စိတ်အနှောက်အယှက်ပေးသူ ၊ စိတ်ကြီးဝင်သူ ၊ ဒေါသကြီိးသူ တို့ရဲ့ အမည်ကို ထုတ်ပြောလိုက်တဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ သမိုင်းတစ်လျှောက်် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်တဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီ က အသင်းဖော်ဟောင်း ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ကို $ ရမ်း စိတ်အနှောက်အယှက်ပေးသူလို့ ခေါင်းစဥ်တပ် ဟာသလုပ်ခဲ့လိုက်ပါတယ် ။

ဒါ့အပြင် နောက်ခံလူဟောင်း ရီယို ဖာဒီနန် ကို စိတ်ကြီးဝင်နေသူလို့ပါ ပြောဆို ဟာသလုပ်ခဲ့လိုက်ပါတယ် ။ ရွန်းနီ ဆိုတာ သူတို့ နှစ်ဦးနဲ့ အတူ နှစ်တွေ အကြာကြီး အတူ တွဲဖက် ကစားခဲ့ဖူးသူ ဖြစ်တဲ့ အတွက် သူတို့တွေရဲ့ အကြောင််းကို ကောင်းကောင်း သိထားသူလို့ ပြောလို့ရနိုင်ပါတယ် ။

သူတို့ သုံးဦးဟာ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ လက်အောက််မှာ 2004 မှ 2009 ခုနှစ် အထိ အတူ တွဲဖက် ကစားဖူးသူတွေ ဖြစ်ခဲ့ကြပြီး ဆုဖလား အောင်မြင်မှုတွေ အများကြီး ရယူထားနိုင်ခဲ့ကြပါတယ် ။ အဲ့ဒီနောက် ရော်နယ်ဒို ဟာ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရီးယဲ မက်ဒရစ် အသင််းဆီ ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ဒုတိယအကြိမ်မြောက် ပြန်လည် ပြောင်းရွှေ့လာခဲ့ပါပြီ ။ သူဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင််းအတွက် ပြိုင်ပွဲစုံ 18 ဂိုးထိ သွင်းယူထားခဲ့ပေမဲ့ ဝေဖန််မှုတွေ ခံနေခဲ့ရပါတယ် ။

အခုတော့ ရွန်းနီ က အသင်းဖော်ဟောင်း ဖြစ်သူ ရော်နယ်ဒို ကို $ ရမ်း စိတ်အနှောက်အယှက် ပေးသူလို့ ခေါင်းစဥ်တပ်ခဲ့လိုက်ပြီး 2006 တုန်းက သူ့ကို အနီကဒ် ထိစေခဲ့တဲ့ လက်ရွေးစင် ပွဲ အပေါ်လည်း ဗွေမယူကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” ခရစ္စတီယာနို ရော်နယ်ဒိုဟာ အရမ်းကို ကောင်းလွန်းခဲ့ပါတယ် ။ တချိန်ထဲမှာပဲ သူဟာ စိတ် အနှောက်အယှက် ပေးနိုင်လွန်းသူလည်း ဖြစ်ခဲ့ပါတယ် ။ သူဟာ အခုတော့ အရင်လောက် မကောင်းမွန်ကောင်း မကောင်းမွန်တော့ပါဘူး ။ ဒါပေမဲ့ စိတ်အနှောက်အယှက်တွေတော့ ပေးနိုင်ဆဲပါပဲ ”

” သူဟာ ဒိုင်ဗစ်ပစ်ရတာ နှစ်သက်သူ တစ်ဦးပါ ။ ဒါပေမဲဲ့ အဲ့တာက ကျွန်တော့် အတွက်တော့ ခရစ္စတီယာနို နဲ့ ဘယ််လို ပြသနာမျိုးမှ မရှိပါဘူး ။ အဝတ်လဲခန်းဆီ သွားတဲ့ ဥမင်မှာလည်း ကျွန်တော် သူနဲ့ စကားပြော ဖြစ်ခဲ့ပါသေးတယ် ”

” ကျွန်တော်က ‘ မင်း ငါ့ကို အထုတ်ခံရအောင် လုပ်ခဲ့တဲ့ အတွက် ပြသနာ မရှိပါဘူး ‘ လို့ ပြောခဲ့တာပါ ။ ကျွန်တော်ဆိုရင်လည်း ပထမပိုင်း အတွင်း သူ ဒိုင်ဗစ်ပစ်လို့ ဆိုပြီး အဝါကဒ်ထိအောင် တောင်းဆိုခဲ့မိမှာပါပဲ ”

” ကျွန်တော်က အင်္ဂလိပ် ၊ သူက ပေါ်တူဂီ ၊ ဒါ့ကြောင့် ကွင်းထဲမှာ ပြိုင်ဖက််အဖြစ် ရင်ဆိုင်ရတဲ့အခါ ဘော်ဒါတွေ ဘာတွေဆိုပြီး $ ဖက် လုပ်နေမှာ မဟုတ်ပါဘူး ။ သူက အသင်းဖော် မဟုတ်ပါဘူး ။ ဒါပေမဲ့ ကွင်းထဲက ထွက်လိုက်တဲ့ အချိန်မှာ သူဟာ အသင်းဖော် ပြန်ဖြစ်ခဲ့ပါတယ် ” လို့ ရွန်းနီ က ပြောခဲ့လိုက်ပါတယ် ။ ဒါ့အပြင် ဖာဒီနန် နဲ့ ပတ်သက်လို့…

” ရီယို က ထိပ်တန်း ကစားသမားပါ ။ ဒါပေမဲ့ စိတ်ကြီးဝင်လွန်းသူ တစ်ဦးလည်း ဖြစ်ပါတယ် ။ ကျွန်တော်တို့က ပြိုင်ဖက် ဂိုးပေါက်ထဲ ဘောလုံး ကန်ထည့်နိုင်ရေးအတွက် မန်ချက်စတာ ယူနိုက်တက် အသင်းက လစာ အများကြီး ပေးခဲ့တာပါ ။ ကျွန်တော်တို့ အဲ့တာကိုပဲ လုပ်ရပါ့မယ် ”

” ကျွန်တော်က ‘ မင်းအလုပ် မင်းလုပ် ၊ ဘောလုံး ငါ့ကိုပေး ၊ ဒါမှမဟုတ် ရော်နယ်ဒို ကို ပေး ၊ အဲ့ဒီနားမှာပဲ ရပ်ပြီး လုပ်ချင်တာတွေ လုပ်မနေနဲ့ ‘ လို့ ပြောဖြစ်ခဲ့ဖူးပါတယ် ။ ရီယို က ထိပ်တန်း ကစားသမားပါ ၊ ဒါပေမဲ့ တခါတလေ ကျတော့ သူဟာ ခံစစ်မှူးဆိုတာကို မေ့လျော့နေတတ်တယ်် ” လို့ ရွန်းနီ က ပြောလိုက်ပြီး သူကိုယ်တိုင်ကတော့ ဒေါသကြီးလွန်းသူ ဖြစ်ကြောင်း ဝန်ခံခဲ့လိုက်ပါတယ် ။

” ကျွန်တော် 14 နှစ်သား အရွယ်တုန်းက ဆာ အဲလက်စ် ဖာဂူဆန် ကျွန်တော့်ကို ခေါ်ချင်ခဲ့ပါတယ် ။ သူက ကျွန်တော့်ရဲ့ အဖေ ၊ အမေ နဲ့ စကား ပြောနေခဲ့တာလေ ။ အဲ့ဒီ အချိန်မှာ အဖေက ‘ ဖုန်းပေါ်မှာ အဲလက်စ် ရှိနေတယ် ၊ မန်ချက်စတာ ယူနိုက်တက် အသင်းက မင်းကို ခေါ်ယူချင်နေပြီ ‘ လို့ ပြောခဲ့ပါတယ် ”

” ကျွန်တော်ကလည်း စိတ်ဆိုးမာန်ဆိုးနဲ့ ‘ သူ့ကို -ိပဲ လို့ ပြောပလိုက် ၊ ကျွန်တော် အဲဗာတန် အတွက်ပဲ ကစားမှာ ‘ လို့ အော်ပြောခဲ့ပါတယ် ။ အဲ့ဒီနောက် အချိန်တွေ ကုန်တာနဲ့ အမျှ ကျွန်တော် အဲလက်စ် ဖာဂူဆန် အတွက် ကစားရမယ်ဆိုတာ သိခဲ့ပါတယ် ။ ကျွန်တော် ယူနိုက်တက်ဆီကို ပြောင်းခဲ့တဲ့ အကြောင်းအရင်းက အဲလက်စ် ဖာဂူဆန် ပါပဲ ” လို့ ရွန်းနီ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေတာနဲ့ ပတ်သက်လို့..

” မှတ်တမ်းကောင်ရတာ ၊ မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ရတာက $ ရမ်း ထူးကဲလွန်းပါတယ် ။ ဒါပေမဲ့ ဒီမှတ်တမ်း ကျိုးပြတ်ပါစေလို့ ကျွန်တော်မျှော်လင့်နေပါတယ် ။ အဲ့ဒီလူက ရပ်ရှ်ဖို့ ဖြစ်ပါစေလို့လည်း မျှော်လင့်ပါတယ် ။ ဒီကောင် သူ့ကိုယ်သူ နှိမ့်ချပြီး အလုပ်ကြိုးစားဖို့ လိုအပ်ပါသေးတယ် ” လို့ ရွန်းနီ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar