ပေါလ် ပါကား က ဒါဟာ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းဟာ သရဲနီတို့ အေတီကို နဲ့ ရင်ဆိုင်ခဲ့ပြီးတဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဥ်အပြီးမှာပဲ ဆီမြွန်နီ ကို ယူနိုက်တက် နည်းပြ ဖြစ်စေလိုကြောင်း ၊ သူဟာ အသင်းမှာ စည်းကမ်းသေဝပ်မှုတွေ ယူဆောင်နိုင်သူ ဖြစ်ကြောင်း ပြောခဲ့ပါသေးတယ် ။

ဒါပေမဲ့ ရွိုင်ကိန်းရဲ့ ဘော်ဒါဟောင်း ဖြစ်သူ ပေါလ် ပါကား ကတော့ ယူနိုက်တက် အသင်း အပေါ် ဆီမြွန်နီ ရဲ့ တောင်းဆိုမှုတွေက အရမ်းကို ကြီးမားနေလိမ့်မယ်လို့ ထုတ်ပြောရင်း သူဟာ ယူနိုက်တက်ဆီ လာမှာ မဟုတ်ကြောင်း သုံးသပ်ခဲ့လိုက်ပါတယ် ။

” သူဟာ အနိုင်ယူလိုသူ တစ်ဦး ဖြစ်တဲ့ အတွက် အသင်း အပေါ် သူ့ရဲ့ တောင်းဆိုမှုတွေက အရမ်းကို မြင့်မားနေပါလိမ့်မယ် ။ သူကတော့ မန်ချက်စတာ ယူနိုက်တက်ဆီကို သွားပြီး အခြားသူတွေလိုမျိုး process တစ်ခုရဲ့ အစိတ်အပိုင််း အဖြစ်ခံမှာတော့ မဟုတ်ပါဘူး ”

” သူနဲ့ သူ့အနားမှာ ရှိနေကြတဲ့သူတွေက ‘ လိဂ်ဖလားကို ရယူနိုင်ဖို့ အတွက် သူတို့ ဘာတွေ အကူအညီ ပေးမလဲ ?ဆိုတာမျိုး မေးခွန်းထုတ်ကြမှာပါ ။ ပြီးရင် အရင် နည်းပြ 5 ဦး ၊ 6 ဦးအတွက် လုပ်ပေးခဲ့တာတွေနဲ့ ခြားနားတဲ့ ဘယ််လို အရာကို လုပ်ပေးမလဲလို့ မေးခွန်းထုတ်မှာပါပဲ ”

” အကယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းက သူတို့ အရင် လုပ်နေခဲ့ကြတဲ့ အတိုင်းပဲ လုပ်လိုကြမယ်ဆိုရင််… ဒီ ခေါ်ယူမှုဟာ လုံးဝ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး ။ ဒါကြီး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ကတော့ မြင်ကိုမမြင်မိပါဘူး ”

” အကယ်လို့ အဲ့တာသာ တကယ်ဖြစ်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တကယ်ပဲ ကြီးမားတဲ့ ခြေလှမ်းတစ်ခု လှမ်းဖို့ ပြင်ဆင်နေပြီ ၊ သူတို့ ဖြစ်ချင်တဲ့ အသင်းမျိုး ဖြစ်လာအောင် ကြိုးစား အားထုတ်ကြပြီ လို့ ပြောလို့ ရသွားပါလိမ့်မယ် ”

” ယူနိုက်တက် အသင်းမှာ အခု လိုအပ်နေတာ တစ်ခုက စည်းကမ်းသေဝပ်မှုပါ ။ အခု ယူနိုက်တက်တို့ လုပ်နေတဲ့ လမ်းကြောင်းမှာ ကစားသမားတွေဟာ စည်းကမ်းမရှိကြပါဘူး ။ သူတို့ ကစားပုံ ကြည့်ရုံနဲ့ ဒါကို သိနိုင်ပါတယ် ” လို့ ပါကား က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar