ငွေတွေ စွတ်သုံးတာက အဖြေမဟုတ်ဘူးလို့ ယူနိုက်တက်ကို ပြောဆို အကြံပေးလိုက်တဲ့ ဘာဘာတော့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််းဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က ပြသနာတွေ ဖြေရှင််းဖို့ အတွက် ငွေတွေ ဆက်တိုက် သုံးစွဲဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆ က အန္တရာယ်များတဲ့ အရာတစ်ခုသာဖြစ်ကြောင််း ပြောကြားသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ တိုက်စစ််မှူး ကာဗာနီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေပြီး ဥရုဂွေး လက်ရွေးစင်ဟာ အသင်းမှ ထွက်ခွာသွားဖို့ ရှိနေပါတယ် ။ ဒါ့အပြင် ယူနိုက်တက်မှာ မပျော်တဲ့ ရော်နယ်ဒို ရဲ့ အနာဂတ်ကလည်း မသေမချာ ဖြစ်နေပါသေးတယ် ။

ဒါ့ကြောင့် လာမဲ့ နွေမှာ မန်ချက်စတာ ယူနိုက်တက် အသင််း အနေနဲ့ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူသင့်ကြောင်း တိုက်တွန်းသူတွေ ပေါများနေခဲ့ပြီး အချို့က ဒီအတွက် ဒေါ့မွန်စတား အားလင်း ဟားလန်းကို ခေါ်ယူသင့်ကြောင်း အကြံပေးခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် ကတော့ လူ စွတ်ခေါ်တာက ပြသနာတွေ ပြေလည်စေဖို့ အကောင်းဆုံး အဖြေ တစ်ခု မဟုတ်ကြောင်း ၊ ယူနိုက်တက်မှာ တိုက်စစ်မှူးနေရာ ကစားပေးနိုင်သူ ရှိနှင့်ပြီးသား ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” နိုးပါ ၊ ယူနိုက်တက်မှာ တိုက်စစ်အတွက် လုံလောက်တဲ့ ရွေးချယ်ချင်စရာ အခွင့်အလမ်းတွေ ရှိနေတယ်လို့ ထင်မိပါတယ် ။ ရော်နယ်ဒို ၊ ကာဗာနီ ၊ သူတို့တွေ ဒဏ်ရာ ရရှိခဲ့ရင်တောင် ရပ်ရှ်ဖို့နဲ့ ဆန်ချိုတို့ ရှိကြပါသေးတယ် ။ အသင််းမှာ ပါရမီကောင်းသူတွေ အများကြီးပါ ”

” မမေ့ပါနဲ့ ၊ တခါတလေ အသင်းမှာ တိုက်စစ်မှူး မရှိရင်တောင်် ကစားလို့ရပါတယ် ။ မန်စီးတီးကို ကြည့်လိုက်ပါ ၊ သူတို့ ဂိုးတွေ သွင်းနေဆဲပါပဲ ။ ခင်ဗျား အနေနဲ့ ဂိုးတွေရရှိနိုင်ရေးအတွက် ဥာဏ်ကောင်းဖို့ ၊ ပွဲစဥ်ကို ဖတ်ရှုဖို့ ၊ ပြိုင်ဖက်အပေါ် ပါးနပ်ဖို့ပဲ လိုအပ််ပါတယ် ”

” လက်ရှိ အနေအထားအရ အသင်းရဲ့ ကစားပုံ ဘယ်လို ဖြစ်နေသလဲဆိုတာ အရေးမကြီးပါဘူး။ လက်ရှိအချိန်မှာ အနိုင် သုံးမှတ် ရယူနိုင်ဖို့ ၊ ထိပ်သီး လေးသင်း စာရင်းထဲ ဝင်ရောက်နိုင်ဖို့ပါ ”

” တကယ်တော့ ထိပ်သီးလေးသင်းလို့ ပြောရတာတောင် အတော်လေး ရှက်ဖို့တောင် ကောင်းလှပါတယ် ။ အကယ်လို့ ခင်ဗျားက ယူနိုက်တက်် ကစားသမား တစ်ဦး ဖြစ်တယ််ဆိုရင် တစ် နေရာကိုပဲ တွေးရမှာပါ ” လို့ ဘာဘာတော့ဗ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar