စိတ်ပျက်မိတဲ့ အကြောင်းအရာ အချို့ကို ထုတ်ပြောရင်း သူ့ရဲ့ အနာဂတ်အကြောင်း အရိပ်အမြွတ် ဖွင့်ဟလိုက်တဲ့ ပေါ့ဂ်ဘာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဖြစ််တဲ့ ပေါလ် ပေါ့ဂ်ဘာက ဒီနွေမှာ သူ့ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အခါ အသင်းမှ ဒုတိယ အကြိမ်မြောက် ထွက််ခွာသွားဖို့ ရှိနေကြောင်း အရိပ်အမြွတ် ဖွင့်ဟပြောကြား သွားခဲ့လိုက်ပါတယ် ။

ပြင်သစ် လက်ရွေးစင် ပေါလ် ပေါ့ဂ်ဘာ ဟာ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း ကုန််ဆုံးသွားဖို့ ရှိနေတာကြောင့် ကမ္ဘာ့ အဆင့် ကစားသမား ဖြစ်တဲ့ သူ့ကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်သီး ကလပ်တွေ ဖြစ်ကြတဲ့ PSG ၊ ဂျူဗင်တပ် နဲ့ ရီးယဲ မက်ဒရစ် အသင််းတွေက စိတ်ဝင်စားနေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ပေါ့ဂ်ဘာဟာ 2016 ခုနှစ်တုန်းက ဂျူဗင်တပ် အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် သန်း 90 နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဟိုဆေး မော်ရင်ဟို ကိုင်တွယ်ခဲ့စဥ်တုန်းက လိဂ် ဖလား နဲ့ ယူရို ပါလိဂ် ဖလားတွေကိုသာ ရယူ ဆွတ်ခူးထားနိုင်ခဲ့ပါတယ် ။

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြန်ရောက်လာတဲ့နောက် သူ့ရဲ့ ခြေစွမ်းဟာ အနိမ့်အမြင့် အတက်အကျ များပြားနေခဲ့တဲ့အတွက် ယူနိုက်တက် ပရိိသတ်တွေဟာ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် အားမလိုအားမရ ဖြစ်ခဲ့ကြပါသေးတယ် ။

ဒါ့အပြင် ပေါ့ဂ်ဘာ ဟာ ဒီရာသီအတွင်း ဒဏ်ရာပြသနာတွေ ကြုံံတွေ့နေခဲ့တာကြောင့် ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ 19 ပွဲသာ ကစားပေးခွင့် ရရှိထားခဲ့ပါတယ် ။ အဆိုပါ ပွဲစဥ်တွေမှာလည်း သူဟာ 1 ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဂိုးဖန်တီးမှု 9 ကြိမ် အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ် ။ အခုတော့ နိုင်ငံ့ အသင်းအတွက် ကစားပေးဖို့ ပြင်သစ်မြေကို ရောက်လာခဲ့တဲ့ ပေါ့ဂ်ဘာ က သူဟာ လွန်ခဲ့တဲ့ 5 နှစ် အတွင်းမှာ စိတ်ကျေနပ်မှုတွေကို မခံစားခဲ့ရကြောင်း ပြောခြင်းဖြင့် ထွက်ခွာဖွယ် ရှိနေကြောင်း အရိပ်အမြွတ် ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” ခင်ဗျား အနေနဲ့ ရိုးသားဖို့ လိုပါတယ် ။ လွန်ခဲ့တဲ့ 5 နှစ်တာ အချိန်ကာလ က ကျွန်တော့်ကို စိတ်ကျေနပ်မှု မပေးခဲ့ပါဘူး ။ တကယ်ပဲ စိတ်ကျေနပ်မှု မပေးခဲ့ပါဘူး ။ ဒီနှစ်တော့ သေဆုံးနေခဲ့သလိုပါပဲ ။ ကျွန်တော်တို့ ဘာကိုမှ မဆွတ်ခူးနိုင်ခဲ့ကြပြန်ဘူးလေ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် အခြား အသင်းမှာပဲ ဖြစ်ပါစေ ၊ ကျွန်တော်ဟာ ဆုဖလားတွေကို ဆွတ်ခူးချင်ပါတယ် ။ ပြင်သစ်မှာတော့ ရိုးရှင်းပါတယ် ၊ ကျွန်တော် ကစားခွင့်တွေ ရရှိပြီး ကစားချင်တဲ့ နေရာမှာလည်း ပွဲထွက် ကစားရပါတယ် ”

” ဒီမှာ ကျွန်တော့်ရဲ့ role က ဘာလဲ ဆိုတာ သိပါတယ် ။ နည်းပြ နဲ့ အသင်းဖော် ကစားသမားတွေ ကလည်း ယုံကြည််မှု ပေးကြတယ်လေ ။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ခြားနားတဲ့ ခံစားချက်တွေကို ပိုင်ဆိုင်ရတယ်ဆိုတာက သာမန်ပါပဲ ”

” ခင်ဗျား ကစားရတဲ့ နေရာတွေ ပြောင်းမယ် ၊ နည်းစနစ်တွေ ပြောင်းမယ် ၊ တွဲဖက်ကစားရတဲ့ အသင်းဖော်တွေကိုလည်း မကြာခန ပြောင်းမယ်ဆိုရင် ခြေစွမ်း မတည်မငြိမ် ဖြစ်မှာ အသေအချာပါပဲ ။ ပြင်သစ်မှာတော့ ကျွန်တော်က ဒက်စ်ချမ့် နဲ့ အတူ အေးဆေးပါပဲ ”

” သူက ကျွန်တော် သိကျွမ်းတဲ့ role မှာ ကစားခွင့် ပေးပါတယ် ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်မှာရော ကျွန််တော် တကယ်ပဲ role တစ်ခု ပိုင်ဆိုင်ခွင့် ရရှိရဲ့လား ? ဒီ မေးခွန်းကို ကျွန်တော့်ကိုယ်ကျွန်တော် မေးဖြစ်ပါတယ် ။ အဖြေတော့ မရသေးပါဘူး ” လို့ ပေါ့ဂ်ဘာ က ပြောခဲ့လိုက််တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar