ဂိုးသမား တစ်ဦး မဟုတ်ခဲ့ရင် ဘယ်နေရာမှာ ကစားဖြစ်မလဲဆိုတာ ပြောပြလိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ် တစ် ဂိိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က သူသာ ဂိုးသမား တစ်ဦး မဖြစ်ခဲ့ရင် ဗဟို ကွင်းလယ် နေရာမှာ ကစားဖြစ်ခဲ့မှာ သေချာကြောင်း သူ့ရဲ့ ဆန္ဒတွေကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒေးဗစ် ဒီဂီယာဟာ 2011 ခုနှစ် တုန်းက အက်သလက်တီကို မက်ဒရစ် အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ကစားပေးခဲ့တဲ့ 10 နှစ်ကျော် ကာလ အတွင်း ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရယူထားနိုင်ခဲ့ပါတယ် ။

သူဟာ နှစ်စဥ်နှစ်တိုင်း လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တစ်နှစ််တာ အကောင်းဆုံး ကစားသမားဆုကိုတောင် စံချိန်တင် 4 ကြိမ် အထိ ဆွတ်ခူးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့်လည်း ပရိသတ်တွေက သူ့ကို ချစ်ခင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ 2 ခုမှာတော့ သူရဲ့ လက််စွမ်းတွေဟာ အနိမ့်အမြင့် အတက်အကျ ရှိခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ခံခဲ့ရသေးပြီး ဆိုးလ်ရှား ကလည်း အကယ်ဒမီိထွက် ဂိုးသမားလေး ဖြစ်တဲ့ ဒင်းန် ဟန်ဒါဆန် ကို အသင််းဆီ ပြန်လည် ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ ဒီဂီယာ ဟာ အထူး လက်စွမ််းကောင်းတွေကို ဆက်တိုက် ပြသသွားနိုင်ခဲ့ပါတယ် ။ အထူးသဖြင့် ဒီနှစ် ဘောလုံး ရာသီမှာ သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးပေါက်ကို လုံခြုံမှု အများကြီး ပေးဆောင်ထားနိုင်ခဲ့ပါသေးတယ် ။

ဒါ့ကြောင့်လည်း ဒီနှစ် မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို သူပဲ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရတာပဲ ဖြစ်ပါတယ် ။ အခုတော့ ပရိသတ်တွေနဲ့ ပြုလုပ်ခဲ့တဲ့ အမေးအဖြေ ကဏ္ဍွမှာ စပိန်သားက သိလိုတဲ့ အဖြေတွေ ပေးသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော် ငယ်စဥ်တုန်းက ကွင်းထဲမှာလည်း ကောင်းကောင််း ကစားနိုင်ခဲ့ဖူးပါတယ် ။ ကျွန်တော်ဟာ ဂိုးသမား နေရာမှာပဲ ကစားခဲ့သူ မဟုတ်ပါဘူး ။ ဒါ့ကြောင့်ပဲ ကျွန်တော််သာ ဂိုးသမား တစ်ဦး မဟုတ်ခဲ့ရင် ဘယ်နေရာမှာ ကစားဖြစ်မလဲ ? ကျွန်တော် သေချာ မပြောတတ်ပါဘူး ။ သေချာတာကတော့ ကွင်းလယ်မှာပဲ ကစားမှာပါ ”

” အထူးသဖြင့် နံပါတ် 6 ကစားသမား နေရာမှာပေါ့ဗျာ ။ ကျွန်တော်ဟာ ဘောလုံး ရယူပြီး ကောင်းမွန်တဲ့ ပေးပို့မှုတွေကို လုပ်ဆောင်ချင်ပါတယ် ။ ဟုတ်ပါတယ် ဗဟို ကွင််းလယ် ကစားသမား နေရာပါ ။ ကျွန်တော်ဟာ ဘောလုံးကိုင်ပြီး အသင်းရဲ့ ကစားပုံကို ပိုကောင်းစေချင်ပါတယ် ” လို့ ဒီဂီယာ က ဖြေကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar