ချဲဆီး ကို ဦးဆောင် လည်ပတ်ပေးလိုခြင်း မရှိတာကြောင့် Chelsea Trustees အဖွဲ့ကနေ နှုတ်ထွက်ဖို့ အဖွဲ့ဝင် တချို့ ပြင်ဆင်နေ

ဗြိတိန် လွှတ်တော်မှာ အမတ်တစ်ချို့က ချဲဆီး အသင်းပိုင်ရှင် အဗရာမိုဗစ်ချ်နဲ့ ပူတင် တို့အကြား ဆက်နွှယ်မှုတွေ ရှိတဲ့အကြောင်း သက်သေ အခိုင်အမာ နဲ့ ပြလို့ရတယ်လို့ တင်ပြလာပြီး နောက်ပိုင်း ၊ ချဲဆီး ရဲ့ ရပ်တည်မှု အပေါ် အကြီးအကျယ် ရိုတ်ခတ်လာခဲ့ ပါတယ်။

တစ်ချိန်တည်းမှာ ယူကရိန်း အရေးက ရေချိန် မြင့်တက်လာတဲ့ အတွက် မိုဗစ်ချ် အနေနဲ့ ချဲဆီးလို အသင်းမျိုးကို ပိုင်ဆိုင်ခွင့်မရှိသင့်ဘူးလို့ ပြောဆိုလာခဲ့သလို ၊ UK ဘက်ကလဲ ရုရှား အပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ဆောင်ဖို့ ဒီတစ်ပတ်ထဲမှာ ဆက်လုပ် လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။ အဲဒီ အထဲမှာ ရုရှား လူမျိုး သူဌေးတွေ ရဲ့ UK က လုပ်ငန်းတွေ ထိခိုက်လာမှာလဲ စိုးရိမ်နေကြပါတယ်။

အဗရာမိုဗစ်ချ် ဟာ အောင်မြင်တဲ့ စီးပွားရေး သမားပီပီ အဲဒီ အချက်ကို ကြိုပြီး မြင်လာတဲ့ အတွက် ချဲဆီး ကို “ကြီးကြပ် စောင့်ရှောက်မှု အတွက် Chelsea Trustees အဖွဲ့ကို လွဲပြောင်း ပေးအပ်ကြောင်း တရားဝင် ကြေငြာချက် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် အဲဒီ ထုတ်ပြန်ချက်ကြောင့်ပဲ အင်္ဂလန် မီဒီယာတွေ အကြားမှာ ပိုလို့တောင် အခြေအနေ ဆိုးဝါးသွားခဲ့ ပါတယ်။

ထုတ်ပြန်ချက် ဟာ ဘာအကြောင်းအရာမှ ပါဝင်ခြင်းမရှိပဲ ၊ သူ က ချဲဆီး ကိုပိုင်ဆိုင်နေဆဲ ဖြစ်နေတဲ့ အချက်ကို ထောက်ပြကြသလို ၊ ယူကရိန်း နဲ့ ပတ်သက်ပြီး မည်သည့် စကားလုံးမှ ပါဝင်ခြင်း မရှိဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

ကာရာဘောင် ဖလား ဗိုလ်လုပွဲ မကစားခင် အချိန်မှာတော့ ချဲဆီး ဟာ ယူကရိန်း ပြည်သူတွေ နဲ့ တစ်သားတည်း ရပ်တည်ကြောင်း နောက်ထပ် ကြေငြာချက် တစ်ရပ် ထပ်မံ ထုတ်ပြန်ခဲ့သလို ၊ မနေ့ကလဲ အဗရာမိုချ် ကိုယ်တိုင် ပူတင် နဲ့ ယူကရိန်း အကြား ငြိမ်းချမ်းရေး ရဖို့ အတွက် ကြားဝင်ပေးနေတယ်လို့ သူ့ရဲ့ အကြံပေး ဖြစ်သူက ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ်။

ဝေဖန်သူတွေ အားလုံး ကတော့ အဲဒီ ကိစ္စတွေ အားလုံး ဟာ သူ့ဆီကို မြှားဦးတည်လာနိုင်လို့ ဗျူဟာ ကျကျ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ မှတ်ချက်ပေးနေပြီး ၊ ဘာတွေ ဆက်ဖြစ်လာဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ ကောင်းနေတာ က အဗရာမိုချ် က သူ့ရဲ့ လုပ်ပိုင်ခွင့်တွေ ကို “Chelsea Trustees အဖွဲ့” ထံ လွှဲပြောင်းပေးသည့်တိုင်အောင် အဲဒီ အဖွဲ့က တရားဝင် လက်ခံခြင်း မရှိသေးပါဘူး။

Chelsea Trustees အဖွဲ့ ကို အဖွဲ့ဝင် 6 ယောက် နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ၊ အဲဒီ အထဲမှာ အသင်းရဲ့ ပရဟိတ ဖောင်ဒေးရှင်း အကြီးအကဲ Mr. Buck ၊ ဥပဒေကြောင်း ဆိုင်ရာ Muckle LLP အဖွဲ့ က John Devine ၊ အသင်း ရဲ့ ဘဏ္ဍာရေး ဒါရိုတ်တာ Paul Ramos ၊ အမျိုးသမီး အသင်း နည်းပြချုပ် Emma Hayes ၊ Anti-discrimination Group Fare က Piara Power ၊ ဗြိတိန် အိုလံပစ် အဖွဲ့ က ဥက္ကဌ Sr. Hugh Roberton တို့ ပါဝင်နေပါတယ်။

Chelsea Trustees အဖွဲ့ ဟာ ယခင် က ပရဟိတ လုပ်ငန်းတွေကိုသာ ဦးစားပေး လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး ၊ လက်ရှိ မှာလဲ UK က ပရဟိတ အသင်းတွေ အတွက် ပြဌာန်းထားတဲ့ ဥပဒေတွေ အရ ချဲဆီး ဘောလုံး တစ်ခုလုံးကို လည်ပတ်နိုင်ခွင့် အာဏာ ရှိမရှိ ကို ဥပဒေ ပညာရှင်တွေ နဲ့ တိုင်ပင်နေတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာ Chelsea Trustee အဖွဲ့ဝင်တွေ အကြား မနေ့က မျက်နှာချင်းဆိုင် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပြီး ၊ အခုလို လွှဲပြောင်းမှု အပေါ် လက်ခံသင့် မခံသင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးမှာ အမြင်မတူမှုတွေ ရှိခဲ့ပြီး ၊ တစ်ချို့ ကလဲ လက်ရှိ ယူကရိန်းမှာ ဖြစ်နေတဲ့ အရေးကြောင့် နောက်ထပ် ရိုတ်ခတ်မှုတွေ ရှိလာနိုင်သေးလို့ လက်မခံချင်ကြပါဘူး။

အဗရာမိုဗစ်ချ် ရဲ့ ဥပဒေ အကြံပေးတွေကတော့ Chelsea Trustees အဖွဲ့ဝင်တွေ အနေနဲ့ ဘယ်လိုမျိုး အသင်းကို ကိုင်တွယ် မောင်းနှင်လို့ ရတယ် ဆိုတဲ့ Structure မျိုး ကို ရေးဆွဲကာ ချပြဖို့ စီစဉ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ချဲဆီး ဟာ အခုလို လွှဲပြောင်းမှု ကို လက်ခံပေးဖို့ ဆန္ဒမရှိတဲ့ အဖွဲ့ဝင်တွေကို နှုတ်ထွက်ခွင့် ပေးထားပြီး ၊ အဲဒီလို နှုတ်ထွက်လိုက်တာ နဲ့ သူတို့ရဲ့ အခြား ရာထူးတွေ အပေါ် ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဥပမာ အမျိုးသမီး နည်းပြချုပ် ဖြစ်သူ Hayes အနေနဲ့ ဒီ အဖွဲ့ထဲကနေ နှုတ်ထွက်မယ် ဆိုရင်လဲ သူမ ရဲ့ နည်းပြချုပ် ရာထူးမှာ ဆက်လက်တည်ရှိခွင့်ပေးထားမှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိတော့ Turstees အဖွဲ့ကနေ နှုတ်ထွက်ဖို့ 2 ဦး အထိ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။

ရုရှားမှာ နေထိုင်တဲ့ ဂျူးနွယ်ဖွား ယူကရိန်း ရုပ်ရှင် ဒါရိုတ်တာ Alexander Rodnyansky ကတော့ အဗရာမိုဗစ်ချ် နဲ့ ပူတင် တို့အကြား ဆက်သွယ်မှု ရှိတယ်လို့ အခိုင်အမာ ဆိုထားပြီး ၊ ချဲဆီး ပိုင်ရှင်ဟာ ကြားထဲကနေ ဆွေးနွေး ညှိနှိုင်းရေးတွေ လုပ်နိုင်တယ်လို့ ဖွင့်ဟ ထားပါတယ်။

SM