စိတ်မကျေမနပ် ဖြစ်ခဲ့ရကြောင်း ၊ စိတ်ပျက်ခဲ့ရကြောင်း ဝန်ခံဖွင့်ဟလိုက်တဲ့ ဗန်ဒီ ဘိခ်

နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ် က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ စိတ်ပျက်ဖွယ်ကောင်းတဲ့ 18 လတာ အချိန်ကို ဖြတ်သန်းခဲ့တဲ့နောက် အဲဗာတန် အသင်းမှာ သူဟာ သက်သေပြဖို့ လိုအပ်ကြောင်း ဖွင့်ဟပြောကြား သွားခဲ့လိုက်ပါတယ် ။

ဗန်ဒီ ဘိခ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လိုချင်နေတဲ့ ပွဲထွက်ကစားခွင့် မိနစ်တွေ မပိုင်ဆိုင်ခဲ့ရတဲ့နောက် ပြီးခဲ့တဲ့ ဆောင်းရာသီ စျေးကွက်တုန်းက ရာသီကုန်် အထိ အဲဗာတန် အသင်းကို သွားရောက် ကစားဖို့ ဆုံးဖြတ််ခဲ့လိုက်ရပါတယ် ။

အခုတော့ သူဟာ အဲဗာတန် အသင်းအတွက် ပွဲထွက်ခွင့်တွေ ရရှိနေပြီး ပုံစံကောင်းအချို့လည်း ပြသထားနိုင်ခဲ့ပါပြီ ။ အခုတော့ သူဟာ အဲဗာတန်မှာ ခြေစွမ်းကောင်းတွေနဲ့ သက်သေပြနိုင်ဖို့ လိုအပ်ကြောင်း ဗန်ဒီ ဘိခ်က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဟုတ်ပါတယ် ၊ သက်သေပြရပါ့မယ် ။ ဒါပေမဲ့ အဲ့တာက ကျွန်တော့်ရဲ့ အနားမှာ ရှိကြတဲ့ သူတွေအတွက် အရင်ဆုံး လုပ်ရမှာပါ ။ ကျွန်တော် အရင်ဆုံး သူတို့တွေအတွက် ၊ ကျွန်တော့်ရဲ့ ချစ်သူ အတွက် ၊ ကျွန်တော့်ရဲ့ မိသားစု နဲ့ သူငယ်ချင်းတွေ အတွက် ကြိုးစားရပါ့မယ် ”

” ကျွန်တော်ကတော့ သူတို့တွေကို ပျော်စေချင်ပါတယ် ။ ပြီးရင် ပရိသတ်တွေပေါ့ ။ အဲ့တာပြီးမှ ကျွန်တော့်အတွက် တွေးတောမှာပါ ။ ဟုတ်ပါတယ် ၊ တခါတလေတော့ ကျွန််တော် စိတ်မကျေမနပ် ဖြစ်ရတယ် ၊ စိတ်လည်းပျက်ရတာမျိုး ရှိခဲ့ရပါတယ် ”

” ဒါပေမဲ့ ကျွန်တော်ဟာ အမြဲတမ်း အပေါင်းလက္ခဏာဆောင်တဲ့ အတွေးတွေပါ ထားရှိတတ်ပါတယ် ။ ယုံကြည်လိုက်ပါ ၊ တနေ့တော့ အဲ့တာတွေက ပြောင်းလဲလာပါလိမ့်မယ် ။ ကျွန်တော်ဟာ အလုပ်တွေ ကြိုးစားရင်း ဒါတွေကို ပြောင်းလဲနိုင်အောင် လုပ်မှာပါ ”

” ကျွန်တော်ကတော့ အချို့လူတွေ မှားယွင်းခဲ့ကြောင်း ၊ ကျွန်တော့်မှာ ပွဲတွေ ကစားဖို့ အရည်အသွေးတွေ ရှိနေဆဲ ဖြစ်ကြောင်းကို ပြသသွားမှာပါ ။ အဲ့တာမျိုး လုပ်ပြနိုင်ဖို့ ကျွန်တော် အမြဲတမ်း ရည်မှန်းချက် ထားရှိပါတယ် ” လို့ ဗန်ဒီ ဘိခ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ဒွန်နီ ဗန်ဒီ ဘိခ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ရောက်လာခဲ့တဲ့နောက် အိုလီ ဂန်နာ ဆိုးလ်ရှား ၊ မိုက််ကယ် ကာရစ် နဲ့ ရဲ့လ်ဖ် ရန်းဂနစ် တို့ရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့ရပါတယ် ။ ဒါပေမဲ့ လိုချင်တဲ့ ပွဲထွက်ခွင့်တွေ မရနိုင်ခဲ့တဲ့ အတွက် စိတ်ပျက်နေခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar